July 10, 2013
freedom from fear အခြေခံ Attitude နှင့် အမျိုးသားစိတ် မြင့်မြတ်ဖို့ (စာအုပ်အညွှန်း)
စာရေးသူ၏ အမှာ
စာရေးခြင်း၊ မိန့် ခွန်းပြောခြင်း၊ စကားပြောခြင်း စသော လုပ်ရပ်များ၏ အဓိကရည်ရွယ်ချက်တခုကား လူအချင်းချင်း နားလည်မတိုးပွားစေရန် ဖြစ်သည်ဟု ကျမ ယူဆပါသည်။ မြန်မာ့လူမရေး၊ နိုင်ငံရေးနှင့် ဒီမိုကရေစီအရေးတို့ ကို ကမ္ဘာက ပိုမို၍ သိရှိနားလည်စေရန် ရည်ရွယ်၍ ဤစာအုပ်ပါ ဆောင်းပါးများကို ရေးသားခဲ့ခြင်း ဖြစ်ပါသည်။
နိုင်ငံတနိုင်ငံကို အမှန်တကယ်အကျိုြးုပနိုင်မည့် စီးပွားရေး၊ နိုင်ငံရေး၊ လုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်နိုင်ရန် ပြည်သူပြည်သားအပေါင်းတွင် ပွင့်လင်းပြတ်သားစွာ သုံးသပ် ဝေဖန်ပိုင်ခွင့်နှင့် အသိအမြင်၊ အတွေးအခေါ်များကို လွတ်လပ်စွာ ဆွေးနွေးဖလှယ်ပိုင်ခွင့်များ ရှိရမည်ဟုလည်း ကျမ ယုံကြည်ပါသည်။
၁၉၈၈-၈၉ ခုနှစ်များအတွင်း ကျမပြောကြားခဲ့သော မိန့် ခွန်းများနှင့် သတင်းစာရှင်းလင်းပွဲများ၏ ဦးတည်ချက်သည် ဒီမိုကရေစီသဘောတရားများနှင့် ဒီမိုကရေစီစနစ်ကို တည်ထောင်လိုသူတို့ ၏ အတွေးအခေါ်၊ အမြင်တို့ ကို အများပြည်သူ ဝေဖန်သုံးသပ်နိုင်ငံရေးပင် ဖြစ်ပါသည်။
ဆောင်းပါးများ၊ မိန့် ခွန်းများ၊ သတင်းစာရှင်းလင်းပွဲများကို စုပေါင်း၍ စာအုပ်ထုတ်ဝေလိုက်ခြင်းဖြင့် မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီရေးများကို နားလည်သုံးသပ်လိုသူများအတွက် အထောက်အကူဖြစ်နိုင်မည်ဟု မျှော်လင့်ပါသည်။
ဤစာအုပ်ကို ထုတ်ဝေနိုင်ရန် အားပေးကူညီခဲ့သူတို့ အား ကျေးဇူးတင်လျက်ရှိပါသည်။ များပြားလှသော အလုပ်တာဝန်များကြားမှ စေတနာပြည့်ဝစွာဖြင့် အဓိကဘာသာပြန်သူအဖြစ်၎င်း၊ စာတည်းဖြတ်သူအဖြစ်၎င်း ဆောင်ရွက်ခဲ့သည့် ဒေါက်တာအောင်ခင်(လန်ဒန်) ကို အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။
အောင်ဆန်းစုကြည်
စာတည်း (ဒေါက်တာအောင်ခင်-သမိုင်းပညာရှင်)၏ အမှာ
(၁)
လွန်ခဲ့သော ရှစ်နှစ်ခန့်  ၁၉၈၅ ခုနှစ်က ဖြစ်သည်။ နှင်းထူထပ်စွာကျနေသည့် ထိုနှစ် ဆောင်းရာသီတနေ့ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် ကျနော် တွေ့ ဆုံခဲ့ရသည်။ ထိုစဉ်က အင်္ဂလန်တွင် ရန်ကုန်တက္ကသိုလ်မှ လုပ်ဖော်ကိုင်ဖက်ဟောင်း သမိုင်းဆရာ-ဆရာမများ ရောက်ရှိနေခိုက်ဖြစ်သဖြင့် အောက်စဖို့ ဒ်တက္ကသိုလ်တွင် တနေ့ စုဝေးကြသည်။
