Showing posts with label ကြေညာချက်. Show all posts
Showing posts with label ကြေညာချက်. Show all posts

November 16, 2013

Books - သောင်းဝေဦး- ဗိုလ်ချုပ်ကြီးစတီးဝဲလ်နှင့်မြစ်ကြီးနားတိုက်ပွဲ



နောက်ဆုံးတစ်အုပ်မှာ ဆရာသောင်းဝေဦးရေးသား ထုတ်ဝေသော ဗိုလ်ချုပ်ကြီးစတီးဝဲလ်နှင့်မြစ်ကြီးနားတိုက်ပွဲ စာအုပ်ငယ်ဖြစ်သည်။ ထိုစာအုပ်မှာ လောလောဆယ်မြန်မာ့လူမျိုးစုလက်နက်ကိုင်များ ငြိမ်းချမ်းရေးအတွက် အဓိကဖြစ်နေသော ကချင်ပြည်နယ်အကြောင်း ဒုကမ္ဘာစစ်အချိန်က တစ်ဦးတည်းသော အမေရိကန်စစ်ဗိုလ်ချုပ်ကြီးအကြောင်း ဖြစ်သည်။ မြန်မာပြည်အနာဂါတ်သည် ထိုဒေသအပေါ်တွင် အလွန်အရေးပါကြောင်း သမိုင်းသုတေသီ သန့်မြင့်ဦးက အင်္ဂလိပ်ဘာသာဖြင့် ကမ္ဘာပညာရှင်များအတွက် စာအုပ်များရေးသာခဲ့သည်။ ဆရာသောာင်းဝေဦးကလည်း မြန်မာများကို တိုရင်းလိုရှင်းဖြင့် စစ်တပ် စစ်ဗိုလ်ချုပ်ကြီးများသည် နိုင်ငံရေးသမားများမဟုတ်၊ ပရိုဖက်ရှင်နယ်စစ်သားများဖြစ်ကြောင်းကို စာအုပ်ပေါင်း ၄၀ကျော် ရေးသားထုတ်ဝေခဲ့သူ ဖြစ်သည်။ ယခုစာအုပ်သည် ကချင်ပြည်နယ်နှင့်မြန်မာ၊အိန္နိယ၊တရုပ် သမိုင်းကြောင်းအကျဉ်းဖြစ်သည်။ ဂျပန်များ ဒုကမ္ဘာစစ် မတိုင်မီကတည်းက ရုရှားကိုစစ်နိုင်ခဲ့ပြီး ကိုးရီးယားနိုင်ငံနှင့်  တရုပ်ပင်လယ်ကမ်းခြေမြို့ကြီးများအားလုံး သိမ်းပိုက်ခဲ့သည်။ ဒုကမ္ဘာစစ်တွင် မြန်မာပြည်ကို လျှင်မြန်စွာဝင်ရောက်နေစဉ် တရုပ်ခေါင်းဆောင်နှင့် စစ်ဗိုလ်ချုပ်ကြီး ချန်ကေရှိတ်နှင့် တွဲဖက်ပြီး၊ မြန်မာပြည်ဝင်လာသော ဂျပန်များများ တိုက်ခိုက်တွန်းလှန်ရန် အသက်၆၀အရွယ်တွင် မြန်မာပြည်သို့ ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုး၊စေလွှတ်ခဲ့သည်။ တရုပ်စကားကျွမ်းကျင်စွာပြောနိုင်သော ဗိုလ်ချုပ်ကြီးစတီးဝဲသည် တရုပ်တပ်သား ၅သိန်းခန့်ကို အမေရိကန်စစ်လက်နက်များ တပ်ဆင်၊ လေ့ကျင့်သင်ကြားပေးပြီး ဂျပန်များကို တိုက်ခိုက်ရန်ဖြစ်သည်။ သို့သော် မြန်မာပြည်စစ်မြေပြင်ရောက်ပြီး ဂျပန်ထိုးစစ်ဒဏ်ကြောင့် တရုပ်စစ်တပ်များလည်း ဆုတ်ခွာ၊ ဗြိတိသျှစစ်တပ်များလဲ ဆုတ်ခွာပြီး၊ ဗိုလ်ချုပ်စတီးဝဲကိုယ်တိုင် လူ၁၀၀နှင့်ချောင်ပိတ်မိနေသဖြင့် မိုးကောင်းဒေသမှ (၁၄)ရက် တောမျက်မဲကို ဖြက်ကျော်ဆုတ်ခွာက အန္နိယနိုင်ငံသို့ရောက်ရှိပြီး ကြေညာစာတန်းထုတ်ပြန်နိုင်ခဲ့သည်။ စစ်ရှုံးသော်လည်း ကြယ်သုံးပွင့်ဗိုလ်ချုပ်အဖြစ် ရာထူးတိုးပြီး၊။ ကမ္ဘာကျော် လီဒိုလမ်းမကြီးကို (၂)နှစ်အတွင်း မိုင်ပေါင်း၄၇၀၊ အိန္နိယနိုင်ငံ၊ လီဒိုမြို့မှ ကချင်ပြည်နယ်မြစ်ကြီးနား၊ ဗန်းမော်မှ တရုပ်ပြည်တိုင်အောင် ဖောက်လုပ်နိုင်ခဲ့ခြင်းမှာ အံ့သြဘွယ်ဖြစ်သည်။ အခြားအံ့သြဘွယ် လမ်းဖေါက်လုပ်ခြင်းမှာ ဂျပန်တပ်များက မဟာမိတ်ချွေးတပ်များဖြင့်ဖေါက်လုပ်ခဲ့သော သေမင်းတမန် သံဖြူဇရပ် ထိုင်း၊မြန်မာ ရထားလမ်းဖြစ်သည်။

