November 20, 2011

မြန်မာ့တပ်မတော်ဘယ်လဲ

အခုရက်ပိုင်း အတွင်း ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ ကာချုပ်ဖြစ်ပြီး ပထမဆုံးပြည်ပ ခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံကို သွားရောက် တဲ့အပေါ်စစ်ရေးအကဲခတ် တွေကအမျိုးမျိုးထင်ကြေးပေးနေကြပါတယ်။

ဗီယက်နမ်နိုင်ငံကို သွားတယ်လို့ကြားတော့ ဟိုးတချိန်က စာရေးသူနဲ့ သိကျွမ်းခဲ့တဲ့ တပ်မတော်အရာရှိအချို့ရဲ့ ပြောပြချက်တွေဖြစ်တဲ့ ၁၉၈၀ ပတ်ဝန်းကျင်လောက်က မဲသောဝေါ ကိုဗီယက်နမ်ရဲ့စစ်ရေးအကူအညီနဲ့တိုက်ခဲ့တယ်ဆိုတာကို ပြန်လည်အမှတ်ရမိစေပါတယ်။ ဗိုလ်မှုးအောင်လင်းထွဋ် ရဲ့ပြောပြချက်အရ မြန်မာနဲ့ ဗီယက်နမ်ဟာ တရားဝင် စစ်ရေးအရ မဟာမိတ်မဖွဲ့ထားပေမယ့် အမေရိကန်-ဗီယက်နမ် စစ်ပွဲ တုန်းကတော့ စစ်မဟာ ဗျူဆိုင်ရာ ဆက်သွယ်မှု ရှိခဲ့တယ်လို့ဆိုပါတယ်။

စစ်ရေးသုံးသပ်သူ အချို့ရဲ့သုံးသပ်ချက်အရတော့ လက်ရှိဖြစ် နေတဲ့ ကချင်ပြည်က ကေအိုင်အေ နဲ့ တိုက်ပွဲတွေမှာ တပ်ဘက်မ အကျအရှုံးများနေလို့ ဗီယက်နမ်ဘက်ကနေ လက်နက်ဝယ်ယူရန် ကြိုးပမ်းမှုအဖြစ်သုံးသပ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သမ္မတဦးသိန်းစိန် ရဲ့ မြစ်ဆုံစီမံချက် ရပ်စဲ တဲ့အပေါ်တရုတ်ရဲ့ညိုညှင်မှုကို ကြောက်လို့ရယ်၊ စံချိန်မမှီတဲ့ တရုတ်လုပ် စစ်လက်နက်တွေကြောင့်လို့ သုံးသပ်နေကြပါတယ်။

အထက်ကနေ ဘယ်လောက်ပဲ ကေအိုင်အေကို အပြုတ်ဖို့ ကြိုးစားနေပေမယ့် လက်ရှိစစ်မြေပြင်မှာ နယ်မြေခံတပ်တွေ အကျအဆုံး များလွန်း နေတာက တကြောင်း အောက်ခြေ တပ်မှုးတွေရဲ့အမိန့်ဖီဆန်တွေနဲ့ ကြုံတွေ့ နေတာကြာင့် ခြေမြန် တပ်မများကို အသုံးပြုနေရပါတယ်။


ကာချုပ်အနေဖြင့် မည်သည့်အကြောင်းကြောင့်သွားသည်ဖြစ်စေ တိုင်းရင်းသားအရေးကို စစ်ရေးဖြင့်သာ ဖြေရှင်းရန်ရည်ရွယ်ထားပါက တိုင်းရင်းသားလက်ကိုင်အဖွဲ့ပေါင်းစုံရှိသော မြန်မာနိုင်ငံ၏အခြေအနေရ အန္တာရာယ်များလွန်းသော ကြိုးပမ်းမှုပင်ဖြစ်သည့်အတွက် ခိုင်မာသောအပစ်အခတ် ရပ်စဲရေးမှသည် စစ်မှန်သောနိုင်ငံရေးတွေ့ဆုံမှုသို့သွားမှသာ ထာဝရငြိမ်းချမ်းရေး ရနိုင်မည်။ အမှန်မှာ တိုင်းရင်းသားများသည် ခုခံစစ်ကိုသာ ဆင်နွဲနေကြခြင်းဖြစ်သည်။ အင်ဂွန်ဂျာဝါ


No comments:

Post a Comment