ထိုနေ့ ၌ပင် ဒေါ်အောင်ဆန်းစုကြည်တို့  ဇနီးမောင်နှံက သူတို့ အိမ်တွင် လ္ဘက်ရည်ပွဲ ပြင်ဆင်ထားသဖြင့် ကျနော်တို့  သမိုင်းအုပ်စု သွားကြသည်။ ကျနော်နှင့် ကျနော့်ဇနီးအပါအဝင် အားလုံး ဧည့်သည် ရှစ်ယောက် ရှိ၏။ ဒေါ်စုကိုယ်တိုင် လုပ်ထားသော ကိတ်မုန့် များ စားသောက်၍ တပျော်တပါး ရှိလှသည်။ ကျနော်သည် ဒေါ်စု၏ခင်ပွန်း ဒေါက်တာမိုက်ကယ်အဲရစ်နှင့်သာ စကားပြောရသည်ကများပြီး ဒေါ်စုမှာမူ အမျိုးသမီးဝိုင်းတွင် လက်မလည်နိုင်အောင် ဧည့်ခံရင်း စကားလက်ဆုံ ကျနေသည်က များ၏။ ဒေါ်စုတို့ အိမ်မှာ အတော်လေးကျယ်ဝန်းသည်ဟု ဆိုနိုင်သော်လည်း ကုလားထိုင်များ၊ စားပွဲများနှင့် စာအုပ်စင်များကလွဲ၍ ကျနော် ဘာမျှ မတွေ့ မိ။ လင်မယားနှစ်ယောက်စလုံး ရိုးရိုးကုပ်ကုပ်နှင့် စာပေလိုက်စားသူများ ဖြစ်သည်ဟူ၍သာ ကျနော့်စိတ်ထဲ၌ မှတ်ချက်ချမိသည်။
(၂)
ထိုနေ့  တွေ့ ဆုံပြီးနောက်ပိုင်း ကျနော်နှင့် ဒေါ်စုတို့ ဇနီးမောင်နှံ လုံးဝ အဆက်အသွယ် မရှိသလောက် ဖြစ်သွားသည်။ ၁၉၈၈ ခုနှစ်ရောက်မှ မြန်မာပြည် ဒီမိုကရေစီအရေးတော်ပုံတွင် ဒေါ်စု ဇောက်ချ၍ လုပ်ကိုင်နေသည်များကို သတင်းစာများတွင် ဖတ်ရသည်။ လူóကံများနှင့် ပါလာသော ဗွီဒီယိုအခွေများတွင်လည်း ဒေါ်စုကို တွေ့ ရသည်။
ကျနော်သည် မဆလခေတ်ကို စက်ဆုပ်ရွံရှာပြီး မဆလဒဏ်ကိုလည်း မခံနိုင်သည့်အဆုံး နိုင်ငံခြားထွက်လာခဲ့သူဖြစ်သည်။ ဒေါ်စုမှာမူ လွတ်လပ်နေရာမှ အမိနိုင်ငံသို့ ပြန်ရင်း မိမိ၏ ယုံကြည်ချက်အတိုင်း ဒီမိုကရေစီထွန်းကားရေးအတွက် တိက်ုပွဲဝင် ရုန်းကန်နေသူဖြစ်သည်။ ဒေါ်စုကို ရိုးသားဖြောင့်မတ် သိမ်မွေ့ သော အိမ်ရှင်မတဦးအဖြစ်သာ သိရှိထားခဲ့သဖြင့် ရေရှည်တိုက်ပွဲတွင် ခံနိုင်ရည်ရှိပါ့မလားဟု အစတွင် ကျနော် သံသယဖြစ်မိသည်။ သို့ သော် ဒေါ်စု ဦးဆောင်သည့် ဒီမိုကရေစီတိုက်ပွဲ အချိန်ကြာလာသည်နှင့်အမျှ ထိုသံသယစိတ်တို့  လွင့်စင်ကွယ်ပျောက်ကုန်တော့သည်။
(၃)
