May 09, 2013

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးနှင့်Eleven Media

သတင်းစာ ဖေါ်ပြချက်အရ အရ မြန်မာနိုင်ငံရဲ့လက်ရှိ သယံဇာတရောင်းချဝင်ငွေအများဆုံးရနေတဲ့ သဘာဝဓါတ်ငွေရောင်းချခြင်းက တစ်နှစ်ကို ကန်ဒေါ်လာ ၃.၆ဘီလျှံ လောက်ရှိတယ်။ အခု ၁၂နှစ်ကြာခဲ့ပြီဖြစ်ကြောင်း။ လက်ရှိမြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရာတွင် မုတ္တမ ကမ်းလွန်ရှိ ရတနာစီမံကိန်းနှင့် တနင်္သာရီ ကမ်းလွန်ရှိ ရဲတံခွန် စီမံကိန်းနှစ်ခုမှ ထွက်သည့် သဘာဝဓာတ်ငွေ့များကိုသာ တင်ပို့နေခြင်းဖြစ်သည်။ ယခု ၂၀၁၃ ခုနှစ်အတွင်း ရဲတံခွန်နှင့် ရတနာစီမံကိန်းအပြင် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းနှင့် မုတ္တမကမ်းလွန်ရှိ ဇောတိက စီမံကိန်းတို့မှ ထွက်ရှိလာသော သဘာဝဓာတ်ငွေ့များကို ပြည်ပသို့ ထပ်မံတင်ပို့မည်ဖြစ်ရာ လာမည့်နှစ်များတွင်လည်း သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှုမှ ရငွေမှာ ဆက်တိုက်စံချိန်တင် မြင့်တက်လာမယ်။ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ရရှိသည့်ငွေမှာ နှစ်အလိုက် ဆက်တိုက်မြင့်တက်မည်သာဖြစ်ရာ အဆိုပါ ၀င်ငွေများကို မှန်ကန်အကျိုးရှိစွာ သုံးတတ်ရန်သာ လိုအပ်သည့် အခြေအနေ ဖြစ်လာတယ်...လို့ ရေးသားထားပါတယ်။

Eleven Media ဟာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အကျိုးရှိတဲ့ သုံးသပ်ချက်များစွာကို တင်ပြခဲ့၊တင်ပြနေဆဲဖြစ်ပါတယ်။ လိုအားသူအာဏာရှိ၊ စီးပွားချမ်းသာသူများကြားမှ ပုဂ္ဂလိကသတင်းစာအဖြစ်လည်း ထုတ်ခွင့်ရကာ၊ လက်တွေ့သတင်းစာထုတ်ဝေနေပါတယ်။

အထူးသဖြင့် ပညာရှင်များရဲ့ ဆောင်းပါးများကို ဖေါ်ပြပါတယ်။ 
ရန်ကုန် စတော့အိပ်ချိန်း ဘယ်သူထူထောင်မလ  ဦးကြည်မြင့် (လသာ) ရေးတဲ့စာစောင်ကို အင်တာနက်မျက်နှာစာမှာ ပွင့်လင်းမြင်သာမှုရှိရန် များစွာတိုးတက်လာသည့်ဖက်က တင်ပြထားပါတယ်။ လက်ဝါးကြီးအုပ်အရင်းရှင်များပေါ်လာမှုကိုလည်း ရေးသားထားပါတယ်။ "ယခုတော့ မိမိပိုင်ငွေ၊ မိသားစု မျိုးရိုးစဉ်ဆက်ပိုင်ငွေ၊ အစိုးရ ကျောထောက်နောက်ခံ ဘဏ်ချေးငွေ စသည်တို့ဖြင့် ချေးငွေရယူ ထူထောင်လုပ်ကိုင်ခဲ့ကြသော ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းကြီးများလည်း နှစ် ၂၀ ကျော်ကြာ အစိုးရများ၏ ကျေးဇူးဖြင့် အလွန်တရာ ကြီးမားသော ကုမ္ပဏီကြီးများ ဖြစ်လာကြပါပြီ။ သာမန် ဆန်စက်၊ ဆီစက်၊ ကွာစေ့လှော် လုပ်ငန်းလေးများမှ ဒေါ်လာဝယ်ကုန်သွင်း၊ ကန်ထရိုက်တိုက်များ အသစ်ဆောက် ရွှေဆိုင်ကလေးတွေ ဖွင့်နှင့် ရိုးရိုးသားသား တစ်ဆင့်ချင်း တက်လာသူများရော ထိုင်းသူဌေးဆီမှ စက်လှေငါးစင်းလောက်နှင့် ငါးဖမ်း အခေါက်ခေါက်အခါခါ ပြန်သွားသွင်းရင်း "ဘာလို့ နိုင်ငံခြားသားဆီ သွားလုပ်မလဲ....တို့ဆီမှာ လာလုပ်" ဆိုသူများနှင့် ရတနာပုံ ဆိုက်သွားသူများရော...လူက ချာတိတ်၊ ကိုင်တော့ မြေကြီး၊ ပိုင်တော့ ကျယ်လိုက်သည့်သတင်း ဆက်သွယ်ရေးကွန်ရက် လုပ်ငန်း၊ ပြောမရ ဆိုမရသည့် ဇိုးသမားတို့၏ စားပေါက်ကုန်၊ ဟိုတယ်နှင့် ခရီးသွားက ပါသေးဟု ဆိုရမည့် ထောမှထော ဆိုသူများလည်း (ယခုကဲ့သို့ ခွဲခြားပြရသည်မှာ အားလုံး ခရိုနီ မဟုတ်ပါဟု ရှင်းပြလိုခြင်း ဖြစ်ပါသည်-စာရေးသူ) သူတို့၏ ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းကြီးများကို အများပိုင်အဖြစ် ပြောင်းလဲရေး Going public ပြုပေးတော့မည့် အသံများ ကြားရသည်။"

