March 08, 2013

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ နှင့် ကချင်အမျိုးသမီးများ

ကချင်ဒုက္ခသည် အမျိုးသမီးတဦးနှင့် ၄င်း၏ သမီးငယ်
အင်ဂွန်ဂျာဝါ

ဒီနေ့ ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်တာနှင့် အညီ ကမ္ဘာတစ်ဝှမ်းလုံးက မိခင်များအားလုံးနှင့် အမျိုးသမီးများအားလုံးကို ဂုဏ်ပြုအပ်ပါတယ်။ အထူးသဖြင့် စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေသူအမျိုးသမီး များအားလုံးအတွက် စိတ်မကောင်းဖြစ်ရတယ်။ စစ်ဒဏ်ကြောင့် နေရပ်မှ စွန့်ခွာ ထွက်ပြေးကာ ဒုက္ခသည် စခန်းများမှာ နေထိုင်နေတဲ့ ဒုက္ခသည် များ ထဲတွင် အများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြသည်။

စစ်ကြောင့် ထွက်ပြေး တိမ်းရှောင်ကြရင်း ဒုက္ခရောက် သည့်ကြားက မြန်မာအစိုးရစစ်တပ်ရဲ့ အနိုင်ကျင့် စော်ကားမှု ၊မုဒိမ်းကျင့် မှုတွေ ကို ကချင်အမျိုးသမီးတွေ မှာ ခံကြရပြန်သည်။

ကချင်ပြည်နယ် တွင် စစ်ပွဲများ ပြန်လည် ဖြစ်ပွားပြီးနောက် မှတ်တမ်းများ တိတိကျကျ ရှိ သည့်မူဒိန်းမှု ၁၀၁ ခုရှိသည်။ ထိုဖြစ်ရပ်များကို ဘယ်သူ တွေ တာဝန်ယူကာ ဖြေရှင်းပေးမည် ဆိုတာကို မေးခွန်းထုတ်စရာပင်ဖြစ်သည်။


ဗိုလ်ရွှေမန်း မေးတော့ မသိချင်ယောင် ဝေ့လည်ကြောင်ပတ် ဖြေသည်။
ကိုရဲထွဋ်ကိုမေးတော့ ဘူးခံ ငြင်းသည်။ (ထုံးစံအတိုင်း...)

ဗိုလ်အောင်မင်းကို မေးပြန်တော့ လည်း ဇာတ်မင်းသားလေသံကျယ်နှင့်
ကိုယ်ကပဲသူ့ ကို ကျေးဇူးတင်ရမယောင်ယောင် ပြန်ဖြေသည်။

ဘယ်မှာလဲ... အဖြေတွေ...... အမြန်ဆုံး အနိုင်ကျင့်ခံ အမျိုးသမီးများက သိချင်လှပြီ.ဖြစ်သည်။

No comments:

Post a Comment