April 04, 2017

ဗိုလ်ချုပ်ဂွမ်မော် ကေအိုင်အို ဒုဥက္ကဌ(၂) ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ ပြက်သားတိကျတဲ့ ပြောဆိုဖော်ရွေမှု များ - အင်ခိုင်ဘွန် / သန်းဝင်းလှိုင်


M Zaw Aung
ဗိုလ်ချုပ်ဂွမ်မော်
ကေအိုင်အို ဒုဥက္ကဌ(၂) ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ ပြက်သားတိကျတဲ့ ပြောဆိုဖော်ရွေမှု များနဲ့ လူသိများလာသူဖြစ်ပါတယ်။
၁၉၅၇ခုနှစ် မန္တလေးတက္ကသိုလ် ကချင်ကျောင်းသားများ ကျယ်ပြန့်စွာဆွေးနွေးရင်း Seven Stars ခေါ်တဲ့ ကချင်ကျောင်းသား (၇)ဦး ကချင်အခွင့်ရေးများ လုပ်ဆောင်ရင်း နောက်ဆုံးလက်နက်ကိုင်လမ်းစဉ် ရောက်သွားပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ၁၉၆၂ခုနှစ် ဇန္နဝါရီ(၅)ရက် မြစ်ကြီးနားမြို့မှာ အဖဦးဆွန်လွတ်တူး အမိဒေါ်ဂျီစောလွီ တို့ရဲ့ မွေချင်း(၅)ယောက်မှာ အကြီးဆုံးသားအဖြစ်မွေးဖွားခဲ့ပါတယ်။
မိခင် ကျန်းမာရေးဆရာမကြီး တာဝန်ကျမြို့များမှာ အတူလိုက်ပါ ပညာသင်ရင်း မြစ်ကြီးနား အထက(၁) က ဆယ်တန်းအောင်ပါတယ်။ ၁၉၇၉ မှာ မြစ်ကြီးနား ဒေသကောလိပ် တက်ရောက်ပြီး မန္တလေးတက္ကသိုလ် ရှုပဗေဒဘွဲ့ ၁၉၈၇ခုနှစ်မှာ ရရှိခဲ့ပါတယ်။
တက္ကသိုလ်ကျောင်းသားဘဝ Chyuran Shalat ခေါ်တဲ့ တိုင်းရင်းသားမျက်ပွင့် မဂ္ဂဇင်း အယ်ဒီတာလုပ်ခဲ့ပါတယ်။ သောင်းပြောင်းထွေလာ စာစောင်မှာ ဆောင်းပါး ကဗျာများ ရေးသားခဲ့ပြီး ဒရမ်တီးသူ ဂီတသမားဖြစ်ကြောင်း ဂီတပညာရှင် မြန်မာပြည်သိန်းတန် လေးဖြူ ဇော်ဝင်းရှိန် တို့က ပြောကြားကြပါတယ်။
တက္ကသိုလ်ဘွဲ့ရပြီး ကေအိုင်အေ သို့ ဝင်ရောက်သွားပါတယ်။
'' ၁၉၈၇ ဒုတပ်ကြပ်
'' ၁၉၉၀ တပ်ကြပ်ကြီး
'' ၁၉၉၁ ပြန်တမ်းဝင်အရာရှိ ဒုဗိုလ်
'' ၁၉၉၃ ဗိုလ်
'' ၂၀၀၁ ဗိုလ်ကြီး
'' ၂၀၀၂ ဗိုလ်မှုး
'' ၂၀၀၃ မဟာဗြူဟာမှုးနဲ့ ကေအိုင်အို တွဲဘက်အထွေထွေအတွင်းရေမှုး ဖြစ်လာပါတယ်။
'' ၂၀၀၅ မှာ ဒုဗိုလ်မှုးကြီး အဆင့်တိုးမြှင့်ခံရပြီး ညွန်ကြားရေးမှုးဖြစ်လာပါတယ်။
'' ၂၀၀၆ ခုနှစ်မှာ တာဝန်ကျေပွန်မှုကြောင့် ဗိုလ်မှုးကြီး အဖြစ်နဲ ဗဟိုကော်မတီဝင် ဖြစ်လာပါတယ်။
'' ၂၀၀၉ ခုနှစ်မှာ KIO အမြဲတမ်းဗဟိုကော်မတီဝင် နဲ့ ဗိုလ်မှုးချုပ် ဒုစစ်ဦးစီးမှုး ဖြစ်လာပါတယ်။
ဗိုလ်ချုပ်ဂွမ်မော် ပျော့ပြောင်းတဲ့ နိုင်ငံရေး အားကောင်းသူ ဖြစ်ကြောင်း။ စာအုပ် ၆၀၀၀ ကျော်နဲ့ ကိုယ်ပိုင်စာကြည့်တိုက် တခုရှိကြောင်း။ မိမိဘဝ ဇတ်ကြောင်းကို ကိုယ်တိုင်ရေးသားနေကြောင်း။ ဇနီးဖြစ်သူ ဒေါ်ခေါ်န်ဒင့် (စစ်သမီးဟောင်း) နဲ့ သမီးနှစ်ယောက်နဲ့ သားတယောက် ဖခင်ဖြစ်ကြောင်း ။ သူနဲ့ တွေ့ဆုံခဲ့တဲ့ အထုပ္ပတိ စာရေးဆရာ သန်းဝင်းလှိုင် ရဲ့ အမြင်ကတော့ ..သူ စာဖတ်တယ် စာရေးဆရာတွေကိုခင်တယ် လိုအပ်သူတွေကို အကူညီပေးတယ် စိတ်ထားကတော့ အင်မတန်ကောင်းပါတယ် ဟု မှတ်ချက်ပေးပါတယ်။
ယခု ဦးထင်ကျော် နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးပန်းတိုင် ရောက်မလား။
စာရေးသူ အင်ခိုင်ဘွန်
မြစ်ကြီးနား သတင်းဂျာနယ် (၂)နှစ်မြောက် အထူးထုတ် (အခမဲ့ ဖြန့်သည်)။
ကိုးကားရည်ညွန်း
၁။ ဒီမိုကရေစီပြောင်းပြန် - ဦးဇင်ထာဆင်
၂။ ဆမားဒူဝါဆင်ဝါးနောင် - မရမ်ဘောက်လာ
၃။ သူတို့တိုက်ခဲ့ရသောစစ်နှင့် သူတို့ရှာနေသောငြိမ်းချမ်းရေး - သန်းဝင်းလှိုင်
End...