အထူးသဖြင့် မြစ်ကြီးနားတိုက်ပွဲသည် ဂျပန်စစ်သား ၄၀၀၀ကျော်က အင်အား ၄၀၀၀၀ (ဆယ်ဆများသော) တရုပ်၊ အိန္နိယ၊ အင်္ဂလိပ်၊ အမေရိကန် ထိုးစစ်ကြီးကို ၂လခွဲတိုင်အောင် ကြံ့ကြံ့ခံ အသေခံတိုက်ခိုက်ခဲ့သော ဗိုလ်ချုပ်ကြီးတာနာကာ ၏ အသေခံခုခံခဲ့ခြင်း။ နောက်ဆုံး ဗဟိုအမိန့်အရ စစ်သား၄၀၀ကျော်ဖြင့် အောင်မြင်စွာဆုတ်ခွာသွားခြင်း၊ ဆုတ်ခွာမှုတွင်မလိုက်ပဲ ဒါဏ်ရရသူဂျပန် ၁၆၇ဦးနှင့်အတူနေခဲ့ပြီး တာရီကီရီလုပ်ပြီး အသေခံသွားသူ  မြစ်ကြီးနားမြို့စောင့်တပ်မှုး ဗိုလ်ချုပ်မီဇူကာမီ တို့အား မှတ်တမ်းတင်ရေးသားထားပါသည်။ မြန်မာစစ်ပွဲကို အဆုံးတိုင်မတိုက်ရပဲ တရုပ်ခေါင်းဆောင် ချန်ကေရှိတ်နှင့် သဘောထားအကြီးကျယ်ကွဲလွဲသဖြင့် အမေရိကန်သမ္မတက ဝါရှင်တန်သို့ပြန်ခေါ်သည်။ ၆၄နှစ်တွင် ကွယ်လွန်ပြီးနောက် သူ၏နေ့စဉ်မှတ်တမ်း စာရွက်စာတန်းများကို Stihwell Papers အဖြစ် ထုတ်ဝေဖြန့်ချိရာမှ ထင်ရှားသည့် သမိုင်းဝင်ဗိုလ်ချုပ်ကြီးဖြစ်သွားခဲ့သည်။ နောက်ဆုံးအခန်းတွင် စာရေးသူ သောင်းဝေဦး သုံးသပ်ချက်မှာ  ရှာမှရှားသော တကယ့်စစ်သားတစ်ဦးဟု ရေးသားထားသည်။ မြန်မာစာအုပ်များစွာကို စင်ကာပူ၊ပင်နီစူလာ မြန်မာဆိုင်များစွာသို့ မေးမြန်းဝယ်ယူနိုင်ပါသည်။ မြသရဖူ (#02-14 Tel: +65 63393642  www.myathayaphu.ocm, Online Bookstore), လမ်းပြကြယ်စာကြည့်တိုက် (၄ထပ်)၊ ဒဏ္ဍာရီ (ပထမထပ်)၊ ရွှေမင်းသမီး၊ ရွေဝါမြေ (၄ထပ်)။

ထိုစာအုပ်ငယ်တွင် ဂျပန်၊တရုပ်၊မြန်မာ၊အင်္ဂလိပ်၊အမေရိကန် စစ်ရေး နိုင်ငံရေး သုံးသပ်ချက်များကို ရေးသားထားသဖြင့်၊ မြန်မာပြည်မှ ကချင်ပြည်နယ်အရေးပါမှု၊ ယခုလက်ရှိ ရွှေဓါတ်ငွေ့ပိုက်လိုင်း၊ ကချင်ပြည်နယ် လက်နက်ကိုင် KIA များနှင့် မြန်မာစစ်တပ်များ အရေးအခင်း၊ တရုပ်မြန်မာ စီးပွား၊စစ်ရေး၊ လူမှုရေးများကို စိတ်ဝင်စားသူများ လက်စွဲထားရမည့်စာအုပ်ဖြစ်သည်။

Moemaka စာအုပ်စင်အတွက် စာအုပ်အမြည်းဆောင်းပါး။ ဇော်အောင်

November 05, 2013

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ မြစ်ကြီးနား ပူးတွဲကြေငြာချက်

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ပထမဦးဆုံးအကြိမ် တပြိုင်တည်း ၂ ရက်ကြာ တွ့ဆုံခဲ့တာပါ။ တိကျသည့် အဖြေတစ်ခုမျှ မထွက်ဘဲ အဆုံးသတ်သွားခဲ့တဲ့ ဆွေးနွေးပွဲ တစ်ခုဖြစ်ပါတယ်။ 

သမိုင်းဝင် လိုင်ဇာတိုင်းရင်းသားလက်နက်ကိုင် ကွန်ဖရင့် အပြီး တွေ့ဆုံပွဲ လို့ ပြောစမှတ်ပြုရမည် ဖြစ်တယ်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ပူးတွဲကြေငြာချက် 2013_11_5 by N-gun Ja Wa

October 10, 2013

KIO နှင့် မြန်မာအစိုးရကိုယ်စားလှယ် အောက်တိုဘာတွေ့ဆုံပွဲမှ နှစ်ဘက်သဘောတူညီချက်

KIO နှင့် မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် ၁၅ ကြိမ်မြောက် တွေ့ဆုံပွဲမှ နှစ်ဖက်သဘောတူ ကြေငြာချက်


April 18, 2013

KACHIN TODAY ENGLISH - KACHIN DICTIONARY & THESAURUS



Apr 18, '13

Kachin Today (Wunpawng Daini) hpung kaw na lit hkam let, Dr Kha Lum ka ai, Inglik - Jinghpaw Ga Htai Chyum & Ga Bung Lak chyoi hpe shapraw mat wa na lam Wunpawng Dai ni hpung kaw na shana wa ai. Ndai Ga Htai Chyum hte Ga Bung Lakchyoi hpe Dr Kha Lum lahkawng ning ah hkying jaw nna shakut da ai re hpe chye lu ai. 

Ndai lang na shapraw ai hta  gasi ni 200,000 entries lawm ai rai  nna anhte Inglik- Jinghpaw dictionary ni hta hkrum tsup htum rai sai. Jinghpaw laika hka ja taw ai ni hte Inglik laika sharin taw ai ai yawng ai matu akyu rawng na laika buk re.

Matut nna ndai hte seng ai gasan ni nga jang Wunpawng Dai Ni Hpung (Kachin Today Group) edita Ba Awng (lagwibawm@gmail.com) de matut mai ai lam chye shangun dat nngai.

