December 31, 2014

၂၀၁၅ ခုနှစ်၊ နှစ်သစ်မှာ ကချင်ပြည်နယ်၊ တရုပ်-မြန်မာအစိုးရများ

၂၀၁၄ တနှစ်လုံး - ကချင်ကေအိုင်အေ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့နဲ့ မြန်မာစစ်တပ်တို့ ငြိမ်းချမ်းရေးအခြေအနေ အစပျိုးလာတယ်လို့ ပြောနိုင်ပါတယ်။ ၂၀၁၅ လွတ်လပ်ရေးနေ့ကို ၁၉၆၀နောက်ပိုင်း ပထမဆုံး စစ်အင်အားနဲ့ ဗိုလ်ရှုခံသဘင် နေပြည်တော်မှာ ပြုလုပ်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို အစိုးရသစ်က ဖိတ်ကြားပါတယ်။ ကချင်ကေအိုင်အေကို ငြိမ်းချမ်းရေးလက်မှတ်မထိုးလို့ ဆိုပြီး မဖိတ်ခေါ်တာ မြန်မာစစ်အစိုးရဟောင်းရဲ့ နိုင်ငံရေးဖိအားပေးချက်ဖြစ်ပါတယ်။ ပြီးတော့ အခု  ကေအိုင်အေ စစ်ဌာနချုပ် လိုင်ဇာမြို့အနီး တောင်ပေါ်မှာ စခန်းချထားတဲ့ တပ်မတော်တပ်ရင်း(၃၈၉) အမြောက်တစ်ချက် ကြောင့် ဒီဇင်ဘာ၂၀၁၄ မှ ကချင်ဗိုလ်လောင်း ၂၃ဦး သေဆုံးခဲ့ပြီး၊ ၁၆ဦး ဒဏ်ရာနဲ့ဆေးရုံတင်ထားရခြင်းဟာ ၂ဖက်တင်းမာလာခြင်း အခြေအနေကို ပြခဲ့ပါတယ်။
.
ယခင်ကလည်း ခရစ်ယာန်အများစု ဖြစ်တဲ့ ကချင်ကေအိုင်အေများကို ခရစ်စမတ်၊ နှစ်သစ်ကူးနေ့တွေမှာ လေယာဉ်နဲ့ပင် ဗုံးကြဲတိုက်ခိုက် ချေမှုန်းခဲ့ပေမဲ့၊ အပြတ်အသတ် မတိုက်နိုင်ခဲ့ပါဘူး။ လိုင်ဇာမြို့တော်ကို အချိန်မရွေး သိမ်းနိုင်တဲ့ အနေအထားအထိ တပ်မတော် လက်နက်ကြီး၊ တပ်ရင်းများ အခြေချခဲ့တဲ့အတွက် ကချင်ကေအိုင်အေ အဖို့ ပျောက်ကျားစစ်ပွဲ ဆင်နွဲဖို့ပဲ ရှိပါတော့တယ်။
.
ငြိမ်းချမ်းရေးအခြေအနေ ကောင်းလာပြီး၊ ကေအိုင်အေ စစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော် ရန်ကုန်အထိ ရောက်လာပြီးဆွေးနွေးပွဲတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကရင် ကေအင်ယူအဖွဲ့မှ အကြံဥာဏ်များနဲ့ စစ်အစိုးရကို တစ်ဦးတည်းကြံ့ကြံ့ခံ တိုက်တဲ့ကချင် ကေအိုင်အေများ တရုပ်အစိုးရနဲ့မြန်မာအစိုးရစစ်တပ် ၂ခုကြားမှာ ညှပ်နေပါတယ်။
.
တရုပ်ပြည်ရဲ့ တဟုန်ထိုးတက်နေတဲ့ စီးပွားရေးမှာ ၊ တရုပ်ပြည်ဖွံ့ဖြို့မှု အနည်းဆုံး (မြန်မာနဲ့အိမ်နီးချင်း) ယူနန်ပြည်နယ် မှာတောင် အရမ်းစီးပွားတိုးတက်နေလို့ အခုအခါ မြန်မာပြည်မ နိုင်ငံသားများစွာလည်း ယူနန်ပြည်နယ်မှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ အချိန်ကာဖြစ်နေပါတယ်။
.