ဒေါ်စု အင်္ဂလိပ်ဘာသာဖြင့်ရေးသား၍ ခင်ပွန်းသည် ဒေါက်တာမိုက်ကယ်အဲရစ် တည်းဖြတ်ထုတ်ဝေသော "Freedom From Fear" စာအုပ်ကို ၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် ဖတ်လိုက်ရသည်။ ထိုစာအုပ်ကို မြန်မာဘာသာ ပြန်ဆိုထုတ်ဝေသင့်သည်ဟု ကျနော် တွေးမိသည်။ ထိုစာအုပ်ကို တကယ်တမ်း မြန်မာပြန်ရာတွင် ကျနော် အဓိကအခန်းမှ ပါဝင်လာရမည်ဟု ထိုစဉ်က မထင်မှတ်ခဲ့ပါ။ ကျနော် နောက်ဆုံး မြန်မာပြန်ဆို ရေးသားထုတ်ဝေခဲ့သည့် အတွေ့ အကြုံမှာ ၁၉၇၁ ခုနှစ်က ဖြစ်သည်။ နှစ်ပေါင်း ၂ဝ ကျော်ခန့် မြန်မာပြန်ထုတ်ဝေသည့် အလေ့အထ ပြတ်လပ်နေခဲ့သဖြင့် အစတွင် ဒေါ်စုစာအုပ်ကို မြန်မာပြန်ရန် မဝံ့မရဲ ဖြစ်မိသော်လည်း မြန်မာတိုင်းရင်းသားတိုင်း ဖတ်သင့်သည့်စာအုပ်ဟု ယုံကြည်သည့်အတွက် အတတ်နိုင်ဆုံး အားထုတ်ပြန်ဆိုခဲ့ရသည်။ အထူးသဖြင့် မြန်မာစာဖတ်ပရိသတ်အတွက် ရည်စူးထားသည့်အလျောက် အင်္ဂလိပ်စာအုပ်နှင့်မတူဘဲ တမူထူးခြားနေမှာ အမှန်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာ့လွတ်လပ်ရေးဖခင်ဟု လူတိုင်းလိုလို ငယ်စဉ်ကတည်းက သိရှိထားခဲ့ကြသော်လည်း ဗိုလ်ချုပ်၏ အတွေးအခေါ်အယူအဆများကို လေးလေးနက်နက် နားလည်သဘောပေါက်မိသူ အလွန်နည်းပါးလိမ့်မည်ထင်သည်။ ထိုလူနည်းစုထဲတွင် ဒေါ်စု အထင်ရှားဆုံးဖြစ်မည်မှာ ပြောရန်မလိုဟု ယုံကြည်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအခေါ်အယူအဆများပေါ်တွင် အခြေခံ၍ မိမိကိုယ်ပိုင် ယုံကြည်ချက်များကို တည်ဆောက်ထားသော ဒေါ်စု၏ အတွေးအခေါ်ကို မြန်မာတိုင်းရင်းသားတိုင်း သိရှိနားလည် သဘောပေါက်ရန် လိုအပ်သည်။
မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ပြည်သူလူထု ယုံကြည်အားထားလောက်သည့် နိုင်ငံရေးခေါင်းဆောင်မျိုး ပေါ်ပေါက်ရန် အခွင့်အလမ်း မရှိခဲ့ပါ။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ ပေါ်ပေါက်လာသည့်အခါတွင်မှ ကိုယ်ကျိုးစွန့် ၍ တိုင်းပြည်အတွက် အနစ်နာခံလုပ်ကြမည့် ငယ်ရွယ်သောခေါင်းဆောင်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုအထဲတွင် ဒေါ်စုသည် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးအမွေကို ဆက်ခံမည့်သူအဖြစ်၎င်း၊ ငြိမ်းချမ်းသောနည်းဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရယူနိုင်မည့်သူအဖြစ်၎င်း၊ တပ်မတော်သားတို့ က ရိုသေလေးစားရသူအဖြစ်၎င်း၊ အများပြည်သူ၏ ယုံကြည်ကိုးစားမှု ရယူထားသူအဖြစ်၎င်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်နိုင်မည့်သူအဖြစ်၎င်း ပေါ်ထွက်လာပါသည်။