(Npu na Kachin Today Group N-dau laika hpe download galaw na hti jang gasi grau asan re lu hti na re)

April 06, 2013

ကချင် လူထုအခြေပြုအဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်

ကချင် လူထုအခြေပြုအဖွဲ့အစည်းများက ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရွှေ့ဆိုင်းရခြင်းအပေါ် ကြေငြာချက်ထုတ်ပြန်ထားတာပါ။

အစိုးရနဲ့ ကေအိုင်အို ဆွေးနွေးပွဲတွေမှာ တရုတ်သြဇာလွမ်းမိုးမှုများလာတာကို စိုးရိမ်ကြောင်း နှင့် ဒေသခံပြည်သူတွေနဲ့ မြန်မာနိုင်ငံတကယ်အကျိုးရှိဖို့နဲ့ ခိုင်မာသော အပစ်အခတ်ရပ်ဆဲရေးနဲ့ ငြိမ်းချမ်းရေးအတွေက် အာမခံနိုင်ဖို့ တရုတ်နိုင်ငံသာမက UK၊ US နိုင်ငံများနှင့် EU၊ UN အစရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်ဖို့  တိုက်တွန်းအားပေးတယ်လို့ ဆိုပါတယ်။

ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်များအားလည်း ကချင်လူထုနှင့် မြန်မာပြည်သူများ အား ပွင့်လင်းမြင်သာစွာ ပိုမိုချပြသွားဖို့ လိုအပ်တဲ့အကြောင်း တိုက်တွန်းထားပါတယ်။ လူထုကို်ယ်စားပြု လူပုဂ္ဂိုလ်များနှင့် လူထုအခြေပြုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နို်င်ရန် တိကျတဲ့ မူဝါဒချမှတ်ဖို့လည်း တိုက်တွန်းထားပါတယ်။


Statement on Postponement of Negotiation Between the KIO and the Government of Myanmar

March 17, 2013

ဒေါက်တာတူးဂျာ၏ ပြည်တွင်းငြိမ်းချမ်းရေးသဘောထားအမြင်

ဒေါက်တာတူးဂျားသည် ယခင်က ကချင်အမျိုးသားလွတ်လပ်ရေး အဖွဲ့  (KIO) တွင် ဒု-ဥက္ကဌ တာဝန် ထမ်းဆောင်ခဲ့ပြီး ညောင်နှစ်ပင် အမျိုးသားညီလာခံတွင်  KIO ခေါင်းဆောင် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူ ဖြစ်သည်။ ယနေ့ အချိန်တွင် KIO မှ အနားယူပြီး မြစ်ကြီးနားမြို့တွင် နေထိုင်လျှက်ရှိသည်။  ကချင်အမျိုးသား နိုင်ငံရေး သမိုင်းကို ရေးသားနေကြောင်းလည်း သိရှိရသည်။

March 01, 2013

UNFC ကြေငြာချက် ၁ / ၂ဝ၁၃

မှတ်ချက်။ ။ စာသား ကောင်းကောင်းမမြင်သောသူများ ဒေါင်းလိုက်ပါ ကအဆင်ပြေသွားပါမည်။

February 13, 2013

ဖောဖာဝါရီ (၁၃) ရက် KIO ထုတ်ပြန်ကြေငြာချက်

မြန်မာအစိုးရဖက်မှ ဖေဖာဝါရီလ (၄) ရက် ပူးတွဲကြေငြာချက်ကို အင်္ဂလိပ်စာနှင့် တရားဝင် ထုတ်ပြန်ကြေငြာထားခြင်း မရှိကြောင်းကို  ဤကြေငြာချက်က ထောက်ပြထားပါသည်။ (No. ၉ ကိုရှုပါ)

နောက်ဆုံးကြားရသည့် သတင်းက အစိုးရဖက်မှ ပူးတွဲကြေငြာချက်ထဲက စစ်ပြေငြိမ်းရေး ဆိုတည့် အသုံးအနှုံးကို မကြိုက်ကြဘူး ဆိုတည့် အသံတွေ ထွက်လာနေတာပါ။ အကြောင်းကတော့ စစ်ပြေငြိမ်းခြင်း ဆိုတာ နိုင်ငံတခုနဲ့တခု စစ်မက်ဖြစ်ပွားနေရာကနေ စစ်ရပ်ဆဲရေး ဆိုတည့် အဓိပ္ဗာယ်ရောက်သွား၍ ဖြစ်ကြောင်းသိရသည်။ အစိုးရအနေနဲ့ အဘယ်မျှလောက် တန်းတူအခွင့်အရေးကို မလိုးလားဘူးဆိုတာ ဤအခြင်းအရာက သက်သပြနေပါသည်။



February 04, 2013

KIO and Myanmar Govt representative release joint statement


KIO and Myanmar Government representatives meet yesterday February 4 in Ruili, China the first time after the heaviest fightings in Myanmar history taken place. This meeting is very unusual as this meeting is hosted by China's government. This is the first time China hosted and mediated in between ethnic armed groups and Myanmar. Moreover, it is also attended by the leaderships of  armed ethnic groups like KNU, RCSS/SSA and others. Both sides agreed to meet further before the end of February to initiate political dialogue after KIO's consultation with UNFC members. They agreed to create some sort of monitoring mechanisms in conflicted areas in order to end the hostilities speedily. 

