November 19, 2013

ဗိုလ်ချုပ်ဂွမ်မော် ရန်ကုန်သို့ရောက်ရှိခြင်း Date: 19Nov2013


 နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်ရောက်ရှိနေတဲ့ ကချင် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အမေရိကန်သံအမတ်ကြီးနဲ့တွေ့ဆုံခဲ့ပါတယ်။ ရန်ကုန်မြို့က ကချင်များနဲ့ စမ်းချောင်းကချင်နှစ်ခြင်းအသင်းတော်မှာ တွေ့ဆုံခဲ့ပါတယ်။ တည်းခိုတဲ့ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး၊ ဖားအံမှာလုပ်မဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ရန်ကုန်ကတဆင့် လာရောက်ခဲ့တယ်၊ ချင်းမိုင်၊ ထိုင်းနိုင်ငံမှာလုပ်မဲ့ တိုင်းရင်းသားအဖွဲ့များဆွေးနွေးပွဲကို တက်ဖို့ နိုင်ငံကူးလက်မှတ်လျှောက်ထားပါတယ်။ ပုဂ္ဂိုလ်ရေးခင်မင်မှုအနေနဲ့ ဦးတေဇကို သွားရောက်တွေ့ဆုံခဲ့တယ်။ ရန်ကုန်ခရီးစဉ်ဟာ အစိုးရနဲ့KIA ယုံကြည်ချက်တည်ဆောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်.လို့ ဗိုလ်ချုပ်ဂွမ်မော်က ဗွီအိုအေအင်တာဗျူးမှာ ဖြေကြားသွားပါတယ်။ 
ဓါတ်ပုံ၊ မြစ်ကြီးနား(စစ်ဝတ်စုံ)၊ ရန်ကုန် (ရိုးရာဝတ်စုံ) - အင်ဂွန်ဂျာဝါ

No comments:

Post a Comment