သမ္မတဦးသိန်စိန်အစိုးရ ဘယ်လိုကာကွယ်မည်နည်း... ဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ခြစားမှုတိုက်ဖျက်ခြင်း ဘယ်လောက်အတိုင်းတာထိ လုပ်နိုင်သလဲဆိုတာ အရေးကြီးပါတယ်။ လူလတ်တန်းစားပျောက်ဆုံးနေခြင်းမျိုးကို တားဆီးနိုင်မှသာ စစ်မှန်သောနိုင်ငံတိုးတက်ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး
Prof. Sea Turnell အထူးထုတ်ဝေခဲ့တဲ့စာအုပ်ကတော့
Fiery Dragon, Banks, Money Lenders and Microfinance in Burma ဖြစ်ပါတယ်။
ထိုင်းနိုင်ငံသို့ဓါတ်ငွေရောင်းချမှု သင့်လျှော်တဲ့စာရင်းစနစ်တခု ဖန်တီးပေးခြင်းအတွက် သမ္မတဦးသိန်းစိန်ကို ချီးကျူးထားပါတယ်။ နောက်လုပ်စရာတွေ အများကြီးရှိတာ .. လယ်သမားကိုငွေထုတ်ချေးမှုအတိုးနှုန်းဆိုင်ရင်ကန့်သတ်ချက်များကို ထောက်ပြထားပါတယ်။ လက်ရှိစီမံဘဏ္ဍာဝန်ကြီးဦးဝင်းရှိန်တို့လုပ်နေတဲ့ ဆင်းရဲမွဲတေမှုပပျောက်ရေး .. အသေးစားငွေချေးလုပ်ငန်းကို မြို့၊ရွာ၊နယ်များအထိ ဘယ်လောက်ထိရောက်နိုင်မလဲ ဆိုတာလည်း အရေးကြီးပါတယ်။ Prof Sea Turnell ကတော့ ပုဂ္ဂလိက ဘဏ်များကို ဆင်းရဲသားနဲ့တောင်သူများ ငွေချေးမှု (အတိုးများများနဲ့) လုပ်ဆောင်ဖို့အခွင့်ပေးစေချင်တဲ့ သဘောပါ။

