January 30, 2013

DVB Interview with Guy Horton of SOAS (Jan 28, 2013)






ကချင်ပြည်တွင်းစစ်နှင့် ပတ်သက်၍၊လန်ဒန်တက္ကသိုလ်၊
**************************************
အရှေ့တိုင်းနှင့် အာဖရိကရေးရာ လေ့လာရေးဌာနမှ
************************************
သုသေသနအရာရှိ ဂိုင်းဟော်တန် နှင့် တွေ့ဆုံမေးမြန်းခြင်း
****************************************



Q: We’re here with Guy Horton who recently returned from Northern Kachin State around the conflict area. Thank you for coming by.
GH: Thanks for inviting me.

မေး - စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်က မကြာသေးခင်က ပြန်ရောက်လာတဲ့ ဂိုင်းဟော်တန်ပါ။ ကြွရာက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဖြေ - ဖိတ်ကြားတဲ့အတွက် ကျေးဇူးပါ။

Q: Now while you were there, you spent a lot of time interviewing IDPs who’ve been exposed to conflict for about a year a half now. Tell me a little bit about what you saw and experienced while you were there?
GH: Where I was based, I was in air-shot of fairly continual heavy artillery fire and heavy mortar fire and it was gradually getting closer. So there was a sense of panic – controlled panic, I supposed I should say – in the area where I was but people were expecting the worst and the churches were opened – I noticed – 24 hours a day people were praying for protection, for deliverance and civilians were quietly preparing to fight which is why I’m particularly concerned that there may be some disastrous – humanitarian disaster at the end of all this.

မေး - စစ်ဘေးဒဏ်ကို တစ်နှစ်ကျော် ခံစားနေခဲ့ကြတဲ့ စစ်ဘေးရှောင်လူထုကို အချိန်ယူ တွေ့ဆုံမေးမြန်းခဲ့တယ် ဆိုတော့ ဘာတွေမြင်ခဲ့သလဲ၊ ဘာတွေ ကြုံတွေ့ခဲ့သလဲဆိုတာ နည်းနည်းပြောပြပါဦး။

ဖြေ - ကျနော် အဲဒီမှာ ရှိနေချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ အမြောက်တွေ၊ မော်တာတွေနဲ့ ပြင်းပြင်းထန်ထန် ပစ်ခတ်နေချိန်ဖြစ်ပါတယ်။ ပစ်ခတ်မှုတွေက တဖြည်းဖြည်းနဲ့ နီးကပ်လာတယ်။ ပြောရမယ်ဆိုရင် ကြောက်တော့ ကြောက်တာပေါ့ဗျာ။ ဒါပေမယ့် ဒေသခံတွေကတော့ အဆိုးဆုံးအတွက် ပြင်ဆင်ထားကြတယ်။ ဘုရားရှိခိုးကျောင်းတွေကို ဖွင့်ထားကြတယ်။ ကျနော် သတိထားမိသလောက် ပြောရရင် လုံခြုံဖို့နဲ့ ဘုရားသခင် ကွယ်ကာစောင့်ရှောက်ဖို့ဆိုပြီး ၂၄-နာရီပတ်လုံး ဆုတောင်းနေကြတယ်။ ဒေသခံပြည်သူတွေလည်း ခုခံတိုက်ခိုက်ဖို့အတွက် တိတ်တဆိတ် ပြင်ဆင်နေကြတယ်။ အဆုံးမှာ ကြေကွဲဖွယ် အနိဌာရုံတွေ ဖြစ်လာမှာကို ကျနော် အထူးစိုးရိမ်မိတယ်။

Q: Now when you said civilians were preparing to fight, were they actually arming themselves or was the Kachin Independence Army arming them or what was happening?
GH: I didn’t see them. They were going to places where there were weapons or where they were being taught how to use weapons in a firing shoot, including women.