သန်းဝင်းလှိုင် ရေးသားပြုစုတဲ့ စာမျက်နှာ၃၈၀ The Wars We Fought & The Peace We Look For စာအုပ် အရင်တုန်းက ဝယ်မရလို့ . . ဒီနေ့မှ စာပေနန်းတော်မှာတွေ့တော့ ၄၅၀၀ ကျပ်နဲ့ ဝယ်ခဲ့ပါတယ်။ စာရေးသူ သန်းဝင်းလှိုင် ကချင်ပြည်နယ်ကို ကိုယ်တိုင်သွားရောက် ဒုက္ခသည်စခန်းများ၊ ကချင်၊ မြန်မာ စစ်ခေါင်းဆောင်၊ အရပ်သားခေါင်းဆောင်များနဲ့ တွေ့ဆုံ ပြုစုခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ ကေအိုင်အေ ကချင်တိုင်းရင်းသားလက်နက်ကိုင်များ ၁၉၅၉ ကတည်းက အမျိုးသားရေးနဲ့ စတင်ဖြစ်ပေါ်လာကြောင်း၊ စစ်အာဏာရှင်စနစ်ကို တော်လှန်ပြီး၊ ယခုအခါ ဒေါ်အောင်ဆန်းစုကြည် အင်အယ်ဒီ + တပ်မတော် စစ်တပ် ၂ခုပေါင်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းများအထိ အသေးစိတ် မှတ်တမ်းများ၊ ကြေငြာချက်များကို ဖေါ်ပြရေးသားထားပါတယ်။

https://www.facebook.com/myanmarjobstudent/posts/10154467982063472?pnref=story
.
စစ်အစိုးရဖက်သား ကချင်စိတ်ပေမဲ့ တိုက်ခိုက်ကြွမ်းကျင်သူတွေ ဗိုလ်မှုးချုပ်အယ်ကွန်ဖန် လိုလူမျိုးများ ရှိသလို ကချင်အမျိုးသားစိတ်ဓါတ်နဲ့ တော်ကြီးမျက်မဲမှာ ဗိုလ်ချုပ်ဂွမ်အောင် လို ပညာတတ်ဘွဲ့ရ ကချင်မျိုးချစ်ပုဂ္ဂိုလ်ကြီးများက အဆတစ်ရာမက ပိုလို့တောင် ရှိနေပါတယ်။ ဆေးတက္ကသိုလ်(မန္တလေးနဲ့ရန်ကုန်) ပြီးခဲ့တဲ့ သူငယ်ချင်း အင်လန်းအောင် MBBS, ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်း ဦးပီတာ (BE Civil), ဦးနော်လွန့်(BE Civil, ကွယ်လွန်)၊ ဦးနော်ရစ် (BSc ရန်ကုန်တက္ကသိုလ်) .. တို့ဟာ ကျနော်သိတဲ့ လူနည်းစု ပညာတတ် မျိုးချစ် KIA စစ်ဗိုလ်ဟောင်းများ ဖြစ်ကြပါတယ်။ ပညာတတ် KIA စစ်ဗိုလ်သစ်များစွာလည်း ခေတ်နဲ့အညီ ပေါ်ပေါက်နေပါတယ်။
ဘုရားသခင် ကချင်လူမျိုးများ၊ ကချင်ပြညနယ်ကို ငြိမ်းချမ်းပါစေ ဆုတောင်းလိုက်ပါတယ်။
.
ဇော်အောင်
End...
.
Reference (အင်ဂွန်ဂျာဝါ)
http://ngunjawa2011.blogspot.com/

No comments:

Post a Comment