May 10, 2013

အပစ်ရပ်ထားသော RCSS/SSA စခန်းတခုကို မြန်မာ/ဗမာစစ်တပ်တိုက်ခိုက်သိမ်းပိုက်

May 9, '13

မြန်မာ့တပ်မတော်က အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တပ်မတော် တောင် ပိုင်း ရဲ့ စခန်းတခုကို တိုက်ခိုက် သိမ်းပိုက်လိုက်ပါတယ်၊မေလ ၉ ရက်နေ့က ရှမ်းပြည်နယ် နမ့်ခမ်းမြိုံအပိုင် တရုတ်မြန် မာနယ်စပ်အခြေစိုက် ရှမ်းတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ နမ့်ခမ်းမြို့နယ် ဆစ်ကောဝ့်ဝမ့် ကျေးရွာ အုပ်စုထဲမှာ နေရာပေါင်း ၅ ခုမှာ တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပြီးတဲ့ နောင်မကျေးရွာက သူတို့ တပ်ရင်းအမှတ် ၇၀၁ စခန်း ကို ဆုတ်ပေးလိုက်ရတယ် လို့ ရှမ်းပြည် တပ်မတော်တောင်ပိုင်း အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ပြောပါ တယ်။ နမ့်ခမ်းမြို့နယ်တွင်း တစ်နေ့တာ တိုက်ပွဲ ဖြစ်ပွါး ပြီးတဲ့နောက် ရွှေလီမြစ် နှစ်ဘက်ကမ်း ကျေးရွာပေါင်း ၁၉ ရွာက အိမ်ထောင်စု ၆၅၀ ကျော် လူပေါင်း ၂ ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးခိုလှုံခဲ့ရတယ်လို့ ပြောပါတယ်။

Ref: DVB

No comments:

Post a Comment