January 31, 2013

မရမ်း အခြေစိုက် အမတ (၃၇၂) ပစ်လိုက်သော လက်နက်ကြီးကြောင့် မိခင်နှင့် ကလေး သေဆုံး၊ ၃ ဦး ဒဏ်ရာရ


လဘရန်လု မိမိ၏ဗုံးခိုကျင်း တွင် ဤသို့ သေဆုံး
၂ဝ၁၃ ဇန်နဝါရီလ ၂၉ နေ့ ညနေ ၇း၃ဝ အချိန်တွင် မရမ်းမြို့ ပန်ခရပ်ကွက် အမှတ် ၆ ရပ်ကွက် တွင် နေထို်င်သူ ဦးဂျန်မောလဒွဲ နေအိမ်တွင် လက်နက်ကြီးကျဉ် တစ်လုံးကျ ကြောင်းသိရသည်။

အဆိုပါလက်နက်ကြီးကြောင့် ဦးဂျန်မောလဒွဲ (အသက် ၉ဝ နှစ်) ၏ ခြေထောက်နှင့် တင်ပါးတွင် ထိမှန်ဒဏ်ရာရပြီး ၄င်း၏ ချွေးမ လဘရန်လု (အသက် ၂၃နှစ်) နှင့် ကလေး ဂျန်မော်ဂမ်မော် (အသက် ၉ နှစ်) တို့ နှစ်ဦးသေဆုံးသွားကြောင်းသိရသည်။ ဂျန်အော်လဒွဲ ၏သား ဂျန်မော်အောင်နူး (အသက် ၂၃နှစ်) သည်လည်း ထိခိုက်ဒဏ်ရာရကြောင်းသိရသည်။

ထိခိုက်ဒဏ်ရာ ရသူများကို မြစ်ကြီးနားဆေးရုံ တွင် ဆေးကုသမူခံယူနေ ကြောင်းသိရသည်။ အမြောက်တပ် (၃၇၂) မှ တာဝန်ခံ အရာရှိများက မိမိတို့ အမှားဖြစ်ကြောင်း ဝန်ခံပြောကြားပြီး လျှော်ကြေးငွေ လာရောက်ပေးဆောင်ကြောင်းလည်းသိရသည်။


လက်နက်ကြီးကျချိန်တွက် မိသားစုဝင်များမှာ အိမ်အောက်ရှိ ဗုံးခိုကျင်းတွင် ပုန်းအောင်းနေချိန်ဖြစ်ကြောင်း ထပ်မံ သိရသည်။ ဤသို့ မြန်မာအစိုးရ စစ်တပ်၏ လူမဆန်ပြုကျင့်နေမူများကို ဆန့် ကျင်ကြောင်း ဒေသခံများက ပြောကြားလာပါသည်။ မြန်မာတပ်၏ ယခုကဲ့သို့ ကချင်ဒေသတွင် အရပ်သားပစ်မှတ်များကို ပစ်မှတ်ထားနေခြင်းသည် နိုင်ငံတကာ ဥပဒေကို လုံးဝချိုးဖောက်နေသည်ဟု နိုင်ငံတကာ လူအခွင့်အရေး အဖွဲ့ အစည်းများ ဆိုလာသည်မှ တဆတဆ ပို၍ကျယ်လောင်လာနေပါပြီဖြစ်သည်။ လူအခွင့်အရေး အဖွဲ့ စည်းများက လည်းနောင်တွင် တာဝန်ရှိသူများကို အရေးယူနိုင်ဖို့ ဆောင်ရွက်နေပြီဟုလည်း သိရသည်။
ဂျန်မော်ဂမ်မော် (အသက် ၉ နှစ် )


credits: Knet, ဒေသခံမျက်မြင်သက်သေ

No comments:

Post a Comment