April 08, 2013

ယူကေဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ ဆုံးရှာပြီ

လက်ရှိ  ဝန်ကြီးချုပ်ဒေးဗစ်ကမ်မရွမ်နဲ့ အတူတွေ့ရတဲ့ မာဂရက်သက်ချာ

သံမဏိနှလုံးသားပိုင်ရှင် အမျိုးသမီး (the Iron Lady) လို့ စစ်အေးကာလအတွင်း နာမည်ရခဲ့တဲ့ အသက် ၈၇ အရွယ် ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာဆုံးရှာပြီ။  AP တွင်ဖော်ပြခဲ့သော သတင်းအရ လေဖြတ်၍ ၈ ရက် တနင်္လာနေ့ နံနက်စောစောက ဘဝကူးပြောင်း သွားကြောင်းသိရှိရသည်။ ယူကေရဲ့ ပထမဆုံးအမျိုးသမီး ဝန်းကြီးချုပ်ဖြစ်လာသူ ဖြစ်တာမို့ နောင်လူနောင်သားတွေအတွက် အတုယူ အားကျစရာ သမိုင်းဝင် ပုဂ္ဂိုလ်အဖြစ်မှတ်တမ်းဝင်ခဲ့သူ ဖြစ်ပါတယ်။ နောက်ပြီး ဝန်ကြီးချုပ်သက်ချာ လက်ထက်မှာ အာဂျင်တီနားနိုင်ငံနဲ့ ဖောက်ကလန်ကျွန်းစုပိုင်ဆိုင်မှု အငြင်းပွားမှု ပြဿနာနဲ့ပတ်သက်ပြီး ဖြစ်တဲ့ စစ်ပွဲကိုလည်း အောင်မြင်စွာဦးဆောင်နိုင်ခဲ့တဲ့သူ ဖြစ်သည့်အတွက် နိုင်ငံကျော်၊ ကမ္ဘာကျော် ပုဂ္ဂိုလ်ဖြစ်လာခဲ့သူပါ။


The Iron Lady Rests In Peace!!

source: AP

No comments:

Post a Comment