May 10, 2013
လျှပ်စစ်နှင့်မြန်မာပြည် (နေရောင်ခြည်လျှပ်စစ်စက်ရုံဆောက်မယ်၊ ကမ္ဘာမှာတတိယအကြီးဆုံးတဲ့)
မြစ်ကြီးနားမြို့လျှပ်စစ်ပစ္စည်းဆိုင်တစ်ခု ဆိုလာပြားများရောင်းချသည်။ 2013
လျှပ်စစ်နဲ့ပတ်သက်ပြီး မှတ်တမ်းများ
- ၀င်ငွေရှိရင် လျှပ်စစ်ပစ္စည်းများစွာ သုံးနိုင်ပါမယ်။ အမေရိကားမှ တအိမ်လုံးနွေးနေအောင် ချမ်းအေးတဲ့လမှာ Heater ဖွင့်ထားတော့ တစ်လကို ဒေါ်လာတစ်ထောင်ကျော် ကုန်ကျတာမျိုး.. ဖြစ်လေ့ရှိပါတယ်။ အမေရိကားဝင်ငွေနဲ့မထောင်းသာပေမဲ့ ဆက်တိုက်ကုန်ကျလာရင် မသက်သာပါဘူး။
- စင်ကာပူမှာတော့ လေအေးစက်၊ အ၀တ်လျှော်စက်နဲ့ ၃ခန်းတစ်အိမ်ကို လူ၆ယောက်လောက်နေရင် လျှပ်စစ်ဖိုး တစ်လဒေါ်လ၅၀၀လောက်အထိ ကုန်ကျပါတယ်။ တစ်ယောက်ကို တစ်လဒေါ်လာ၁၀၀လောက်ဆိုတော့ မထောင်းသာပေမဲ့ ရေရှည်မှာမလွယ်ပါ။ စင်ကာပူလျှပ်စစ်ဈေးနှုန်းက အမေရိကားထက် ၂ဆမက ဈေးကြီးလှပါတယ်။
- မလေးရှား၊ထိုင်းမှာတော့ လျှပ်စစ်စရိတ်က သက်သာတဲ့အတွက် စင်ကာပူတ၀က်နှုံးလောက်ပဲကျပါတယ်။
မြန်မာပြည်
လောလောဆယ်တော့ ညအချိန် မီးရဖို့ မနည်းလုပ်နေရတဲ့အချိန်ပါ။ ဆင်းရဲတဲ့နိုင်ငံဖြစ်တော့ လျှပ်စစ်ဓါတ်အား မီးထွန်းဖို့တောင်မလောက်ပါ။
လျှပ်စစ်ထုတ်သူကလည်း အစိုးရပဲရှိတယ်။ ရောင်းဈေးက ထိုင်းနိုင်ငံဈေးလောက် ရှိပေမဲ့၊ အစိုးရဌာန၊ ဦးပိုင်၊ စစ်တပ်၊ ခရိုနီနဲ့ ဌာနဆိုင်ရာနီးစပ်တဲ့လုပ်ငန်းရှင်တွေကိုပဲ လျှပ်စစ်မီးပေးတော့ လုပ်ငန်းရှင်လေးများ SME Small & Median များဟာ ၁၀ဆလောက် ဈေးကြီးတဲ့ ဒီဇယ်လျှပ်စစ်မီးစက်ကို သုံးရတယ်။ မီးစက်အရံဆောင်ထားရတယ်။ ဒီတော့ တိုင်းပြည်နစ်နာပါတယ်။ အကြီးစားသူဌေး၊ခရိုနီ၊ ဦးပိုင်စက်ရုံတွေပဲ အစိုးရလျှပ်စစ်ထုတ်လုပ်မှု ဒေါ်လာဘီလျှံနဲ့ချီပြီး အကျိုးခံစား၊ ချမ်းသာရင်းချမ်းသာနေကြတာပါ။ တကယ်လုပ်တဲ့ SME စက်ရုံများကိုသာ ထိုင်း၊ဗီယက်နမ် လျှပ်စစ်ရောင်းဈေးနဲ့ ရောင်းပေးနိုင်ဖို့တော့ ခက်ခဲနေဦးမှာပါ။ စနစ်ထက်စာရင်၊ Attitude လူပြုပြင်ပြောင်းလဲရေးလုပ်နေတာကို ပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရ ပုဂ္ဂလိက လျှပ်စစ်ထုတ်လုပ်ဖို့ အားပေးတော့ ထိုင်းလျှပ်စစ်ကုမ္ပဏီက ဒေါ်လာသန်း၂၇၅ ရင်းနှီးပြီး၊ 200MW နေရောင်ချည်ဓါတ်အားပေးစက်ရုံ နေပြည်တော်တစ်ဝိုက်မှာ တည်မယ်လို့ ဆိုပါတယ်။ နှစ်၃၀ မြန်မာအစိုးရကို လျှပ်စစ်ရောင်းမယ် ဆိုပါတယ်။
http://www.mizzimaburmese.com/news/business/11554-2013-05-09-10-04-...
