May 01, 2013

ဘာတေးလ်လစ်တနာ (Bertil Lintner) မြစ်ကြီးနား သွားမည်။

အင်ဂွန်ဂျာဝါ 
March 1, '13


မြန်မာအရေးကျွမ်းကျင်သူ စာရေးဆရာသတင်းထောက် ဘာတေးလ်လစ်တနာ သည် မြစ်ကြီးနားမြို့ကိုမေလအတွင်းမှာ ပထမဦးဆုံးအကြိမ် လာရောက်မည်ဖြစ်သည်
မတ်လ ၁၆ ရက်နေ့ တနင်္ဂနွေနေ့ တွင် မြစ်ကြီးနားမြို့ကို ရောက်ရှိမည် ဖြစ်သည်။

ဘာတေးလ်လစ်တနာသည် ကချင်ပြည်နယ် အကြောင်း Land of Jade ကိုယ်တွေ့ခရီးသွား စာအုပ်ကိုရေးသား ခဲ့ပြီး အာရှတလွှားမှ နာမည်ကျော်ကြားသော စာအုပ် တစ်အုပ်ဖြစ်ခဲ့သည်။


Land of Jade စာအုပ်ကို ရေးသားရန် အိန္ဒိယ နယ်စပ် တလျောက် တရုတ် နယ်စပ် ကတဆင့် ကချင်ပြည်နယ်ကို လာရောက်ခဲ့စဉ်က ကချင် လွတ်မြောက်ရေးတပ်မတော်က တပ်မတော်သားများ က လုံခြုံရေးတာဝန်ယူ ကာသွားရောက်ကြိုဆိုခဲ့ကြသည်
အဆိုပါ ခရီးစဉ်မှာ ဘာတေးလစ်တနာနဲ့ အတူ သူရဲ့ အမျိုးသမီး ၊ လသားအရွယ် သမီးငယ်လည်း ပါဝင်ခဲ့ပြီး လပေါင်းများစွာ မြန်မာစစ်ကြောင်းများ ကို ရှောင်ရင်း ခြေလျင်သွားခဲ့ရသော ခရီးဖြစ်သည်။

ခရီးသွားလာနေစဉ် အတွင်းမှာ မြန်မာစစ်တပ်ရဲ့ အလစ် ၀င်ရောက်တိုက် ခဲ့ ခံရသောကြောင့် ကချင် လွတ်မြောက်ရေးတပ်မတော်မှ တပ်မတော်သားများ အသက်ဆုံးရူံးခဲ့ရသည်။

အခု မြစ်ကြီးနားခရီးစဉ် အတွင်းမှာ သူ့ အတွက် အသက်ပေးခဲ့သော ကချင် လွတ်မြောက်ရေးတပ်မတော်မှ တပ်မတော်သားယောထုန်ရဲ့မိသားစုနဲ့တွေ့ဆုံသွားဖို့ ရှိတယ်လို့ ဘာတေးလစ်တနာ ကပြောသည်။

ဘာတေးလ်လစ်တနာက " မြစ်ကြီးနား ခရီးအတွက် အတော် စိတ်လှုပ်ရှားတယ်။ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ရမယ်။ အထူးသဖြင့် ယောထုန် သမီးနှင့် မိသားစုဝင်တွေကို တွေ ချင်တယ်။ ဒေသခံ ပြည်သူတွေ ရင်တွင်း စကားတွေကို နားထောင်မယ်။ ပြီးရင် မြစ်ဆုံကို သွားဖြစ်အောင်သွားမယ်။" ဟု မြစ်ကြီးနားခရီးစဉ်နဲ့ ပတ်သက်၍ အင်ဂွန်ဂျာဝါကို ပြောပါသည်။

ဘာတေးလ်လစ်တာနာသည် မေလ ၁၉ ရက်နေ့တွင် မြစ်ကြီးနားမြို့ မှ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ သုံးရက်တာ ကြာမည့် ခရီးဖြစ်သော်လည်း ကချင်လူမျိုး များ ရဲ့ နှစ်ပေါင်းများစွာ ကတည်းက ချစ်ခင်လေးစားခြင်းခံရသည့် ဘာတေးလ်လစ်တနာကို အသက်ပေးသည့်တိုင်အောင် ဧည့်ဝတ်ကြေတဲ့ ကချင်ပြည်သူများ ခမ်းခမ်းနားနား ကြိုဆိုဧည့်ဝတ်ပြုကြမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။

ဘာတေးလ်လစ်တနာ သည် တချိန်က Far Eastern Economic Review ရဲ့ ဝါရင့်သတင်းထောက် ကြီး တဦးဖြစ်ပါတယ်။

No comments:

Post a Comment