သေချာတာကတော့ တရုပ်နိုင်ငံအစိုးရ ပေါ်လစီမှာ ကချင်ပြည်နယ်သားတွေရဲ့ ထောက်ခံမှုကို အလွန်လိုလားပါတယ်။ ကချင်ပြည်နယ်ဟာ ရေမြေဒေသနဲ့ရာဇဝင်အရ ကချင်-မြန်မာ အတူနေထိုင်ခဲ့ပါတယ်။ အခု တရုပ်နိုင်ငံရဲ့ ဘင်္ဂလားပြည်နယ်ကို ဖောက်ထွင်းနိုင်ဖို့၊ အိန္နိယနဲ့အရှေ့တောင်အာရှ ကုန်သွယ်စီးပွားသာမက ၊ မဟာဗျူးဟာအရ.. ကချင်ပြည်နယ်ဟာ အရေးကြီးတဲ့ ဒေသဖြစ်နေပါတယ်။ ဒါကို မြန်မာ-ကချင် ခေါင်းဆောင်များ နားလည်ပြီးသား ဖြစ်ပါတယ်။ နားလည်ပြီးသားကို လက်တွေ့အကောင်ထည်ဖေါ် ငြိမ်းချမ်းဖို့ မြန်မာအစိုးရ (အင်အားကြီးသူ) အပေါ်မှာပဲ ၉၀% မူတည်လျှက်ရှိပါတယ်။
.
စစ်ဘေးရှောင်တဲ့ ကချင်ပြည်နယ်သား သိန်းနဲ့ချီပြီး နယ်စပ်တွေမှာ ဒုက္ခသည်စခန်းအဖြစ် ၃နှစ်ကျော် ရှိနေဆဲဖြစ်ပါတယ်။ ဗန်းမော်-မြစ်ကြီးနား လမ်းတစ်လျှောက်က ကချင်မြို့ရွာကြီးများစွာ စစ်ပွဲအတွင်း မီးရှို့ဖျက်ဆီးခံရပြီး၊ စစ်ရှောင်ဒုက္ခသည်များ အရေးအခင်းက ယခုအချိန်ထိ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဘာလုပ်ရမှန်းမသိတဲ့ အခြေအနေပါပဲ။ အားလုံး ပြန်လာအလုပ်ကိုင်ဖန်တီးပေးနိုင်မဲ့ အချိန်ကို စောင့်နေဆဲဖြစ်ပါတယ်။
.
မူးရစ်ဆေးဝါး ဘိန်းစိုက်ပျိုးခြင်းဟာ လက်ရှိကချင်ပြည်နယ်သားများ သာမက၊ ရှမ်းပြည်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်ဖက်အထိ တိုးချဲ့စိုက်ပျိုးမှုတွေကြောင့် ကမ္ဘာ့ ဘိန်းအထွက်ဆုံး အာဖဂန်ပြီးရင် ဒုတိယအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်နေပြန်ပါပြီ။ လက်နက်ကိုင်များ (တပ်မတော်စစ်တပ်နဲ့တိုင်းရင်းသားစစ်တပ်များ) ဘိန်းခင်းများကို မဖျက်ဆီးကြပါဘူး။ ဖျက်ဆီးတဲ့ လက်နက်ကိုင်အဖွဲ့ ပြည်သူလူထု ထောက်ခံမှုမရတော့ ဖြစ်သွားမယ်။ အမုန်းခံရမဲ့အရေးအတွက် လက်ပိုက်ကြည့်နေသလို ဖြစ်နေပါတယ်။ လူတွေလဲ ရိုးရိုးစိုက်ပျိုးရေးထက် ၁၀ဆ မကအောင် ဝင်ငွေရတဲ့ ဘိန်းစိုက်ပျိုးခြင်း လုပ်နေမှာပဲဖြစ်ပါတယ်။  လက်နက်ကိုင်များကလဲ ဘိန်းအရောင်းဝယ်၊ ဘိန်းခင်းများကနေ ဆက်ကြေးငွေ ရမှာပဲဖြစ်ပါတယ်။
.