မေး - ဒေသခံပြည်သူလူထုက ခုခံတိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်ဆိုတော့ သူတို့ဘာသာ သူတို့ လက်နက်တပ်ဆင်တာလား၊ ကေအိုင်အေက တပ်ဆင်ပေးတာလား။ ဒါမှမဟုတ် ဘယ်လိုဖြစ်တာလဲ။
ဖြေ - ကျနော် မျက်မြင်တော့ မတွေ့ခဲ့ဘူး။ လက်နက်ရှိတဲ့နေရာတွေ၊ အပစ်အခတ်သင်တန်းပေးတဲ့ နေရာတွေကို သွားနေကြတယ်။ အမျိုးသမီးတွေလည်း ပါတယ်။

Q: Now this news comes as one of the final hill stations around Laiza reportedly failed this weekend which, kind of, opens the way to the rebel stronghold from the Burmese Army? What are the possible scenarios? What are people thinking on the ground as far as with regards to the state’s development?
GH: There’re two possibilities here. One that there will be a full front assault on Laiza and it is the KIA headquarters and if that happens, the town of Laiza will fight back, the civilians will fight back. What I’m really afraid of or concerned about is that there may be some kind of bloodbath in fact and this is quite different fighting from any kind of fighting I’ve seen in Burma before. This is not low intensity guerrilla activity, it’s not saffron revolution, not 1988. It’s very heavy, intense, military assault and this is difficult to convey to people. This is a war with trenches and bunkers etc and it is possible that a full scale assault would take place in Laiza and the effects on civilian population will be catastrophic and the civilians know that they have nowhere to flee. That’s the problem; they’re trapped against Chinese border and they have nowhere to flee. In other words, they have no alternative paths but to fight. On the other hand to answer your question, it may be the intention of the Burma Army simply to surround the city, dominate it, control it and cut it off from the rest of Kachin State. Quietly to destroy it. We don’t quite know but how it behaves depends on the International Community’s response to what’s going on. And if that response is sufficiently critical, sufficiently challenging, sufficiently confronting, the Burma Army in that area may be actually afraid to go too far. So that is what I think we should be trying to do.

မေး - လိုင်ဇာနားက နောက်ဆုံး ခံတပ်ကုန်းတွေထဲက တစ်ခုကို လက်လွှတ်လိုက်ရတယ်လို့ သိရတယ်။ မြန်မာစစ်တပ်အတွက် ကေအိုင်အိုဌာနချုပ်ဆီကို လမ်းပွင့်သွားသလို ဖြစ်သွားတာပေါ့။ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ။ ဖွံ့ဖြိုးရေးဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ ထင်မြင်ချက်က ဘယ်လိုလဲ။
ဖြေ - ဖြစ်နိုင်ခြေ နှစ်ခုရှိတယ်။ တစ်ခုက ကေအိုင်အေဌာနချုပ် လိုင်ဇာကို အလုံးအရင်းနဲ့ ၀င်တိုက်နိုင်တယ်။ တကယ်လို့ ၀င်တိုက်ခဲ့ရင် လိုင်ဇာမြို့နေ လူထုကလည်း ပြန်ခုခံကြလိမ့်မယ်။ ကျနော် တကယ်စိုးရိမ်တာက သွေးချောင်းစီး သတ်ဖြတ်မှုကြီး ဖြစ်လာမှာကိုပဲ။ လက်ရှိ တိုက်ခိုက်မှုတွေဟာ မြန်မာပြည်မှာ ကျနော်ကြုံခဲ့ဖူးတဲ့ တိုက်ခိုက်မှုတွေနဲ့ တော်တော်ကို ခြားနားပါတယ်။ ခြုံခိုတိုက်ခိုက်မှု သက်သက်မဟုတ်သလို၊ ရွှေဝါရောင်တော်လှန်ရေးလိုလည်း မဟုတ်ဘူး၊ ၈၈ အရေးအခင်းနဲ့လည်း မတူဘူး။ ဒါဟာ အပြင်းထန်ဆုံး စစ်ဆင်ရေးပါ။ ပြည်သူတွေ နားလည်နိုင်ဖို့တော့ ခက်ပါတယ်။ ခံတပ် အခိုင်အမာတွေနဲ့ တိုက်ကြတဲ့ စစ်ပွဲဗျ။ လိုင်ဇာကို အလုံးအရင်းနဲ့ ၀င်တိုက်နိုင်ခြေရှိတယ်။ ဒေသခံလူထုလည်း အလူးအလဲခံရဖွယ် ရှိတယ်။ ဒေသခံတွေ ပြေးစရာမြေလည်း မရှိတော့ဘူးလေ။ တနည်းပြောရရင် သူတို့ ပြန်ခုခံရုံကလွဲပြီး တခြားနည်းလမ်း မရှိတော့ဘူး။
တခြား ဖြစ်နိုင်ခြေတစ်ခုက မြန်မာစစ်တပ်အနေနဲ့ လိုင်ဇာမြို့ကို ၀ိုင်းရံထားမယ်၊ ထိန်းချုပ်မယ်၊ ပြီတော့ တခြား ကချင်ဒေသတွေနဲ့ ဆက်သွယ်ရေးကို ဖြတ်တောက်ပြီး တဖြည်းဖြည်းနဲ့ ညှင်းပြီး ခြေမှုန်းပစ်မယ့် သဘောပဲ။ ကျနော်တို့ သေချာမသိနိုင်ပေမယ့် လက်ရှိဖြစ်ပျက်နေတဲ့ကိစ္စတွေအပေါ် နိုင်ငံတကာအသိုင်းအ၀န်းရဲ့ တုံ့ပြန်မှုတွေပေါ်မှာ မူတည်ပါလိမ့်မယ်။ နိုင်ငံတကာရဲ့ တုန့်ပြန်မှုတွေက ဘယ်လောက် အရေးပါသလဲ၊ ဘယ်လောက် ပြင်းထန်သလဲဆိုတဲ့အပေါ်မူတည်ပြီး မြန်မာစစ်တပ်က ရှေ့ဆက်မတိုးရဲတာလည်း ဖြစ်နိုင်ပါတယ်။ ဒါက ကျနော်တို့ ဘာလုပ်သင့်သလဲဆိုတာ ကျနော် တွေးမိတာပါ။