နေရောင်ခြည်လျှပ်စစ်အားဟာ စီးပွားမကိုက်သေးပေမဲ့ တိုးတက်နိုင်ငံများမှာ Green ပတ်ဝန်းကျင်မညစ်ညမ်းလို့ ငွေကုန်ခံထုတ်လုပ်နေကြပါတယ်။ မြန်မာပြည်ကတော့ ဈေးကြီးပေမဲ့ ရင်းနှီးသူရှိတော့ နေရောင်ခြည်ဓါတ်အားစက်ရုံ တည်ခွင့်ပေးလိုက်ပါတယ်။ အခု သမ္မတဦးသိန်းစိန်အစိုးရ သေချာစွာစီစစ်ပြီး လက်ပံတောင်းတောင်စီမံကိန်း၊ မြစ်ဆုံစီမံကိန်း၊ တာပိန်လျှပ်စစ်စီမံကိန်းတွေလို တဖက်သက် လက်သိပ်ထိုးစာချုပ်မဟုတ်တော့ဘူး လို့ မျှော်လင့်ပါတယ်။
နေရောင်ခြည်လျှပ်စစ်ထုတ်ရာမှာ ၂မျိုးရှိပါတယ်။
၁။ PV ဆိုလာဆဲများသုံးပြီး တိုက်ရိုက်လျှပ်စစ်ထုတ်ခြင်း
၂။ Thermal အပူဓါတ်ကိုယူပြီး ၈၀၀ဒီဂရီအပူရအောင်လုပ်-တာဘိုင်လည်ပြီးလျှပ်စစ်ထုတ်ခြင်း
ဒီနှစ်နည်းနဲ့ ကမ္ဘာ့လျှပ်စစ်ရဲ့ 0.38% (78,000 MWh) ထုတ်လုပ်နေပြီး အနောက်နိုင်ငံတွေပဲ ထုတ်လုပ်ကြပါတယ်။ အခုတော့ တရုပ်ပြည်က 2013 မှာ 10,000 MW ထုတ်ဖို့လုပ်နေပါတယ်။ ဟ..အလကားရတဲ့နေရောင်ခြည်ကလျှပ်စစ်ထုတ်တာ ဘာကြောင့်ဈေးကြီးရသလဲ မေးရင်.. Pay for technology လို့ပဲပြောရပါမယ်။ နေရောင်ခြည်ဓါတ်အားပေးစက်ရုံများ သုံးတဲ့ပစ္စည်းများဟာ ဘယ်မှာမှဝယ်မရသေးတော့ တစ်ခုခုဖြစ်ရင် ပြင်ဆင်ဖို့ အလွန်ဈေးကြီးလှပါတယ်။ ထိုင်းနိုင်ငံက သူတို့ပိုက်ဆံနဲ့ ၁၀၀% လာရောက်ရင်းနှီးတယ်ဆိုရင်တော့ ပြောစရာမရှိပါဘူး။ ကောင်းပါတယ်။
http://en.wikipedia.org/wiki/Solar_power_plant
အနည်းငယ်တော့ရေးချင်ပါတယ်။
ဆင်းရဲတဲ့ အာဖရိကတိုက် နေရောင်ခြည်စွမ်းအင် မြန်မာပြည်ထက် ၂ဆမကသာပြီး၊ ၂ဆမက အသားမဲတဲ့ ဂါနာနိုင်ငံမှာ ပထမဆုံး 2MW နေရောင်ခြည်ဓါတ်အားစက်ရုံကို ဒေါ်လာ၈သန်း ရင်းနှီးမြှတ်နှံပြီး စတင်လည်ပတ်နေပါပြီ။ ဂါနာနိုင်ငံဟာ အာဖရိကမှာပညာတတ်များပြီး တိုးတက်တဲ့အဆင့်မှာရှိပါတယ်။ လူဦးရေ၂၅သန်းရှိပြီး၊ မြန်မာပြည်ထက် ၃ဆမက တစ်ဦးချင်းဝင်ငွေမြင့်ပါတယ်။ အရှေ့တောင်အာရှက ထိုင်းနိုင်ငံသူ သူနိုင်ငံတွင်းမှာမလုပ်ပဲ မြန်မာပြည်မှာလာပြီး ရင်းနှီးမြှတ်နှံတယ်ဆိုတော့ အင်း..ဒေါ်လာ၂၇၅သန်းပဲလေ..သူတို့ငွေနဲ့လာလုပ်တာပဲ..လို့ ခွင့်ပြုလိုက်တာလားမသိ။ ကမ္ဘာ့လျှပ်စစ်ပေါက်ဈေးက တစ်ယူနစ်ကို 0.04 to 0.40 usd လောက်ရှိပါတယ်။ ဘယ်လောက်ဈေးနဲ့မြန်မာပြည်အစိုးရက ၀ယ်မှာလဲ။ အခုတော့ ကိုက်တယ်။ နောက်ဆယ်နှစ်ကြာတဲ့အခါ .. ဟာ ..ဒီနေရောင်ခြည်သုံးဓါတ်အားစက်ရုံကလျှပ်စစ်ဈေးကြီးလို့ ကန်ထရိုက်ဖျက်မယ်ဆိုရင် လျှော်ပေးလိုက်ရမဲ့ ဒေါ်လာ၂၇၅သန်းဟာ ပြည်သူလူထုရဲ့ငွေတွေပါ။ အခုတောင် မြစ်ဆုံစီမံကိန်းဖျက်လိုက်လို့ လျှော်လိုက်ရတဲ့ ပြည်သူလူထုငွေ သန်းပေါင်းရာချီပါတယ်။ ကိစ္စမရှိပါဘူး။ တရုပ်-မြန်မာ တဖက်သတ်စာချုပ်ပေါင်း ထောင်နဲ့ချီပြီးရှိပါတယ်။ တရုပ်နဲ့ပူးပေါင်းတာတွေ လျှော့ပြီး ထိုင်းနိုင်ငံစီးပွားစာချုပ်ကတော့ ပေးထိုက်ပါတယ်။ မြန်မာ၅သန်းနီးပါးကို ထိုင်းနိုင်ငံက အလုပ်ပေးထားတဲ့ ကျေးဇူးက တရုပ်ပြည်ထက် အများကြီးသာပါတယ်။
လျှပ်စစ်အခွန်မှန်ကန်စွာကောက်နည်း
လူနေအိမ်များလျှပ်စစ်မီးရဖို့ အရေးကြီးလို့၊ လက်ရှိမြန်မာပြည်တွက် လျှပ်စစ်ဈေးနှုန်းကို အောက်ပါအတိုင်းပြင်ဆင်ရင် ခရိုနီနဲ့အသေးစက်မှုလုပ်ငန်းရှင်များ လျှပ်စစ်အသုံးပြုပုံမှာ တန်းတူဖြစ်သွားပါလိမ့်မယ်။ အရင်ခေတ်က လျှပ်စစ်များများသုံးသူကို ဈေးလျှော့ပေးတဲ့ အိမ်နဲ့စက်ရုံခွဲခြားတဲ့ ပါဝါမီတာအခစနစ်ကို ဖျက်သိမ်းရပါမယ်။
၁။ တစ်လ ယူနစ်၁၀၀ အောက်သုံးရင် တစ်ယူနစ် ၇၅ကျပ် (လက်ရှိဈေးနှုန်း ၂၅ကျပ် 0.03 usd)