ဘိန်းစိုက်ပျိုးခြင်းကို မှီတဲ့ ဝင်ငွေကတော့၊ စက်မှုလုပ်ငန်းပဲ ဖြစ်ပါတယ်။ အဲဒီဒေသမှာ စက်ရုံအလုပ်ရုံများစွာ ပေါ်ပေါက်လာနိုင်ရင်၊ ဥပမာ .. စားသောက်ကုန်စက်ရုံများစွာ ဖြစ်ပေါ်လာရင် ဒေသခံများ ဝင်ငွေပိုကောင်းလာပြီး၊ ဘိန်းစိုက်ပျိုးမှုကို စွန့်လွှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပထမ ငြိမ်းချမ်းရေး (အာဏာ၊စီးပွား ခွဲဝေမှု) ရပြီးတဲ့အချိန်မှာတော့ ဘိန်းနဲ့မူးရစ်ဆေးဝါးအန္တရယ်ဆိုးကြီးက ကချင်၊ရှမ်း၊မြန်မာလူငယ်များစွာ လွတ်မြောက်မှာဖြစ်ပါတယ်။
.
ပညာရေးကတော့ အနိုမ့်ကျဆုံး ဒေသဖြစ်နေပါတယ်။ စီးပွားကောင်းတဲ့ ဒေသ၊ နယ်စပ်အရောင်းဝယ်၊ ကျောက်စိမ်း။ ဘိန်းမူးရစ်ဆေးဝါး များကြောင့် လူငယ်များ ပညာသင်ကြားဖို့ အခက်ခဲများစွာ ရှိပါတယ်။ ငွေ၊ အာဏာ၊ မူးရစ်ဆေးတွေရဲ့ ဖိစီးမှုအောက်မှာ ရှိနေဆဲဖြစ်ပါတယ်။
.
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ဗွီအိုအေနဲ့ ပွင့်လင်းစွာ အင်တာဗျူးး ခဲ့ပါတယ်။ ကချင်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်အောင် ပွင့်လင်းစွာ ပြည်သူနဲ့မီဒီယာကို ဆွေးနွေးအင်တာဗျူး ခဲ့သလို ပွင့်လင်းပါတယ်။ ၂ဖက်စလုံးကတော့ ဒေါသနဲ့ တိုက်ခိုက်၊ လက်စားချေလိုကြတာ သဘာဝဖြစ်ပေမဲ့ ခေါင်းဆောင်များ မကြာခဏ တွေ့ဆုံဖို့ အလွန်အေ၇းကြီးပါတယ်။ မျက်နှာချင်းဆိုင် တွေ့ဆုံပွဲများကို စိတ်ရှော့ပြီးလုပ်ဖို့ မြန်မာစစ်တပ်၊ ကချင်ကောအိုင်အေ စစ်တပ်တွေအတွက် အရေးကြီးသလို၊  မြန်မာ၊ကချင်ပြည်သူလူထု ထာဝရငြိမ်းချမ်းရေးအတွက် ... လူမျိုးရေး၊ ဘာသာရေးတွေ ရှေ့တန်းမတင်ပဲ လူကြီးချင်း မျက်နှာချင်းဆိုင် တွေ့ဆုံပွဲ မှန်မှန် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။
.
၂၀၁၅ ခုနှစ်၊ နှစ်သစ်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ အာဏာ၊ စီးပွား ခွဲဝေမှုတွေ ၊ ရွေးကောက်ပွဲကိုလည်း ကချင်ပြည်နယ် ချန်လှပ်မထားဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။  အင်ဂွန်ဂျာဝါ ၂

No comments:

Post a Comment