Q: With regards to that, where is China factored in this?
GH: China could well play a really positive role here. I say ‘could’ because the areas we’re talking about in Northern Kachin State are adjacent to China and China does not want a war on its doorstep and it does not want hundreds of thousands of refugees flowing into China. So it’s very much in China’s interest and they’ve said this several times that they want a ceasefire, they want a cessation of the hostilities. So in fact its position is similar to the EU, its position similar to the UN, its position is similar to the US. They could well be, if they act quickly, a kind of united front from China, the EU, the UN and the US to impose a solution, a solution which could be a ceasefire and hopefully a long term peaceful settlement.

မေး - ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ကို ဘယ်လိုမြင်သလဲ။
ဖြေ - တရုတ်အနေနဲ့ ဒီကိစ္စမှာ အင်မတန် အရေးပါတဲ့ အပြုသဘောအခန်းကဏ္ဍမှာ ပါဝင်နိုင်ပါတယ်။ ကျနော် ဘာလို့ပါဝင်နိုင်တယ်လို့ ပြောသလဲဆိုတော့ ကချင်ပြည်နဲ့ တရုတ်နိုင်ငံဟာ နယ်နမိတ် ထိစပ်နေတဲ့အတွက် တရုတ်အနေနဲ့ စစ်မဖြစ်စေချင်ဘူး။ သူ့နယ်နမိတ်ထဲကို ထောင်သောင်းချီတဲ့ စစ်ပြေးဒုက္ခသည်တွေ ၀င်ရောက်လာမှာကို မလိုလားဘူး။ တရုတ်ရဲ့ အကျိုးအမြတ်တွေချည်းသက်သက် ဖြစ်နေတဲ့အတွက် အပစ်အခတ်ရပ်စဲဖို့၊ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ ထပ်ခါထပ်ခါ ပြောနေတာပါ။ တကယ်တမ်းတော့ တရုတ်ရဲ့ အနေအထားက အီးယူ၊ ကုလနဲ့ အမေရိကန်တွေနဲ့ တူတယ်။ ဒီနိုင်ငံ၊ အဖွဲ့အစည်းတွေ ညီညီညွတ်ညွတ်နဲ့ အပစ်အခတ်ရပ်စဲနိုင်ဖို့တင်မကပဲ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့် အဖြေတစ်ခုကို ချပြသင့်ပါတယ်။

