March 31, 2013
Chin-Kachin ကချင်နှင့်ချင်း ညီအစ်ကိုတော်ကြောင်း၊
Rev. Mading Hkaw Saw
ချင်းကို ကချင်လို ခမ်း ဟုခေါ်ကြောင်း၊ ကချင်နှင့်ချင်း ညီအစ်ကိုတော်ကြောင်း၊ ချင်းသည် အစ်ကိုဖြစ်ကြောင်း. ညီကနောက်မှလိုက်ကြောင်း၊ ဌက်ပျော်ပင်ခုတ်ခြင်းပုံပမာရှိကြောင်း.. ပါးစပ်စကားဖြစ်သောကြောင့် ရယ်စရာလိုဖြစ်နေသော်လည်း အမှန်တကယ် ညီအစ်ကိုတော်ကြောင်းကို ပြောလိုပါတယ်။
ချင်းနဲ့ကချင် တူညီသောအကြောင်းမှာ အိမ်ဆောက်ချင်း၊ အခန်းဖွဲ့ပြီး ညီအစ်ကိုများနေခြင်းတွင် တူပါသည်။ ကချင် အိမ်ဆောက်ရာတွင် အခန်းတခန်းချန်ထားခြင်းမှာ အစ်ကိုကြီပြန်လာမည့်အတွက် ချန်ထားခြင်း ဓလေ့ရှိပါသည်။
ကချင် ဒူဝါကြီးအိမ်တွင် တိုင်ကြီးတိုင်ငယ်တွင် နွားခေါင်း၊ကျွဲဂျိုများ ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ ယခုချင်းပြည်ရောက်သောအခါလည်း ချင်းလူကြီးအိမ်တွင် နွား၊ကျွဲဂျိုများစွာ တွေ့ရသည်။ အမျိုးတော်ပါသည်။
ဓလေ့ထုံးစံ မိန်မယူ၊ ပွဲလုပ်၊ တောင်ယာလုပ်ပုံ ပစ္စည်းကရိယာများတူသည်။
လူမျိုးများတွင်လည်း ကချင်စကားကြီးများအတိုင်း ခပ်ဆင်ဆင်ဖြစ်နေသည်ကို တွေ့ရသည်။ စကားများစွာတူနေပါသည်။
ရုပ်ရည်လည်း တူပါသည်။ ဗမာများသည် ကချင်နှင့်ချင်းကို မခွဲနိုင်ပါ။ ကချင်၊ချင်းရုပ်သည် ဗမာ၊ရှမ်း၊ကရင်နှင့်မတူပါ။ ကျွန်တော့ရုပ်ကိုကြည့်ပါက ဟားခါးချင်းနှင့်တူသည်။
ကခုန်သောအခါလည်း ချင်းဆိုသော ကပုံ၊ ဆိုပုံမှာ တူနေကြသည်။
နတ်ကိုးကွယ်သည့်နည်းတွင်လည်း အများကြီးတူသည်ကို တွေ့ရသည်။ ဆက်လက်လေ့လာဖို့လိုပါသည်။ ထို့ကြောင့် ချင်းနှင့်ကချင်တူညီကြောင်းကို ပြောလိုခြင်းဖြစ်ပါသည်။ ထိုအကြောင်းကို အကြိမ်ကြိမ် ပြောခဲ့ပါသည်။ ချင်းကချင် တွေ့ဆုံပွဲကို နှစ်ချင်းခရစ်ယန်တွေ့ဆုံပွဲများတွင် လုပ်ဆောင်ခဲ့ပါသည်။ အေးအတူပူအမျှ လက်တွဲခဲ့မည်ဟု ဘုရားသခင်ရှေ့တွင် သဘောတူခဲ့ပါသည်။ နွားနောက်ကြီးတစ်ကောင်ကိုလည်း သတ်ပြီး ဒုတိယအကြိမ်ချင်းတောင်တွင် အတူစားသောက်ခဲ့ပါသည်။ တတိယအကြိမ်တွင်လည်း ကချင်၊ချင်းလူကြီးများစွာ ကချင်ပြည်တွင်တွေ့ဆုံခဲ့သည်။ စတ္တုထအကြိမ်တွင် ၁၉၇၆တွင် ချင်းလူငယ်များ ကချင်ပြည်တွင် လုပ်ဆောင်ခဲ့ပါသည်။
ထိုသတင်းကိုကြားသော အားလုံးသူများ အချင်းချင်းကူညီရိုင်းပင်းရန် ပြောရင်း နိဂုံးချုပ်ပါသည်။
No comments:
Post a Comment