January 31, 2013

ကချင်ပဋိပက္ခ ပတ်သက်၍ မဇ္ဈိမသတင်းဌာနက အယ်ဒီတာချုပ် ဦးစိန်ဝင်း၏ အမြင်



(က) ကေအိုင်အိုဘက်

- ဒေါက်တာတူးဂျာ ကချင်ပါတီထူထောင်ခွင့်ကို အစိုးရဘက်က ပိတ်ပင်ခဲ့တယ်။
- အခြေခံဥပဒေရေးဆွဲတာမှာ တောက်လျှောက်ပါလာခဲ့ပေမယ့် မထောက်မညှာ ဘီဂျီအက်ဖ်နဲ့ လက်နက်ဖြုတ်ဖို့ ကြိုးစားတယ်။
- လက်နက်ပြုတ်သွားပြီးရင် ကချင်တွေလက်မဲ့ဖြစ်ရင် ထင်တိုင်းကြဲတာ ခံရတော့မယ်။
- အပစ်ခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုပြီးသား တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ပေမယ့် အစိုးရ (ဗမာ)ဘက်က ဖောက်ဖျက်တယ်။ (ကျန်အဖွဲအစည်းများ ဂျန်းတဲမင်း သဘောတူညီချက်သာရှိ)
- ဒါ ကချင့်နယ်မြေ၊ ကိုယ်ပိုင်ပြဌာန်းခွင့် (သို့မဟုတ်) ခိုင်လုံတဲ့ အာဏာခွဲဝေမှုလိုတယ်။
- အပစ်ခတ်ရပ်ထားချိန်မှာ အစိုးရတပ်တွေ နယ်မြေစိုးမိုးရေးလုပ်မှာစိုးတယ်။
- အခြေခံဥပဒေဟာ အာဏာခွဲဝေရေးအတွက် ခိုင်မာမှုမရှိ

(ခ) အစိုးရတပ်
- လဂ်ျားယန်အပါအ၀င် ဒေသအချို့ဟာ ကချင်နဲ့ ငြိမ်းချမ်းရေးယူပြီးမှ ကချင်က ခြေကုပ်ယူလာတာဖြစ်တယ်။
- မိမိတပ်ဘက်က အကျအဆုံးများခဲ့တာအတွက် တုံ့ပြန်ဒဏ်ခတ်ရမယ်။
- ကေအိုင်အေက ခွဲထွက်ရေးဦးတည်လုပ်နေတာဖြစ်တယ်။
- ဒီကိစ္စက နိုင်ငံရေးပြောလို့မပြီးဘူး။ စစ်ရေးအရ ရန်သူ့အင်အားကို ချိုးနှိမ်ပစ်ပြီးမှ ပြောရမယ်။
- ကေအိုင်အေကို နယ်ခြားစောင့်ပြောင်း
- အစိုးရအနေနဲ့ လွှတ်တော်တွင်းလမ်းကို ကေအိုင်အို လိုက်စေရေးအတွက် မိမိက အကောင်အထည်ဖော်ပေးရ

ဒီပဋိပက္ခနှင့် ကျွန်တော့်အမြင်

- ကာချုပ်အနေနဲ့လက်ရုံးဆန့်ပြတာ
- လူခွဲကစားတာ (အစိုးရကအပျော့လမ်း၊ တပ်က တိုက်ရေး၊ လွှတ်တော်က မူကိုဦးတည်)
- ဒေါက်တာတူးဂျာပါတီထောင်ခွင့် ပိတ်ပင်လိုက်ခြင်းအားဖြင့် ကချင်ဘက်မှာလည်း စစ်ဘက်က အားသာသွားတာ
- အစိုးရအနေအထားက စစ်ရေးအားသာသွားနို်င်ဦးတော့ နိုင်ငံရေးရှုံးတာ။
- အစိုးရတပ် လိုင်ဇာကို သိမ်းနိုင်ဦးတော့၊ လက်နက်ကိုင်ပဋိပက္ခ ဆက်ရှိနေ၊ ကြာနိုင်တယ်။
-၂၀၁၅ မဟာငြိမ်းချမ်းရေးအစီအစဉ် မအောင်မြင်နိုင်တာ
- နိုင်ငံရေး တရားလွန် စောင်းသွားတာ( အမျိုးသားပြန်လည်သင့်မတ်ရေး ပိုဝေးသွားတာ)
- တစ်ခြားဒေသတွေမှာပါ တည်ငြိမ်မှု ထိခိုက်တာ
- အစိုးရအနေနဲ့ မိမိဖော်ဆောင်ထားတဲ့ ကချင်အရပ်ဘက်အစိုးရရဲ့ လုပ်ပိုင်ခွင့်ကိုပါ ကျူးယူဖြစ်သွားတာ

No comments:

Post a Comment