January 24, 2013

ကချင်ပြည်နယ်အနံ့ တိုက်ပွဲဆက်ပြင်းထန်နေ


ဒီဇင်ဘာ ၁၈ ရက်နေ့ လဂျားယန်ဒေသကို မြန်မာ တပ်မတော်က ထိုးစစ်ဆင်တာ ရပ်မယ်ဟု ကြောငြာခဲ့ပါတယ်။ လဂျားယန်တွင်သာ ထိုးစစ်မလုပ်တော့ကြောင်းပြောခြင်းသာ ဖြစ်ပါတယ်၊ အဲဒီလို ကြေငြာသည့်နေ့ မှာပင် ကေအိုင်အေ ရင်း () ဒေသဖြစ်တဲ့ ဂင်စီ ဆိုင်းရာဒေသတွေကို အကြီးအကျယ် ထိုးစစ်ဆင်နေတာပါ၊

လဂျားယန် ကြေငြာချက်နဲ့ ပတ်သက်ပြီး ကချင် စစ်ဘက်နိုင်ငံရေး လေ့လာသူ အချို့ အဆိုအရ မြန်မာအစိုးရ ကြေငြာချက် မရိုးသားမူကို အထင်အရှား တွေ့ ရကြောင်း ပြောပါတယ်၊ အဲဒီကြေငြာသည့် နေ့ တွင် မြန်မာ အစိုးရတပ်နေနဲ လဂျားယန် တဝိုက်အပြည့်အဝ ထိန်းချုပ်ပြီးဖြစ်ပါသည်၊ လဂျားယန် တောင်ဘက်တွင် ဖွန်းပျံဘွမ်၊ မြောက်ဘက်တွင် ဘွမ်ရေဘွမ် (ပွိင့် ၇၇၁)နှငိ့ အရှေ့ ဘက်တွင် လိုင်ဇာဂိတ်ဝတွင် ရှိသော လဝယန် တဝိုက် ကို ကြည်းတပ်၊ လေတပ်၊ အမြောက်တပ်များနှင့် အပြင်းအထန် တိုက်ခိုက်သိမ်းပိုက်ထားပြီးချိန်နဲ့ တိုက်ဆိုင်နေတာပါ၊

မြန်မာတပ် အနေနဲ့ ဤကဲ့သို လိုင်ဇာလက်တကမ်း အလို ကိုရောက်ရှိထိန်းချုပ် ထားခြင်းဖြင့်  လိုင်ဇာကို အလိုအလျှောက် ခြိမ်းခြောက်ထားနိုင်တဲ့ အခြေအေနေ ရောက်နေပြီးမှ လဂျားယန် ထိုးစစ်ရပ်မည်ဟု မလိမ့်တပက် ကြောငြာတာဟု ၄င်းက ဆက်ပြောပါသည်၊

ဆက်လက်ပြီး နိုင်ငံတကာနှင့် ပြည်သူတွေကို လက်တလုံးခြား လိမ်နေတာတွေ၊ ခုခံစစ်မှအပ ထိုးစစ်မလုပ်ဘူးဟု တချိန်လုံး ဘူးခံနေခဲ့တာတွေဟာ လက်တွေ မြေပြင်အခြေအနေများနဲ့ တခြားစီ ဖြစ်နေတာကြောင့် ယခုသိန်းစိန် အစိုးရဟာ ယခင်မြန်မာအစိုးရအဆက်ဆက်ကဲ့သို တိုင်ရင်းသားနိင်ငံရေး ပြဿနာမ များကို စစ်ရေးအရ ဖြစ်ရှင်းဖို့ သာရည်ရွယ်နေတာကို တွေ့ ရကြောင်းပြောပါသည်။

ကေအိုင်အေ တပ်မဟာ လက်အောက် ခံ ပန်ဝါဒေသ တဝိုက်နဲ နယ်ခြားမှတ်တိုင် နှင့် ကြားဒေသ တွင်လည်း မြေပြင်တိုက်ပွဲ အကြီးအကျယ်ဖြစ် နေကြောင်း ကေအိုင်အေ ရှေ့ တန်းတပ်မှုးများက ဆိုပါသည်။

လိုင်ဇာ အနောက်မြောက် ခါယာဘွမ် (ပွိင့် ၁ဝ၁၂) တွင် ရင်ဆိုင်တိုက်ပွဲ ယမန့် နေ့ အထိဖြစ်နေခဲ့ ပြီး ယနေ့ တွင်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

အစိုးရ၏ မရိုးသာမှု ကြောင့် လိုင်ဇာ၊ မိုင်ဂျာယန်နှင့် ကချင်ဒေသအနှံ့ မှ ကချင်ပြည်စစ်ရှောင် ပြည်သူများ အနေဖြင့် နေစဉ်ရက်ဆက် ကတုတ်ကျင်းတူးနေရ ပြီး မြန်မာတပ် အမြောက်ဆံ မိမိရှိရာ ဘက်သို့ မရောက်ရှိရန် ဘုရားတပြီ နေရကြောင်း မိုင်ဂျာယန်ရှိ ကျောင်းဆရာမ ဒေါ် မရန်လု က အင်ဂွန်၈ျာဝါ ကိုအကြောင်းကြားလာပါသည်။

ဆရာမ မရန်လု အနေဖြင့် အစိုးရမှ မိမိတို့ ဒေသအား စစ်ရေးအရ ပိတ်ဆို့ ထားနေမှုကို ရပ်တန်းကရပ်ဖို့ နှင့် စစ်ပြေးရှောင် ကချင်ပြည်သူများကို နိုင်ငံတကာမှ ကူညီဖို့ ရှိပါလျှက်နှငိ့ အာဏာပိုင်များ အနေဖြင့် ကေအိုင်ကေ ကို စစ်ရေးနိုင်ငံရေး ဖိအားပေးမှု ဗျုဟာအရ ကချင်ပြည်သူ ထောင်သောင်းများစွာ ဒုက္ခရောက်နေရကြောင်း၊ မြန်မာအစိုးရအနေနှင့် တိုင်းပြည်ကို ကမ္ဘာအလယ်မှာ တင့်တယ်ပြီး တိုင်းရင်းသားပြည်သူများ၏ အကျိုးကို ရှေးရူမည် လိုလျှင် ကချင်ဒေသမှာ တခုလုံးမှာ ထိုးစစ်ရပ်ဖို့ နဲ့ UN humanitarian convoy ကို သွားခွင့်ပြုဖို အင်ဂွန်ဂျာဝါမှ တဆင့်ပြောကြားလာပါသည်။


လာဇရု

No comments:

Post a Comment