Q: From my understanding, you had some very heroic accounts of what they’ve had to deal with in the midst of these fightings. Can you tell me a little bit about what you saw and what you heard?
GH: To answer to your question, you have to remember that the Kachin are really united! They’re not like the Karen divided between the KNU and DKBA or most Shan groups dividing. They are very, very, very united! The civilians would stand with the army and the army would stand with the civilians. And so that’s why I’m very concerned that the civilians themselves may be directly targeted by the Burmese Army. One of the additional reasons why I’m really concerned about is the stories that I’ve listened to from the civilians who’ve fled fighting and they were some of the worst that I’ve ever heard from Burma. A woman bandied to death with a baby of 17 days old. A women gang raped to death. A man shot in the stomach then massively mutilated afterwards. I mean things that one doesn’t want to talk about but these were the worst kind of stories I’ve heard in Burma. So my fear is that this could be replicated against the civilian population. And I think some of these need to bear in mind is that we’re not just here talking about Laiza. We’re talking about a corridor, may be 5, 6, 7 miles long for hundreds of miles, in which there are hundreds of thousands – below hundreds of thousands – of civilians trapped between the Burma Army and China. So the entire civilian population which is really under threat.

မေး - ဒီတိုက်ပွဲတွေ၊ အဖြစ်အပျက်တွေကို သူတို့(ဒေသခံ)တွေ ဘယ်လိုဘယ်ပုံ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြတ်သန်းခဲ့ရသလဲဆိုတာနဲ့ ပတ်သက်ပြီး ခင်ဗျားမြင်ခဲ့၊ ကြားခဲ့ရတာတွေကို နည်းနည်းပြောပြပါလား။
ဖြေ - ခင်ဗျား မေးခွန်းကို ဖြေဖို့အတွက်ဆိုရင် ကချင်တွေဟာ တော်တော်စည်းလုံးညီညွတ်တယ် ဆိုတာကို အမှတ်ရဖို့ လိုလိမ့်မယ်ဗျ။ သူတို့က ကရင်တွေ ကေအင်ယူနဲ့ ဒီကေဘီအေ ဆိုပြီး ကွဲသလို ကွဲမနေဘူး၊ ရှမ်းအဖွဲ့တွေလိုလည်း အဖွဲ့အများကြီး ကွဲမနေဘူး။ ကချင်တွေဟာ အင်မတန် စည်းလုံးတာဗျ။ ပြည်သူလူထုလည်း စစ်တပ်(ကေအိုင်အေ)ဘက်က ရပ်တည်တယ်။ စစ်တပ်(ကေအိုင်အေ) ကလည်း လူထုဘက်က ရပ်တည်တယ်။ ဒါ့ကြောင့် တကယ်လို့သာ မြန်မာစစ်တပ်ဝင်လာရင် ပြည်သူလူထုကို ပစ်ခတ်တိုက်ခိုက်မှာကို ကျနော် စိုးရိမ်တာဗျ။ ကျနော့် စိုးရိမ်မှုရဲ့ အကြောင်းတရား နောက်တစ်ခုက စစ်ပြေးဒုက္ခသည်တွေဆီက ကြားရတဲ့ အဖြစ်အပျက်တွေပဲ။ မြန်မာပြည်နဲ့ ပတ်သက်လို့ ကြားဖူးသမျှ အကြောင်းအရာတွေထဲမှာတော့ အဆိုးရွားဆုံး အဖြစ်အပျက်တွေပဲ။ (၁၇)ရက်သား ကလေးရဲ့ မိခင်ကို ရိုက်သတ်တာ၊ အမျိုးသမီးတစ်ဦးကို အုပ်စုလိုက် မုဒိန်းကျင့်ပြီး သတ်ပစ်တာ၊ အမျိုးသားတစ်ဦးရဲ့ ဗိုက်ကို ပစ်ခတ်ပြီး ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်ပစ်တာ၊ စတာတွေပေါ့။ ဒီလို အဖြစ်အပျက်တွေကို ပြောလို့မကောင်းပေမယ့် မြန်မာပြည်နဲ့ ပတ်သက်လို့ ကျနော်ကြားဖူးသလောက်မှာတော့အဆိုးရွားဆုံးတွေပဲ။ ဒါ့ကြောင့် ဒေသခံ ပြည်သူလူထုတွေ ဒါမျိုးအဖြစ်အပျက်တွေ ပြန်ကြုံတွေ့ရမှာကို ကျနော် အရမ်းစိုးရိမ်ပါတယ်။ ကျနော်တို့ သိထားဖို့က ကျနော်တို့ ဒီကနေ့ ဒီနေရာမှာ လိုင်ဇာအကြောင်း ပြောနေရုံ သက်သက်မဟုတ်ပါဘူး။ လေး၊ငါး၊ခြောက်မိုင်မကပဲ မိုင်ရာချီတဲ့ နယ်နမိတ်မျဉ်းတလျှောက်မှာ မြန်မာစစ်တပ်နဲ့ တရုတ်နိုင်ငံအကြား ပိတ်မိနေတဲ့ ထောင်သောင်းချီတဲ့ စစ်ပြေးဒုက္ခသည် ပြည်သူလူထုအကြောင်း ပြောနေတာပါ။ ဒေသခံလူထုတရပ်လုံးဟာ ခြိမ်းခြောက်ခံနေရတာပါ။

