April 23, 2013

PANG LONG AGREEMENT (Burmese and English)

(ပြည်ထောင်စု စတင်မွေးဖွားပေးခဲ့တဲ့ ပင်လုံစာချုပ်ကို အင်္ဂလိပ်နဲ့ မြန်မာလို ယှဉ် ဖတ်လိုသူများအတွက် တင်ထားတာပါ။ ပင်လုံစာချုပ်ကို အင်္ဂလိပ်လို အတိုချုံး ရှင်းထားတဲ့ The Pang Long Agreement: Making it simple  ဖတ်လိုက  နေရာကိုနှိပ်ပါ)

● ပင်လုံစာချုပ်


A conference having been held at Panglong, attended by certain Members of the Executive Council of the Governor of Burma, all Saohpas and representatives of the Shan States, the Kachin Hills and the Chin Hills, the members of the conference, believing that freedom will be more speedily achieved by the Shans, the Kachins and the Chins by their immediate co-operation with the Interim Burmese Government, have accordingly, and without dissentients, agreed as follows:
မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ဝန်ကြီးအချို့နှင့် စော်ဘွားအားလုံးအပြင် ရှမ်းပြည်၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသော ပင်လုံတွင် ကျင်းပသည့် အစည်းအဝေး၌ ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းလိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည်လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူအဖွဲ့ဝင်တို့က ယုံကြည်ကြသည့်အတိုင်း တညီတညွတ်တည်းအောက်ပါအတိုင်းသဘောတူညီကြသည် -


(I) A representative of the Hill peoples, selected by the Governor on the recommendation of representatives of the Supreme Council of the United Hill Peoples, shall be appointed a Counsellor to the Governor to deal with the Frontier Areas.
၁။ တောင်တန်းဒေသများကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ရန် တောင်ပေါ်သားများညီညွတ်ရေးဦးစီးအဖွဲ့မှ ကိုယ်စားလှယ်များက ထောက်ခံသည့်ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံက ရွေးချယ်၍ ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် အတိုင်ပင်ခံတစ်ဦးအဖြစ်ခန့်အပ်ရမည်။

(II) The said Counsellor shall also be appointed a member of the Governor's Executive Council without portfolio, and the subject of Frontier Areas brought within the purview of the Executive Council by constitutional convention as in the case of Defence and External Affairs. The Counsellor for Frontier Areas shall be given executive authority by similar means.
၂။ ထိုအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိဝန်ကြီးအဖြစ်လည်း ခန့်အပ်ရမည်။ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာနနည်းတူတောင်တန်းဒေသရေးရာ ဌာနကိုလည်း ဥပဒေဖြင့် ပြဋ္ဌာန်း၍ အမှုဆောင်ကောင်စီအောက်၌ တားရှိရမည်။ ထိုတောင်တန်းဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီးအား အလားတူ နည်းအတိုင်းအုပ်ချုပ်ခွင့်အာဏာများကို အပ်နှင်းရမည်။

(III) The said Counsellor shall be assisted by two Deputy Counsellors representing races of which he is not a member. While the two Deputy Counsellors should deal in the first instance with the affairs of the respective areas and the Counsellor with all the remaining parts of the Frontier Areas, they should by Constitutional Convention act on the principle of joint responsibility.
၃။ ထိုအတိုင်ပင်ခံဝန်ကြီးအား ကူညီရန်အတွက် ယင်းနှင့်လူမျိုးတူမဟုတ်သည့်အခြား တောင်တန်းသားများအား ကိုယ်စားပြုသော တွဲဖက်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးရှိရမည်။ ထိုအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးသည် ပထမဦးစွာ မိမိတို့၏ ဆိုင်ရာနယ်ပယ်ရေးရာများကို စီမံခန့်ခွဲဆောင်ရွက်ရမည်။ အတိုင်ပင်ခံဝန်ကြီးမှာမူ ကျန်ရှိသည့်အခြားသော တောင်တန်းဒေသရေးရာများကို စီမံခန့်ခွဲဆောင်ရွက်ရမည်။ ယင်းပုဂ္ဂိုလ်သုံးဦးတို့သည် အခြေခံဥပဒေက ပြဋ္ဌာန်းသည့်အတိုင်း စုပေါင်းတာဝန်ယူ လုပ်ကိုင်ရမည်။

(IV) While the Counsellor in his capacity of Member of the Executive Council will be the only representative of the Frontier Areas on the Council, the Deputy Counsellor(s) shall be entitled to attend meetings of the Council when subjects pertaining to the Frontier Areas are discussed.
၎။ အတိုင်ပင်ခံဝန်ကြီးသည် အမှုဆောင်ကောင်စီအဖွဲ့ဝင်အနေဖြင့် ကောင်စီတွင် တောင်တန်းဒေသများ၏ တဦးတည်းသော ကိုယ်စားလှယ်ဖြစ်သော်လည်း တောင်တန်းဒေသကိစ္စများကို ဆွေးနွေးသောအခါ တွဲဖက်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးသည် ကောင်စီအစည်းအဝေးသို့ တက်ရောက်နိုင်ခွင့် ရှိရမည်။