February 01, 2013

The KIO’s and Myanmar Government’s Statements from February the First side by side


ကေအိုင်အို ၏ သဘောထားထုတ်ပြန်ကြေညာချက် (Feb 01,2013 )

ဦးသိန်းစိန် အစိုးရသည် ကေအိုင်အေနှင့် စပ်လျှဉ်း၍ ပြစ်မှုဆိုင်ရာ ဥပဒေအရ ပြစ်မှု ကျူးလွန်ခြင်း



ကေအိုင်အေက မိုင်းခွဲသဖြင့် ဆိုင်ကယ် ၃စီး ပျက်စီးကာ အရပ်သားသေဆုံးခဲ့သည် ဟူသော သတင်းကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၈ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ဖေါ်ပြခဲ့သည်။ ယင်းနှင့် ပတ်သက်၍ သတင်းဓါတ်ပုံ မှားယွင်း ဖော်ပြကြောင်း ပြည်သူတဦးက ဖေါ်ထုတ်လာသည့်အတွက် ဇန်န၀ါရီလ ၃၁ ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ပြန် လည်တောင်းပန်စာ ထည့်သွင်းခဲ့ရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ၀ါရင့် သတင်းစာဆရာ ဦးဖိုးသောကြာက “မှားတတ် ကြပါတယ်။ဒါပေမဲ့ မှားပုံမှားနည်းက ၂ ချက်ရှိတယ် တမင်တကာ မှားတာနဲ့ မတော်တဆ မှားတာ။ တိုင်းပြည်နဲ့ ဆိုင်တဲ့ ကိစ္စဆိုတော့ တမင်တကာ မှား တတ် ကြတာပေါ့ ။ ဒီ မှားယွင်းမှုနဲ့  ပတ်သက်ပြီး တာဝန်အရှိ ဆုံးသူကတော့  အယ်ဒီတာချုပ်ပါ။” ဟု ပြောကြောင်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ (၃၁) ရက်နေ့တွင် မဇ္ဇိမ အင်တာနက်သတင်းစဉ်၌ ဖေါ်ပြ ထားခဲ့သည်။ စင်စစ်အားဖြင့်မူ အယ်ဒီတာချုပ်မှာ ဒုတိယ တာဝန်အရှိဆုံးပုဂ္ဂိုလ် ဖြစ်ပါမည်။ မှားယွင်းမှုကို တမင်တကာ ကျူးလွန်ရန်ညွှန်ကြားသည့် ဦးသိန်းစိန်အစိုးရသည် ပထမ တာဝန်အရှိဆုံးဖြစ်သည်။
ဦးသိန်းစိန်အစိုးရသည် ကေအိုင်အိုဌာနချုပ်လိုင်ဇာအခြေပြုရာဒေသတ၀ိုက်တွင် အကြီးအကျယ် ထိုးစစ်ကြီးများ ဆင်နွှဲ နေကြောင်း တပြည်လုံးအသိ၊ တကမ္ဘာလုံးအသိ ဖြစ်သည်။ သတင်းစာဆရာ ဦးဖိုးသောကြာ ပြောသကဲ့သို့ပင် တိုင်း ပြည်နှင့် ဆိုင်သော ကိစ္စတွင် အစိုးရသည် ကေအိုင်အေနှင့် စပ်လျှဉ်း၍  တမင်တကာ သတင်းမှားဖေါ်ပြကြောင်း ပေါ်လွင်နေသည်။
လူသေဆုံးသည့်ပုံနှင့် ဆိုင်ကယ်ပျက်စီးသည့်ပုံ တသီးတခြားဖြစ်နေသည်။ လူတစ်ဦးသေနေသည့်ပုံကို တနေရာမှ ယူ ထားပြီး ဆိုင်ကယ်ပျက်စီးသည့် ပုံကို အခြားတနေရာမှ ယူကာ တွဲစပ်ဖေါ်ပြထားကြောင်းပေါ်လွင်သည်။ ယင်းသို့ သတင်းမှားကို လုပ်ကြံဖေါ်ပြခြင်းဖြင့် ကချင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ၏ ဂုဏ်သိက္ခာကို ထိပါးစေရန် တမင်ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ ဦးသိန်းစိန်အစိုးရ၏ စစ်တပ်သည် မိမိဘာသာ ပြစ်မှုကျူးလွန်ပြီး ကေအိုင်အေကို ပြည်သူအများ အထင်လွဲမှားစေရန် ရည်ရွယ်လုပ်ဆောင်သည့် သဘောလည်း ဆောင်သည်။ အောက် တွင် ဖေါ်ပြထားသော ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၉၉ အရ ဦးသိန်းစိန်အစိုးရသည် အသရေဖျက်မှုကို ကျူးလွန်ခြင်းဖြစ် သည်။
” မည်သူမဆို နုတ်ဖြင့် ဖြစ်စေ၊ ဖတ်ရှုစေရန်ကြံရွယ်သည့်စကားဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံ သဏ္ဍာန်ဖြင့် ဖြစ်စေ၊ လူတဦးတယောက်၏ အသရေကို နစ်နာစေရန်အကြံဖြင့်သော်၎င်း၊ ထိုသူနှင့် စပ်လျှဉ်းသော စွပ်စွဲ ခြင်းသည် ထိုသူ၏ အသရေကို နစ်နာစေမည်ဟု သိလျှက်နှင့် သော်၎င်း၊ ထိုသို့ယုံကြည်ရန်အကြောင်းရှိလျှက်နှင့် သော်၎င်း၊ ထိုသူနှင့် စပ်လျှဉ်းသောစွပ်စွဲချက်ကိုပြုလျှင် သို့တည်းမဟုတ် ကျေညာလျှင် အဆိုပါလူ၏ အသရေကို ဖျက် သည် မည်၏။ ”
ဦးသိန်းစိန်အစိုးရက ယင်းသို့မဟုတ်မမှန်လုပ်ကြံစွပ်စွဲခြင်းမှာ အသရေဖျက်မှုမြောက်ရုံသာမက ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုကို ထိခိုက်စေသဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုပါ ပြိုကွဲအောင် လုပ်ဆောင်ခြင်းဖြစ်သည်။
အသေးစိပ်သိလိုလျှင် ဆက်သွယ်ရန်။             ဦးအမ်နော်မိန်း (ရှေ့နေ) (၉၅) (၀) ၉ ၄၇ ၆၀ ၆၆ ၈၆
နေ့စွဲ။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ (၃၁) ရက်

