January 31, 2013

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြှစ်ပြတ် ချေမှုန်းရေးပဲ ဖြစ်တယ်

(နိုင်ငံရေး ၊ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောနှင့်တွေ့ဆုံမေးမြန်းခန်း) (သျှမ်းသံတော်ဆင့်)


၀၁၂ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းမှစ၍ KIA ထိန်းချုပ်ရာ တရုတ်နယ်စပ် လိုင်ဇာမြို့အနီးရှိ စိုးမိုးကုန်းများအား အစိုးရတပ်မှ သဲသဲမဲမဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ အထိ တစ်လကျော်ကြာ နှစ်ဘက် အပြင်းထန်ဆုံး သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ယခုအခါ နှစ်ဘက် တိုက်ပွဲအရှိန်ကျလာပြီး လာမည့် ဖေဖေါ်ဝါရီလ ပထမအပတ်တွင် KIO နှင့် အစိုးရကိုယ်စားလှယ်များ သည် UWSA “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ ဖိတ်ကြားချက်အရ UWSA ဗဟိုဋ္ဌာနချုပ်ရှိရာ သျှမ်းပြည် (မြောက်ပိုင်း) ပန်ဆန်းမြို့၌ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

၎င်းလက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်၍ အစိုးရ ကာကွယ်ရေးဝန်ကြီးဋ္ဌာနကလည်း ယခုလ ၂၈ ရက်နေ့ နေ့စွဲဖြင့် ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့သေးသည်။

အထက်ပါ ကိစ္စများ အပေါ် ခြုံငုံသိရှိနိုင်ရန် တရုတ်နယ်စပ် နိုင်ငံရေး ၊ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောအား သျှမ်းသံတော်ဆင့်က တွေ့ဆုံမေးမြန်းထားသည် ။

မေး - လက်ရှိအခြေအနေမှာ အစိုးရတပ်က စိုးမိုးကုန်းတွေရသွားတာပေါ့နော် လိုင်ဇာမြို့ကတော့ KIO က ထိန်းချုပ်ထား ဆဲ ဆိုတော့ ဒီအခြေအနေကို ဘယ်လို ပြောနိုင်မလဲ။

ဖြေ - လောလောဆယ် အနေအထားက လိုင်ဇာကို မသိမ်းသော်လည်း သိမ်းထားသလို ဖြစ်နေတယ် အချိန်မရွေးသိမ်းလို့ ရနေ တဲ့ အနေအထားဖြစ်နေပြီ နိုင်ငံရေးအရ အမြတ်ထုတ်ချင်လို့သာ လိုင်ဇာကို မသိမ်းဘူးပြောနေတာ ဒါကဘာလဲ ဆိုတော့ ကေအိုင်အေရဲ့ စီးပွားရေးဝမ်းဗိုက်ကိုဖြတ်ချလိုက်တာ ဖြစ်တယ်။
ကျနော်တို့ကြားနေတာတစ်ခုက ဗမာအစိုးရက လိုင်ဇာကိုကွင်းပြီး တရုတ်ပြည် ရင်ကျန်းနဲ့ လဂျားယန်အထိ လမ်းဖေါက်ဖို့ စီစဉ်နေတယ် အဲဒီတော့ ကေအိုင်အေရဲ့ လိုင်ဇာမြို့ဟာမြို့ပျက်ကြီးဖြစ်သွားမယ် သူတို့ ထိုးစစ်ဆင်တိုက်ခိုက်ရတဲ့ ရည်မှန်း ချက်ထဲမှာ အဲဒါတွေပါတယ်။

မေး - ဒီလ ၂၈ ရက်နေ့က ကာကွယ်ရေးဝန်ကြီးဋ္ဌာနက KIA ကို ထိုးစစ်ဆင်တာမရှိဘူး ၊ ခုခံကာကွယ်တာပါလို့ တရားဝင် ကြေငြာချက်ထုတ် ပြောပါတယ် အဲဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ ။



ဖြေ - ဒီကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ ကြေငြာချက်ဟာ တစ်ဘက်သတ်ကြီးဖြစ်နေတယ် စစ်သားတွေဖြစ်ပြီးတော့ ကိုယ်လုပ် ရင်ကိုယ်ဝန်ခံရဲရမယ်။

