April 30, 2013

ပင်လုံ အလာ ကွတ်ခိုင်တွင် ကချင်ကိုယ်စားလှယ်များ အစည်းအဝေးပြုလုပ်ခြင်း၊၊

ကချင်ကိုယ်စားလှယ်များက ပင်လုံညီလာခံသို့ တက်ရောက်ရန်လာကြစဉ် ကွတ်ခိုင်တွင် ကြိုတင်ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး အောက်ပါလိုလားချက်များကို တညီတညွှတ်တည်း ချမှတ်ခဲ့ပါသည်၊၊

(၁) ကချင်အမျိုးသားဟာ ဗမာအမျိုးသားတွေနဲ့ တပြိုင်တည်း လွပ်လပ်ရေး ရရန်၊၊

(၂) ကချင်အမျိုးသားများရဲ့ ဆန္ဒနဲ့အညီ ကချင်သီးခြားလွတ်လပ်တဲ့ နိုင်ငံ ထူထောင်ရန် အတွက် ကချင်အမျိုးသားပြည်နယ် ဖွဲ့စည်းရန်၊၊

(၃) လွတ်လပ်တဲ့ ကချင်သီးခြားနိုင်ငံထဲမှာ ဗန်းမော်နဲ့ မြစ်ကြီးနားခရိုင်များကချင်တောင် တန်း ဒေသများ နဲ့ ကသာမြို့ ရဲ့ မြောက်ဘက် မြေပြန့်ဒေသများပါဝင်စေရန်၊

(၄) ဗမာအမျိုးသားများနဲ့ ကချင်အမျိုးသားများ နှစ်ဦးနှစ်ဘက်လက်ခံနိုင်တဲ့ နယ်နမိတ် ချက်ချင်းသတ်မှတ်ရန်၊၊

(၅) နယ်နမိတ်သတ်မှတ်ပြီးလျင်ပြီးချင်း မြန်မာပြည်ဘုရင်ခံလက်တွင်ရှိတဲ့အခွင့်အာဏာ များ ကချင်အမျိုးသားများလက်သို့ ပေးအပ်ရန်နဲ့ မြန်မာပြည်ကြားဖြတ်အစိုးရ အဖွဲ့မှာ ကချင်အမျိုးသား ၀န်ကြီး တစ်ဦး ခန့်အပ်ရန်၊၊
(က) ယင်းဝန်ကြီးသည် သီးခြားကချင်ပြည်နယ်တွင် ပြည်ထဲရေးဝန်ကြီး တာဝန် ထမ်းရွက်ရန်။ 
(ခ) ကချင်ဝန်ကြီးမှာ နိုင်ငံခြားရေးနှင့် ဘဏ္ဍာရေး ကိစ္စများတွင် ပါဝင်နိုင်ရန်၊၊ 
(ဂ) ကာကွယ်ရေးဝန်ကြီးကို အကြံပေးရန်အတွက် ကချင်အမျိုးသားတစ်ဦး ခန့်ထားပေး ရန်၊၊
(၆) ကချင်သီးခြားပြည်နယ်သည် ရှမ်းသီးခြားပြည်နယ်နှင့်အတူ မြန်မာ တစ်နိုင်ငံလုံး စောလျင်စွာ လွတ်လပ်ရေး ရရှိရန်အတွက် တိုင်းပြုပြည်ပြု လွတ်တော်မှာ ချက်ချင်းပါ ၀င်ကြရန်၊၊

(၇) အထက်မှာဖော်ပြတဲ့အတိုင်း မြန်မာအမျိုးသားအားလုံး လွတ်လပ်ရေး ရတဲ့အခါ သီးခြားလွတ်လပ် သောကချင်နိုင်ငံအပါအ၀င် လွတ်လပ်သည့် မြန်မာပြည်ထောင်စု အစိုးရဖွဲ့ စည်းရန်၊၊

(က) သီးခြားကချင်နိုင်ငံက ပြည်ထောင်စုအတွင်း ပါဝင်မယ်၊ မပါဝင်ဘူး ဆိုတာကို သီးခြား ကချင်နိုင်ငံရဲ့ ပြည်သူလူထုကသာ ဆုံးဖြတ်ရမယ်၊  
(ခ) ပြည်ထောင်စု ဖွဲ့ စည်းပြီးသည့်နောက်တွင် ကချင်အမျိုးသားများသည်လွတ်လပ်စွာ ခွဲထွက်ခွင့်ရှိရ မယ်၊၊ 
(ဂ) မြန်မာနိုင်ငံဗဟိုအစိုးရက ကချင်ပြည်နယ် ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေး အတွက် ဘဏ္ဍာရေး အထောက်အပံ့ ရေးရမယ်၊၊

(၈) အထက်ပါ တညီတညွှတ်တည်းဆုံးဖြတ်ချက်များကို နယ်ခြားဒေသ လူမျိုးများ အားလုံး ၏ သဘောတူညီမှု ရယူရန်၊၊

((လက်မှတ်ရေးထိုးကြသူများ))

(၁). ဆမားဒူဝါဆင်ဝါးနောင် (မြစ်ကြီးနား)
(၂). ထင်ငါ ကွန်ဂျာ (မြစ်ကြီးနား)
(၃). ဇော်နော (မြစ်ကြီးနား)
(၄). ဇော်ရစ် (မြစ်ကြီးနား)
(၅). ကရင်နော် (မြစ်ကြီးနား)
(၆) ဒိန်ရတန် (မြစ်ကြီးနား)
(၇). ချရန်ဇွန် (မြစ်ကြီးနား)
(ဂ). တောင်ဦး* (ဗန်းမော်)
(၉). ဇော်လ (ဗန်းမော်)
(၁၀). ဒူဝါ ဇော်လွန်း (ဗန်းမော်)
(၁၁). ပန်ရန်းလ (ဗန်းမော်)
(၁၂). လဘန်ဂရောင်း (ဗန်းမော်)


*တောင်ဦး သည် ဒူဝါအင်ဒိန်တောင်ဦး ဇြစ်ပါသည်။

No comments:

Post a Comment