Q: These stories run, kind of, counter to the era which was built around Burma in the last couple of years as it begins to open up. What is the military’s behaviour say about the legitimacy of these reforms in your mind from what you’ve seen in the last week?
GH: They put a very, very severe question mark over these reforms. And remember, what I witnessed is massive warfare. You know artillery, helicopters, jet bombers and massive human wave attacks. This is extremely systematic onslaught on Kachin people and how can the International Community possibly be engaged in a liberalization reform process while this is going on? It doesn’t really make any sense and it puts a huge question mark over the whole reform process.

မေး - လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီး ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံရဲ့ ခေတ်စနစ်အသစ်နဲ့ ဒီအဖြစ်အပျက်တွေက ဆန့်ကျင်နေသလိုပဲ။ လွန်ခဲ့တဲ့ တပတ်က ခင်ဗျား မြင်တွေ့ခဲ့တဲ့ အဖြစ်အပျက်တွေအရ လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေ တရားဝင်ဖြစ်ဖို့အတွက် မြန်မာစစ်တပ်ရဲ့ အပြုအမူကို ခင်ဗျား ဘယ်လိုထင်သလဲ။
ဖြေ - ဒီပြုပြင်ပြောင်းလဲရေးတွေရဲ နောက်မှာ အင်မတန် ဆိုးရွားတဲ့ ပဟေဠိတစ်ခု ရှိနေပါတယ်။ ကျနော် မျက်မြင်ကြုံတွေ့ခဲ့ရတာတွေကို မမေ့ပါနဲ့။ အမြောက်လက်နက်ကြီးတွေ၊ ရဟတ်ယာဉ်တွေ၊ ဂျက်လေယာဉ်တွေ၊ လူသားလှိုင်းနဲ့ တိုက်ခိုက်မှုတွေကို မမေ့ပါနဲ့။ ဒါဟာ ကချင်တွေကို တနစ်တကျ သတ်ဖြတ်နေတာပဲ။ ဒိလို အဖြစ်အပျက်တွေ ဆက်ဖြစ်နေသ၍ နိုင်ငံတကာက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ ပါဝင်သင့်လား။ ဒါဟာ လုံးဝ အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ။ ပြုပြင်ပြောင်လဲရေးဆိုတဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံးကို မေးခွန်းထုတ်စရာ ဖြစ်စေတဲ့ ကိစ္စပဲ။

(မြန်မာပြန်ကို Lachid kachin  
မှ ကူးယူဖော်ပြသည်)



No comments:

Post a Comment