ကချင်ပြည်နယ်မှာရှိတဲ့ တပ်ရင်း ၄၆ ရင်းနဲ့ ဆိုရင်လက်ခံနိုင်တယ် ကေအိုင်အေက စခန်းတွေတက်ထိုးလို့ သူတို့စခန်းတွေ တစ်ခုပြီးတစ်ခုကျသွားလို့ တခြားတပ်မတွေထည့်ရတယ် ဆိုရင်လက်ခံနိုင်တယ် ကေအိုင်အေက ဘယ်စခန်းမှ ထိုးတာ မရှိဘူး။

မူလ ၄၆ ရင်းရှိတဲ့ မပခမှာ ဧည့်သည်တပ်နဲ့ပေါင်းရင် ၁၂၈ ရင်းဖြစ်လာတယ် မူလတပ်ထက် ၃ ဆပိုများလာတာကို ခံစစ် ဆင်ပါတယ်လို့ ပြောတာက လူတိုင်းသိလောက်ပါတယ်၊ တရုတ်ပြည်ဘက်ကို အမြောက်ဆံကျတာတောင်မှ ကိုယ့်ကိုယ် ကိုယ်ခုခံကာကွယ်လို့ပြောတာ တော်တော်ကိုလက်တွေ့မကျပဲ ငါပြောတာမင်းတို့နားထောင်ဆိုတဲ့ အပေါက်မျိုးလုပ်နေတယ်။

နောက်လေကြောင်းပစ်ကူကိစ္စ လေကြောင်း တိုက်ခိုက်မှုဟာ ၂၄၂ ကြိမ်ရှိတယ် သက်ဆိုင်ရာနိုင်ငံတစ်ခုရဲ့ ရေဒါမှတ်တမ်း မှာ ငြင်းမရအောင်ဖေါ်ပြထားတာ ဖြစ်တယ်၊ တစ်ဘက်က ခိုင်ခိုင်မာမာပြောလာတဲ့အခါမှ လေကြောင်းကို ကျနော်တို့ ဆက်မလုပ်တော့ပါဘူး၊ တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုဦးစီးချုပ်လာတဲ့အခါကျမှ ကတိပေးလိုက်တဲ့ သဘောမျိုးပါတယ်၊ ရိက္ခာနဲ့ ခဲ ယမ်းပို့တာလောက်ပဲလုပ်ပါတော့မယ်လို့ ပြောလိုက်ပုံရတယ် အဲဒီနှစ်ယောက်ပြန်သွားပြီး နောက်ပိုင်းမှ မမြင်ရတော့တာ။

မေး - KIO အပေါ် အစိုးရနဲ့ စစ်တပ်ရဲ့ သဘောထားက ဘယ်လိုရှိမလဲ။

ဖြေ - စစ်တပ်ရဲ့ မိုင်းဆက် ဟာ စစ်စဖြစ်ကတည်းက ငြိမ်းချမ်းရေးကိုသွားမယ်ဆိုတဲ့လမ်းကြောင်းမရှိဘူး၊ ချေမှုန်းမယ် ဆိုတဲ့ သဘောထားပဲရှိတယ်။

KIO ဟာ ကချင်လူထုကို အမျိုးသားရေးအရ ဦးဆောင်နိုင်တဲ့အဖွဲ့အစည်းဖြစ်တယ်၊ ဒါကြောင့် နိုင်ငံရေး စစ်ရေးအရ အရှိန် တက်လာတာကို လက်မခံနိုင်ဘူး၊ ဒေါက်တာတူးဂျာ မြို့ပေါ်တက်ပြီး ရွေးကောက်ပွဲဝင်တာမှာ ပါတီဖွဲ့ခွင့်မပေးဘူး၊ အဲဒီ ကာလဟာ ဗန်းမော် ဧရိယာတစ်ဝိုက်မှာ ဘာမှမဖြစ်သေးတဲ့ကာလမှာ ဒါကိုကြည့်မယ်ဆိုရင် နိုင်ငံရေးအရရော စစ်ရေးအရရော ဖိနှိပ်ထားချင်တဲ့သဘောကို ပြတယ်၊ ၂၀၁၀ ရော ၂၀၁၁ ရော စစ်ဆင်ရေး လေးလပတ် အစည်းအဝေး ညွန်ကြားချက် ထဲမှာ ဆိုရင် အမြစ်ပြတ်ချေမှုန်းရေးပဲ။