(V) Though the Governor's Executive Council will be augmented as agreed above, it will not operate in respect of the Frontier Areas in any manner which would deprive any portion of these Areas of the autonomy which it now enjoys in internal administration. Full autonomy in internal administration for the Frontier Areas is accepted in principle.
၅။ အထက်ပါသဘောတူညီချက်အရ ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း တောင်တန်း ဒေသများ၏နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုရရှိခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေးဆုံးပါးရန် မည်သည့်ဒေသတွင်မဆို လုံးဝပြုမူလိမ့်မည်မဟုတ်။ တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိကြောင်း မူအားဖြင့် လက်ခံသည်။

(VI) Though the question of demarcating and establishing a separate Kachin State within a Unified Burma is one which must be relegated for decision by the Constituent Assembly, it is agreed that such a State is desirable. As first step towards this end, the Counsellor for Frontier Areas and the Deputy Counsellors shall be consulted in the administration of such areas in the Myitkyina and the Bhamo District as are Part 2 Scheduled Areas under the Government of Burma Act of 1935.
၆။ မြန်မာပြည်ထောင်စုအတွင်း ကချင်ပြည်နယ်အတွက် နယ်ခြားသတ်မှတ်ရေးနှင့် ကချင်ပြည်နယ်တည်ထောင်ရေးကို တိုင်းပြုပြည်ပြုလွှတ်တော်သို့ တင်ပြဆုံးဖြစ်စေရမည်ဖြစ်သော်လည်း ထိုကဲ့သို့သော ပြည်နယ်မှာ လိုအပ်သည်ဟု သဘောတူလက်ခံကြသည်။ ဤရည်ရွက်ချက်ကို ပထမဆင့်အကောင်အထည်ဖော်သည့်အနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအစိုးရ အက်ဥပဒေအရအပိုင်း ၂ ခြွင်းချန်ဒေသများကို အုပ်ချုပ်သည့်နည်းတူမြစ်ကြီးနားနှင့် ဗန်းမော် ခရိုင်တွင်းရှိဒေသများအုပ်ချုပ်ရေးနှင့် ပတ်သက်၍လည်း တောင်တန်းဒေသအတိုင်ပင်ခံဝန်ကြီးနှင့် တွဲဖက်အတိုင်ပင်ခံတို့ တိုင်ပင် ဆွေးနွေးရမည်။


(VII) Citizens of the Frontier Areas shall enjoy rights and privileges which are regarded as fundamental in democratic countries.
၇။ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များတွင် အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့်အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို တောင်တန်းဒေသများရရှိခံစားစေရမည်။

(VIII) The arrangements accepted in this Agreement are without prejudice to the financial autonomy now vested in the Federated Shan States.
၈။ ဤစာချုပ်ပါအစီအစဉ်များသည် ရှမ်းပြည်နယ်တွင် ယခုကျင့်သုံးခွင့် ပြုထားသော ဘဏ္ဍာရေးကိုယ်ပိုင်ပြဋ္ဌာန်းကို မည်သို့မျှထိခိုက်ခြင်း မရှိစေရ။


(IX) The arrangements accepted in this Agreement are without prejudice to the financial assistance which the Kachin Hills and the Chin Hills are entitled to receive from the revenues of Burma and the Executive Council will examine with the Frontier Areas Counsellor and Deputy Counsellor(s) the feasibility of adopting for the Kachin Hills and the Chin Hills financial arrangements similar to those between Burma and the Federated Shan States.
၉။ ဤစာချုပ်ပါ အစီအစဉ်များသည် မြန်မာပြည်၏ အခွန်ဘဏ္ဍာများထဲမှ ကချင်တောင်တန်းဒေသနှင့် ချင်းတောင်တန်းဒေသတို့က ရပိုင်ခွင့်ရှိသော ဘဏ္ဍာရေးအကူအညီအားမည်သို့မျှ ထိခိုက်ခြင်းမရှိစေရ။ ထို့ပြင် ရှမ်းပြည်နယ်နှင့် မြန်မာပြည်တို့၏ ဘဏ္ဍာရေးစီစဉ်ဆက်သွယ်မှုများကဲ့သို့သော အလားတူဘဏ္ဍာရေးစီစဉ် ဆက်သွယ်မှုများကို လက်တွေ့ကျင့်သုံးနိုင်ခြင်းရှိ မရှိ အမှုဆောင်ကောင်စီသည် တောင်တန်းဒေသအတိုင်ပင်ခံဝန်ကြီး၊ တွဲဖက်အတိုင်ပင်ခံများနှင့် စူးစမ်းလေ့လာမည်။


(ပင်လုံစာချုပ်ကို အင်္ဂလိပ်လို အတိုချုံး ရှင်းထားတာကို ဖတ်လိုက  နေရာကိုနှိပ်ပါ)

No comments:

Post a Comment