(၄)
ကွယ်လွန်သူ သမိုင်းပညာရှင် ဗိုလ်မှူးဘရှင် ရေးသား၍ ၁၉၅ဝ ခုနှစ်က ပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် “မြန်မာနိုင်ငံတော်သမိုင်း” စာအုပ်တွင် မြန်မာ့ ရှေးဟောင်း သမိုင်းပညာရှင်ကြီး ပါမောက္ခ ဂျီ၊ အိပ်ခ်ျ၊ လုစ် က “ဗမာမဟုတ်သော နိုင်ငံသားများအပေါ် ကွယ်လွန်သူ အောင်ဆန်း ထားရှိသော သဘောထားများကို ကျနော် များစွာလေးစားမိပါ၏။ မြန်မာနိုင်ငံ စည်းလုံးရေးကို ဓားဖြင့်မဟုတ်ဘဲ နိုင်ငံ့ခေါင်းဆောင်ပီသစွာ လေးလေးနက်နက် အဓိပ္ပာယ်ရှိရှိ ကြိုးပမ်းရာတွင် ‘ကျန်စစ်သား’ လွန်သည်မှစ၍ အောင်ဆန်းသည် ပထမဆုံးသော ဗမာဖြစ်သည်ဟု ကျနော် ယူဆပါသည်”ဟု ၄င်း၏ အမှာစာတွင် မှတ်တမ်းတင်ထားသည်။
ဒေါ်စုသည် ဖခင်လုပ်သူ၏ ခြေရာအတိုင်း လိုက်နိုင်မည်ဟု ကျနော် ယုံကြည်၏။ သို‹သော် မြန်မာနိုင်ငံ၌ ဒီမိုကရေစီထွန်းကားရန် ဒေါ်စုတဦးတည်း အနစ်နာခံóကိးပမ်း၍ ရမည်မဟုတ်၊ လူတိုင်းက မိမိတို့ ၏ ကိုယ်ကျိုးသက်သက်ကိုသာ ကြည့်မနေဘဲ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီအရေးတို့ အတွက် တတ်နိုင်သ၍ တာဝန်သိသိ ကူညီမှသာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီထွန်းကား၍ စစ်မှန်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရရှိနိုင်မည်ဖြစ်သည်။
စာအုပ်ပါ အသုံးအနှုန်းများကို နေ့ စဉ်သုံး မြန်မာစကားနှင့် အနီးစပ်ဆုံးဖြစ်စေရန် ရည်ရွယ်ထားသဖြင့် ဥပမာ “ကျွန်မ-ကျွန်တော်” ဟူသော စာလုံးပေါင်းကို မသုံးဘဲ “ကျမ-ကျနော်” ဖြင့် အစားထိုး သုံးစွဲထားသည်။ မူရင်း မြန်မာစကားတွင် မိမိကိုယ်မိမိ “ငါ”ဟူ၍ ရည်ညွှန်းသော်လည်း အာဏာရှင်ဘုရင်များခေတ်တွင် “ကျွန်” ဟူသော ဝေါဟာရ ခေတ်စားလာခဲ့၍ “ငါ” ဟူသော မူလအသုံးအနှုန်းမှာ ဘုရားစာများတွင်သာ ကျန်နေတော့မည် ဖြစ်သည်။ စာအုပ်ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီကြသည့် လန်ဒန်òမိ့ မှ အရှင်ဥတ္တရ၊ ဦးစိန်ကျော်လှိုင်နှင့် အခြား မြန်မာပြန်ဆိုကူညီသူများအား အထူးလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။ မြန်မာပြန်ဆိုရာ၌ တစုံတရာ ချွတ်ယွင်းမှုရှိမည်ဆိုလျှင် ကျနော့်တွင်သာ တာဝန်ရှိပါသည်။