မေး - မကြာခင် နှစ်ဘက်ဆွေးနွေးပွဲ ပြန်စမယ်ဆိုတော့ အလားအလာကရော ဘယ်လိုရှိမလဲ။

ဖြေ - လောလောလတ်လတ်ကတော့ အပစ်အခတ်ရပ်ဆဲရေးတစ်ပိုင်း နိုင်ငံရေးကိစ္စတစ်ပိုင်း ဆွေးနွေးဖို့လိုတယ်၊ အပစ်အခတ်ရပ်ဆဲရေးဆိုတာ ကေအိုင်အေကလည်း အပစ်အခတ်ရပ်ဆဲထားတာပဲ ၀ နဲ့ မိုင်းလားလည်း အပစ်အခတ် ရပ်ဆဲ ထားတာပဲ ၀ နဲ့ မိုင်းလားကျတော့ ဘာကြောင့် ပြန်ချုပ်စရာမလိုလဲ။

ဝနဲ့ မိုင်းလားကို ဘော်ဒါဂတ်ကနေ ရုပ်ပြီးတော့ ပြန်ဆက်သွယ်တဲ့အခါမှာ ဗမာတပ်က သူ့ရှေ့တိုးထားတဲ့ တပ်တွေ ရုပ်သွားတာပဲ အဲလိုပဲ ကေအိုင်အေမှာလည်း သူ့တပ်တွေရုပ်လိုက်ရင် အပစ်အခတ်ရပ်ဆဲရေးက အလိုလို ပြီးသွား မှာ ကျနော်မြင်တာက ၁ အချက် ဗမာအစိုးရ စစ်ဆင်ရေးရုပ်ရမယ် ၂ အချက် တပ်တွေရုပ်ရေး။

ဗမာတပ်ဆိုရင်လည်းသူရောက်ရှိနေတဲ့အနေအထား လဂျားယန်ဆိုလို့ရှိယင် လုံလောက်စခန်းကလွဲရင် ကျန်တပ်တွေ အကုန်ဆုတ် အခုယူထားတဲ့ လဝါးယန်းတို့ ရ၇၁ တို့ ဆုတ်ပေးလိုက် အဲလိုမှမညှိနိုင်ဘူးဆိုရင် တွေ့ဆုံမှုကလည်း အရင် တုန်းက အတိုင်းပြန်ဖြစ်သွားမှာပဲ။


Laiza is "as good as occupied"


With the seizure of elevations dominating Laiza, the Kachin Independence Organization / Kachin Independence Army (KIO/KIA) capital, the town is “as good as occupied” by the Burmese military, according to prominent military analyst Aung Kyaw Zaw.

“It can be occupied at any time now,” he said. “Besides, according to our information, the government is planning to build a cross-border road from La Jayang to Yinjiang, bypassing Laiza, thereby reducing the town’s importance as a commercial point.”


The KIO/KIA headquarters has already been moved to an undisclosed area, according to other sources on the border. The group, having fought a 19 month positional warfare, is now ready for a wholesale guerrilla warfare, Vice Chief of Staff Maj Gen Gun Maw recently told a meeting.

Aung Kyaw Zaw dismissed the defense ministry’s 28 January statement that the army was only defending itself against KIA attacks. “We may accept its arguments, if the army’s positions were falling one after another. We may accept them if the army were using only its Kachin-based 46 infantry battalions,” he said. “But in reality, it’s the other way round. The army was attacking and seizing Kachin positions one after another. They were also using additional units outside Kachin State, numbering 128 infantry battalions in all, against the KIA. Shells fell well inside Chinese soil. They were also launching 242 airstrikes, according to a concerned country’s radar station count. How could it be just a defensive campaign?”


Whatever the government does, according to him, is completely lost on the military. “Its mindset doesn’t have room for peace, only for military victory,” he says. “Their tri-annual meetings of top officers only speak of total annihilation of the rebels, not peace.”
Aung Kyaw Zaw is one of the surviving children of the late Gen Kyaw Zaw, one of the legendary Thirty Comrades formed by Aung San during WW II.

Meanwhile, under pressure from both Washington and Beijing, Naypyitaw is reportedly in a rush to hold another round of peace talks with the KIO. While some news agencies have reported what the venue will be Panghsang, the capital of the United Wa State Party / United Wa State Army (UWSP/UWSA), other conflicting reports say Panghsang would be the government’s last choice. “You can forget about Wa, UN mediation etc for the time being,” a source from Rangoon told SHAN


No comments:

Post a Comment