၂။ တစ်လ ယူနစ်၁၀၀အထက်သုံးရင် တစ်ယူနစ် ၁၂၅နှုန်း (လက်ရှိပုဂ္ဂလိကဈေးနှုန်း ၁၂၅ကျပ် 0.15 usd)
၃။ တစ်လ ယူနစ် တစ်သောင်းအထက်သုံးလျှင် တစ်ယူနစ် ၁၅၀ကျပ် (0.18 usd)
ဒီဇယ်ဆီသုံးပါက တစ်ယူနစ် ၃၀၀ကျပ်မက ကုန်ကျနိုင်ပါသည်။
ကမ္ဘာလျှပ်စစ်ထုတ်လုပ်သည့် ကုမ္ပဏီများ ထုတ်လုပ်ရောင်းသည့် ကမ္ဘာ့ပေါက်ဈေးနှုန်းဖြစ်ပါတယ်။
US Cents per KWH တစ်ယူနစ် အမေရိကန်ဆင့်ဈေးနှုန်း ၁၀၀ဆင့်=တစ်ဒေါ်လာ
ဗီယက်နမ် 6.2 - 10
မလေးရှား 6.1 - 14
ထိုင်း 4.5 - 10
စင်ကာပူ 21
ဖိလစ်ပိုင် 30.4
အမေရိကန် 8 - 17
မြန်မာ 4 - 80
ထိုအချက်လက်အရ တစ်ယူနစ်ဈေးနှုန်းသည် 4.5 - 30 cent (မြန်မာငွေ ၃၅ကျပ်မှ ၂၄၀ကျပ်) အထိ အမျိုးမျိုးရှိပါတယ်။ မြန်မာပြည်တွင်အစိုးရ ဈေးနှုန်းအလွန်နည်း၏။
http://en.wikipedia.org/wiki/Electricity_pricing
ကချင်ပြည်နယ်မှာတော့
လူတွေ ၀င်ငွေကောင်းလို့ တစ်သိန်းခွဲအကုန်ခံ ဆိုလာပင်နယ်တစ်ခု ၀ယ်ပြီး ဘက်ထရီအားနဲ့၊ကွန်ဗတ်တာသုံး လျှပ်စစ်မီးထွန်းရပါတယ်။ တစ်နှစ်ခံရင်တော့ တစ်လတစ်သောင်းအကုန်ခံပြီး လျှပ်စစ်မီးရတယ်ဆိုရပါတယ်။ ၂နှစ်ကြာပြီး စက်ပျက်သွားရင်တော့ သွားပြီပေါ့။ တရုပ်စက်တွေက ပြင်တာထက် အသစ်ပြန်လဲရမှာဆိုတော့ ၂နှစ်ကြာပြီး တလကျပ်တစ်သောင်းပေးပြီး လျှပ်စစ် နောက်ဆုံးပေါ် ဆိုလာပြားကို သုံးဖူးတယ် အဖတ်တင်၊ ကြွားဝါနိုင်တာပေါ့။ တစ်ချိုဆို ကျပ်၂သောင်းတန် LED + Solar မီးအိမ်လေးတွေ အရောင်းသွက်နေတယ်။ တစ်နှစ်ခံလေးတွေ ဆိုပေမဲ့ ကျပ်၂သောင်းတတ်နိုင်တော့ မဆိုးပါဘူး။ တခြားပြည်နယ်နဲ့တိုင်းများမှာတော့ ဒီလောက်ငွေ မတတ်နိုင်ပါဘူး။ လသာသာ ညမှောင်မှောင်မှာမနေချင်ရင် ဘက်တရီမီးပဲ သုံးရမှာပါ။ ဇော်အောင်
No comments:
Post a Comment