ဒေါက်တာအောင်ခင်
လန်ဒန် ၇-၉-၉၃
ဗားစလဗ် ဟာဗဲလ်၏ စကားဦး
ဗားစလဗ်ဟာဗဲလ် (Vaclav Havel) သည် အထူးရိုသေလေးစားခြင်းခံရသော ပြဇာတ်နှင့် စာရေးဆရာဖြစ်ပြီး ယခုအခါတွင် ချက် (Czech) နိုင်ငံ၏ သမတဖြစ်သည်။ ချာတာ-၇၇ ဟု ထင်ရှားသော လူ့ အခွင့်အရေးလှုပ်ရှားမှုကို ၁၉၇၇ ခုနှစ်၌ စတင်တည်ထောင်ရာတွင်လည်း ပါဝင်ခဲ့သည်။ ဤလှုပ်ရှားမှုကြောင့် ချက်ကိုစလိုဗားကီးယား (Czechoslovakia) တွင် ဒီမိုကရေစီကို ကျင့်သုံးလာနိုင်ခြင်း ဖြစ်၏။ တပါတီအာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာ ထောင်ချခံရခြင်း၊ နေအိမ်တွင် အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံရခြင်း စသည့် အတွေ့  အကြုံများ ရှိခဲ့သူဖြစ်သဖြင့် ဗားစလဗ် ဟာဗဲလ်သည် အောင်ဆန်းစုကြည်အပေါ်တွင် အထူး စာနာထောက်ထား၊ ရိုသေလေးစားသူ ဖြစ်သည်။ သူမကို ၁၉၉၁ ခုနှစ်၌ နိုဘဲလ်ငြိမ်းချမ်းရေးဆုပေးရန် အဆိုပြုသူများထဲတွင် ၄င်းပါဝင်သည်။
****
မှတ်ချက်။ အနှစ်၂၀ကြာခဲ့ပြီ၊ Vaclav Havel သည် ချက်နိုင်ငံသမ္မတအဖြစ် အရှေ့ဥရောပ အဆင်းရဲဆုံးနိုင်ငံမှ ကြွယ်ဝသောနိုင်ငံသို့ရောက်ပြီးနောက်၊ သူလဲကွယ်လွန်သွားလေပြီ။ ဘာသာပြန်သူ ဒေါက်တာအောင်ခင်မှာ မြန်မာ့အရေးလေ့လာသုံးသပ်နေဆဲဖြစ်သည်။ ယခုမြန်မာပြည်တွင် ပြုပြင်ပြောင်းလဲချိန်၊ အင်တာနက်ခေတ်စားချိန် တွင် ဒေါ်အောင်ဆန်းစုကြည်၏ အတွေးခေါ်များကို မြက်ချေမပြတ်ရန်လိုသည်။ နိုင်ငံကိုမည်သူခေါင်းဆောင်ပါစေ၊ အခြေခံ Attitude နှင့် အမျိုးသားစိတ် မြင့်မြတ်ဖို့ လိုသည်။ ဒေါ်အောင်ဆန်းစုကြည်လဲ နိုင်ငံတကာနှင့်မြန်မာနိုင်ငံရေးတွင် ရောက်ရှိနေပြီး၊ ပြောင်းလဲမှုများရှိသော်လည်း သူမ၏ အခြေခံလမ်းစဉ် လွဲသွားမည်မဟုတ်ဟု ယုံကြည်သည်။ သူမတစ်ယောက်တည်းဖြင့် မရနိုင်၊ အားလပ်ချိန်တွင် ယခုစာအုပ်ကိုတစ်ခေါက် (အချိန်ပေး) ပြန်ကြည့်မိသဖြင့် ရှယ်လိုက်ခြင်းဖြစ်သည်။ e-book စာရိုက်နှိပ်ခဲ့သူမှာ ရဲရင့်အောင် (သြစတြေးလျှား) ဖြစ်သည်။
Download Link
http://mingalaronline.biz/freedom.from.fear.pdf
No comments:
Post a Comment