
ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း (ဗိုလ်မှုးချုပ်ဟောင်း) နေအိမ်အကျယ်ချုပ်ဖြင့် စစ်ဆေးခံနေရသည်။ ကန်ဒေါ်လာ၂သန်းပါသော လက်ဆွဲအိတ်တခု သူ၏နေအိမ်တွင် သိမ်းဆည်းရမိသည်ဟု ဆိုသည်။ ယခင်ဆက်သွယ်ရေးဝန်ကြီးဖြစ်သူ ဦးသိန်းဇော် (ယခု ကချင်ပြည်နယ်ဝန်ကြီး) လည်းစစ်ဆေးခံရသည်ဟု ဆိုသည်။ ထိပ်ပိုင်း လူကြီး၆၀အနက် ၂၀မှာ ယာယီထိန်းသိမ်းခံထားရသည်။ တရုပ်ကုမ္ပဏီ
Huawei and ZTE တို့က အလွန်အမြက်စွန်းရှိသော ဆက်သွယ်ရေးကန်ထရိုက်များ ရရန်ကြိုးစားကြနေကြပါသည်။ ၂၀၀၄ခုနှစ်က ZTE သည် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ကန်ဒေါ်လာသန်း၁၅၀ ချေးငှားပြီး ဆက်သွယ်ရေးဝါယာကြိုးများရောင်းချခဲ့ရာ ကမ္ဘာ့ပေါက်ဈေးထက် ၁၀ဆ ဈေးကြီးပြီးရောင်းခဲ့သည်။ ဆက်သွယ်ရေးကန်ထရိုက်များအတွက် ထူးကုမ္ပဏီအုပ်စု အီလိုက်နှင့်ရက်လင့် တို့လည်း စစ်ဆေးခံနေရသည်။
ယခင် စီမံဘဏ္ဍာဝန်ကြီး ဦးလှထွန်းက ခြစားမှုများကို စီစစ်နေသည်။ ဦးလှထွန်းသည် သမ္မတဦးသိန်းစိန်နှင့်နီးစပ်သူဖြစ်သည်။
ယခင် ငါးလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိန်းလည်းစစ်ဆေးခံရပြီးနောက် အထက်တန်းအရာရှိ ဦးခင်ကိုလေးသည် ချက်ချင်းတာဝန်မှရပ်နားခံရသည်။ ယခု ငါးလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့် ပြင်သစ်နိုင်ငံသွားမည့်ခရီးစဉ် ဖြက်သိမ်းခံရပြီး ကချင်ငြိမ်းချမ်းရေး အရာရှိအဖြစ် တာဝန်ပြောင်းခံရသည်။ ပြင်သစ်ကုမ္ပဏီနှင့် မဖေါ်ပြနိုင်သောကိစ္စရှိသည်ဟု သိရသည်။
ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကို စစ်ဆေးခံရပြီး၊ သူ့ကိုယ်ရေးအရာရှိမှာ တာဝန်မှရပ်နားခံရသည်။
စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်လှိုင်လည်း မြန်မာနိုင်ငံနှင့်မသင့်လျှော်သော ဈေးကြီးသည့် ဟိုက်ဘရစ်ဆန်စက်များတင်သွင်းမှုနှင့်ပတ်သက်ပြီး စစ်ဆေးခံနေရသည်။
အတိုက်အခံ အင်အယ်ဒီပါတီ ပြောဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ခြစားမှုထင်ရှားလျှင် ပြစ်ဒဏ်ချရန်လိုသည်ဟု ဆိုသည်။ ကြံခိုင်ရေးပါတီ ဥက္ကဌဦးဌေးဦးမှာ ခြစားမှုကိစ္စအတွက် အင်အယ်ဒီပါတီ အဆိုပြုချက်ကို ပယ်ချလိုက်သည်။ သူတို့သည် ခြမစားပါ။ ခြစားမှုကို တိုက်ဖျက်နေသူများ ဖြစ်သည်ဟု ဆိုသည်။ ကြံခိုင်ရေးပါတီတွင် ယခင်အစိုးရ အရာရှိဟောင်းများစွာ ရှိသည်။
လာရီဂျာကင် (မြန်မာကျွမ်းကျင်သူ Bangkok)
ညွှန်ချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦး အငြိမ်းစားပေးခံရ
1 April 2013 , Irrawaddy.org
အငြိမ်းစား ပေးခံလိုက်ရသော အစိုးရ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ၅ ဦးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ မြန်မာ့ စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးစံသောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်မော်၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ကုန်သွယ်မှု ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူး၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်း၊ အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကို၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန အဆင့်မြင့်သိပ္ပံဦးစီးဌာန လက်အောက်ရှိ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း တို့ဖြစ်ကြောင်း သိရှိရသည်။
အစိုးရအရာရှိ ၄၀ ကို ဌာနပြောင်း ရွှေ့လိုက်ကြောင်း သတင်းရရှိသည်။
မြန်မာ့ အကျင့်ပျက်နိုင်ငံရေး http://dts-political-page.blogspot.in/2013/04/blog-post_7525.html
ReplyDeleteThanks, Doc!
Delete