မူဆယ်မြို့မှာ လူသတ် အလောင်းဖျောက်ခံရတဲ့ အမျိုးသားလေးဦးထဲက စေတနာ့ဝန်ထမ်း ဆရာမ နှစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်မှုနဲ့ ရဲတပ်ဖွဲ့ အလိုရှိနေတဲ့ ဖောယူဂွမ် ဆိုတဲ့လူ ပါနေတယ်လို့ သတင်းတွေ ထွက်ခဲ့တာကို မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးဆီက နေသိရပါတယ်။
“ကျောင်းဆရာမလေး နှစ်ယောက် မသေခင်မှာ တယ်လီဖုန်းနဲ့ အဆက်အသွယ်လုပ်ခဲ့သူက ကချင်တိုင်းရင်းသား ဖော်ယူဂွမ်လို့ သိရပေမယ့် ခုထိ စုံစမ်းလို့ မရသေးဘူး။ ခု လူသတ် အလောင်းဖျောက်ခံသူတွေထဲမှာ ဖော်ယူဂွမ် ပါတယ်လို့ သတင်းထွက်လာတာကို အတည်ပြုနိုင်အောင် မလွန်ဘန်ခါး ရွာဘက်ကို ဆက်သွယ် မေးမြန်းနေပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ နေရာမို့ နယ်မြေဆင်းပြီး သတင်းစုံစမ်းဖို့ အခက်အခဲ ရှိတာကြောင့် တပ်မတော်ကို အကူအညီ တောင်းထားတယ်” လို့ မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး ရဲအရာရှိတစ်ဦးက ပြောပါတယ်။
လူသတ် အလောင်းဖျောက်ခံရသူ လေးဦးရဲ့ အမှုကို တပ်မတော်ဘက်က ကူညီ စုံစမ်းပေးနေပြီး အလောင်းလေးလောင်းကို ကနဦး စုံစမ်းချက်အရ မလွန်ဘန်ခါး ရွာက သုံးဦးနဲ့ မလွန်ဖလန်းရွာက တစ်ဦးတို့ ဖြစ်ကာ မီးသွေးဖိုဖုတ်ဖို့ အလုပ်သွားရင်း ပျောက်ဆုံးသူတွေ ဖြစ်တယ်လို့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဆီကနေ သိရပါတယ်။
“လူသတ် အလောင်းဖျောက်မှုကို တပ်မတော်ဘက်က လုံးဝ မကျူးလွန်ခဲ့ဘူး။ ဘယ်အဖွဲ့က ကျူးလွန်ခဲ့တယ် ဆိုတာလည်း အတိအကျ မဖော်ထုတ်နိုင်သေးလို့ အမှုမှန်ပေါ်အောင် ကူညီစုံစမ်းနေတယ်။ ရဲတပ်ဖွဲ့က အလိုရှိနေသူ ပါတယ်၊ မပါဘူး ဆိုတာကလည်း ခုထိ စုံစမ်းဆဲပဲ” လို့ အဲဒီ စစ်ဌာနချုပ်က တပ်မတော် အရာရှိကြီး တစ်ဦးက ပြောပါတယ်။
“ဖော်ယူဂွမ်ဆိုတဲ့ နာမည် KIA တပ်မှာ မရှိဘူး။ ဆရာမ နှစ်ယောက် အသတ်ခံရမှု မှာလည်း KIA ဘက်က လုံးဝ မကျူးလွန်ခဲ့ဘူး။ ခု လူသတ် အလောင်းဖျောက် ခံရသူတွေထဲမှာ ဖော်ယူဂွမ်ဆိုသူ ပါတယ်လို့ သတင်းထွက်ပေမယ့် သတင်းရင်းမြစ်ကို သေချာ မသိသေးလို့ အတိအကျ မဖြေနိုင်သေးဘူး။ ခုထွက်ပေါ်နေတဲ့ သတင်းတွေက အရှေ့နဲ့ အနောက် လွဲမှားသလိုဖြစ်နေတယ်” လို့ KIA ပြည်နယ်အဆင့် ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့ဝင် ဗိုလ်မှူးကြီး ရာထူးအဆင့်ရှိသူ တစ်ဦးက ပြောပါတယ်။
ကေအိုင်အေနဲ့ စစ်ပွဲပြင်းထန်စဉ် မြန်မာစစ်ဗိုလ်(ကျဆုံး) သေဆုံးပြီးမှ ခေါင်းဖြတ်တာ၊ ဘယ်သူလဲလို့ လက်သည်မပေါ်ပဲ ပြီးဆုံးသွားပါတယ်။ အခု ကေအိုင်အေနနဲ့စစ်ရပ်စဲထားချိန် လုပ်အားပေး အသက်၂၀အရွယ် ဓမ္မဆရာမ (၂)ဦးကို အဓ္ဓမကျင့်ပြီး၊ သတ်ဖြတ်ခဲ့တဲ့အမှု မြစ်ကြီးနားမြို့မှာ ဝမ်းနည်းခြင်းနဲ့သဂြိုလ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူသတ်တယ် ဆိုတာ လက်သည်မပေါ်ပဲ ပြီးဆုံးမဲ့ အခြေအနေ ဖြစ်နေပါတယ်။
.
ဘာပဲဖြစ်ပါစေ၊ ဘုရားသခင် ကချင်လူမျိုးများကို ကွယ်ကာစောင့်ရှောက်ဖို့.. ကချင်ခေါင်းဆောင်များမှာပဲ တာဝန်ရှိပါတယ်။ တိုးတက်နေတဲ့ တရုပ် ယူနန်ပြည်နယ်နဲ့ အပြိုင်၊ မြန်မာပြည်နဲ့တရုပ်ပြည် နယ်စပ်ပေါင်းကူးပေးနိုင်တဲ့ ကချင်ပြည်နယ်၊ ဒီ ၁၀နှစ်အတွင် တိုးတက်၊ ညီညွတ်ဖို့၊ အထူးသဖြင့် သမ္မာကျမ်းစာအတိုင်း နိုင်ငံထူးထောင်ဖို့ ..မျှော်လင့်ပါတယ်။ နေဟမိ ကျမ်းစာ ...
မြန်မာပြည် ဒီဆုတောင်းတောင်ထိပ်
တောင်အောက်မှာ ကျောင်းသားထောင်ချီတဲ့ ကျမ်းစာသင်ကျောင်းကြီး
တောင်အောက်မှာ ကျောင်းသားထောင်ချီတဲ့ ကျမ်းစာသင်ကျောင်းကြီး
ကချင်လူမျိုးဆရာမငယ် နှစ်ဦးကို ဂျော်ဘွန် (နောင်နန်းကျမ်းစာသင်ကျောင်းအနီး၊ မြစ်ကြီးနားမြို့) ဆုတောင်းတောင်ဒေသတွင် မြုတ်နှံခဲ့ပါသည်။ နောက်နောင် ထိုကဲ့သို့အဖြစ်မျိုး မကြုံတွေ့ရအောင် မြန်မာပြည်တခုလုံးမှ ဆုတောင်းကြပါသည်။ မုရန်
DVB news - မန္တလေး ခရစ်ယာန်ဂုဏ်ပေါင်းစုံဆုတောင်းဝတ်ပြုခြင်း
https://www.youtube.com/watch?v=cfbiQay64Vw
DVB news - မန္တလေး ခရစ်ယာန်ဂုဏ်ပေါင်းစုံဆုတောင်းဝတ်ပြုခြင်း
https://www.youtube.com/watch?v=cfbiQay64Vw
No comments:
Post a Comment