နိုင်ငံခြားရင်းနှီးမြှတ်နှံမှုကို ပိုပြီးစနစ်ကျ၊အကျိုးရှိစေဖို့ ဆောင်ရွက်ရန် ပါမေက္ခမှ အကြံပြုထားပါတယ်။ 8May2013 News မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို အသစ်ပြန်ဖွဲ့ရာတွင် ဥက္ကဌဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့ ပြန်လည်ပါဝင်ခြင်း မရှိတော့ပါ။ သူတို့၂ဦး ဦးဆောင်တည့်မတ်ပေးမှု ၂နှစ်တာပြီးဆုံးသွားပြီ ဆိုနိုင်ပါတယ်။ လူမှန်နေရာမှန်များ ရောက်လာပြီလား။ နိုင်ငံခြားပညာရှင်များ၊ မြန်မာပညာငွေကြေးပညာရှင်များ ကော်မရှင်မှာ ပါလာစေချင်ပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သစ်
စဉ် အမည် ရာထူး
၁။ ဦးဝင်းရှိန် ဥက္ကဋ္ဌ
၂။ ဦးဝင်းထွန်း အဖွဲ့ဝင်
၃။ ဦးဇေယျာအောင် အဖွဲ့ဝင်
၎။ ဒေါက်တာထွန်းရှင် အဖွဲ့ဝင်
၅။ ဒေါက်တာအောင်ထွန်းသက် အဖွဲ့ဝင်
၆။ ဦးညွန့်တင် အဖွဲ့ဝင်
၇။ ဦးဝင်းခိုင် အဖွဲ့ဝင်
၈။ ဒေါ်မြသူဇာ အဖွဲ့ဝင်
၉။ ဒေါ်ခိုင်ခိုင်နွယ် အဖွဲ့ဝင်
၁၀။ ဒေါက်တာကံဇော် အတွင်းရေးမှူး
၁၁။ သူရဦးသောင်းလွင် တွဲဖက်အတွင်းရေးမှူး

စီမံဘဏ္ဍာဝန်ကြီးဦးဝင်းရှိန်နှင့်အမျိုးသားစိတ်ဓါတ်ရှိသူများ မှန်ကန်စွာ ဦးဆောင်နိုင်ပါစေ။
 

လူသားအရည်အသွေးကို အသုံးချဖို့ - Human Resources (HR)
ဒေါက်တာခင်မောင်ညို ဆောင်းပါးမှာလည်း လူသားအရင်းအမြစ် ဆိုတာကို တိုက်ရိုက်ဘာသာပြန်ရင်၊ MTP 2013 ၀န်ကြီးဦးအောင်မင်းနှင့်စင်ကာပူတတ်သိပညာရှင်များ တွေ့ဆုံပွဲမှာ ၀ဏ္ဍစောသိန်းရဲ့မေးမြန်းချက် -- စစ်အရာရှိများသာ မြန်မာ့အစိုးရဌာနဆိုင်ရာများမှာ မိုးကျကိုယ်တော်အဖြစ် စိုးမိုးနေဆဲ မေးမြန်းချက်ကို ရှစ်ဆယ်ရှစ်အဖွဲ့ ဦးကိုကိုကြီး ဖြေကြားချက်ကတော့ စစ်တပ်ဟာအရေးပါတဲ့အခန်းမှာရှိနေဦးမှာဖြစ်ကြောင်း၊ ဒါကြောင့် စစ်ခေါင်းဆောင်သစ်များကို ပြည်ပခရီးများပို့ပေးပြီး ဒီမိုကရေစီကို လေ့ကျင့်ပေးဖို့အထူးလိုအပ်နေကြောင်း၊ စနစ်နဲ့လူ ပြုပြင်ပြောင်းလဲခြင်းများမှာ လူသားအရင်းမြစ်ဟာ အရေးပိုကြီးတဲ့အတွက် အထူးသဖြင့် ရာထူးခန့်အပ်မှုလုပ်တဲ့ ၀န်ထမ်းရွေးချယ်ရေးအဖွဲ့လို အဖွဲ့မျိုးကို လူရော၊ မူရော ၂ခုစလုံး ပြုပြင်ပြောင်းလဲစေလိုကြောင်း။ နိုင်ငံကိုတည်ဆောက်ရာမှာ တိုင်းပြည်အခုလို ချွတ်ခြုံကျဆင်းသွားတာကို အလွန်ဝမ်းနည်းကျေကွဲပြီး၊ အဆိုးဝါးဆုံး (ထောင်ကျ၊နှိပ်စက်ခံ) ဒဏ်ခံစားခဲ့ရသူများက အစိုရနဲ့အတိုက်ခံများ၊ လက်နက်ကိုင်အဖွဲ့များမှာ ကြားဝင်ဖြေရှင်းခွင့် ပေးဖို့လိုကြောင်း။ မိမိတို့အဖွဲ့လည်း တရားဝင်တာဝန်မပေးသေးသော်လည်း ကြားခံဆောင်ရွက်ပေးလျှက်ရှိပါကြောင်း ဖြေကြားပေးပါတယ်။

Eleven Media ဆက်လက် အကျိုးပြုနိုင်ပါစေဆုတောင်းလျှက်။

ဝတ်မှုန်
၉-မေ-၂၀၁၃

No comments:

Post a Comment