January 24, 2013

KNU စစ်သားတဦးအား မြန်မာစစ်တပ်က ဖမ်းစီးထား

KNU ခေါင်းဆောင်များနှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များ
KNU တပ်မဟာ ၄ ဒေသ တနင်္သာရီ တိုင်းဒေသကြီး ကစောဝါးရွာ အနီးတွင် မြန်မာစစ်တပ်အရာရှိ မှ ကရင့် အမျိုးသားလွတ်မြောက်ရေး တပ်မတော်သား တဦးကို ရိုက်နှက် ဖမ်းဆီး ချူပ်နှောက်မှုတွေ ရှိနေတယ်လို ကရင်သတင်းစင်တာက ပြောပါသည်၊ အဆိုပါ မြန်မာတပ် အရာရှိသည် ဒေသခံ ပြည်သူများကို လည်းလက်နက် အားကိုးအနှိင်ကျင့်မှု များရှိကြောင်း ကရင်နှစ်သစ်ကူးနေ့ မှာ ဒေသခံတို့ ၏ ကိုယ်ပိုင်ကားနှစ်စီးကို ကားအမြန်မောင်းသည်ဟု အကြောင်းပြကာ မတရားသိမ်းဆဲခဲ့ ကြောင်းကို လည်းသိရပါသည်။

အပစ်အခတ် ရပ်စဲရေး ယူထားသော ဒေသတွင် တပ်မတော်အရာရှိ တဦး အာဏာရှင်ငယ် တဦးပမာ ဆောင်ရွက်နိင်လျှင် ပဋိပက္ခ ဖြစ်နေသေးသော ဒေသရှိ တိုင်းရင်းသားများအပေါ် တပ်မတော်က မည်ကဲ့သို့ ဆက်ဆံပြုမူမည်မှာ မတွေးဝံ့စရာပင် ဖြစ်သည်။

တိုင်းပြည် အနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ နဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်တည်ထောင်ဖို့ ရာဝယ် အာဏာပိုင် တပ်မတော် အရာရှိကြီးအနေဖြင့် တိုင်းရင်းသားဒေသတွင် ဤကဲ့သို့ စည်းမရှိကမ်းမရှိ ဥပဒေမဲ့ လုပ်ဆောင်နေခြင်းဟာ ငြိမ်းချမ်းရေး လမ်းစဉ်အတွက် အလွန်ထိခိုက်နိုင်မည်ဟု မြင်ပါသည်။



Source: KIC

No comments:

Post a Comment