November 23, 2011

Senator Webb Statement on Recent Developments in U S -Burma Relations




PoliticalNews.me - Nov 22,2011 - Senator Webb Statement on Recent Developments in U.S.-Burma Relations

Senator was first Member of Congress to visit country in a decade; only American official to meet country’s former top leader

Washington, DC—Senator Jim Webb, chair of the East Asian and Pacific Affairs Subcommittee, issued a statement following the announcement that Secretary of State Hillary Clinton intends to visit Burma next month. In 2009, Senator Webb was the first Member of Congress to visit the country in more than ten years, and he remains the only American official ever to meet with the country’s now-former top leader, General Than Shwe. He also met with political leader Aung San Suu Kyi--who at that time remained under house arrest--and obtained the release of American prisoner John Yettaw.

“I welcome the series of events over the past week with respect to Burma chairing the Association of Southeast Asian Nations (ASEAN) in 2014. I believe this can be an opportunity for the government to demonstrate the credibility of its intentions to join the international community.

“I am also pleased that Secretary Clinton will be visiting the country next month. Burma is now in the midst of a key transitional period that has yielded greater opportunities for interaction with government leaders and civil society, and restructuring of government and military institutions. I am hopeful that Secretary Clinton’s visit will provide an opportunity to closely examine any substantive improvements in our relations during this transitional period, and to take advantage of all of the tools at our disposal to facilitate Burmese economic development, political reconciliation, and ultimately greater progress toward democratic governance.”

Background on Senator Webb’s leadership in the region:

Turning America’s Gaze Toward Asia
By Emily Cadei, CQ Staff
CQ WEEKLY – IN FOCUS
Nov. 14, 2011 – Page 2374

Click to View More
http://politicalnews.me/?id=10041