February 15, 2013

အစိုးရရဲ့ အတုယောင်လုပ်ကြံတဲ့ တွေ့ဆုံမှုသတင်း

အင်ဂွန်ဂျာဝါ

ဟိုတလောက အစိုးရ မီဒီယာတွေကနေ တဝက်မှန်တွေနဲ့ လုပ်ကြံဇာတ်လမ်းဖြစ်တဲ့ ကေအိုင်အေ တပ်ရင်း(၆)လက်အောက်ခံ ဗိုလ်ကြီးလဒွဲ နဲ့ စစ်တပ်လက်ဆွဲနှုတ်ဆက်တာတို့ ဘာတို့ ဖောထားလိုက်တာ။ 

ဇာတ်လမ်းမှန်ကို သိသွားတဲ့ အင်ဂွန်ဂျာဝါလည်း မနေနိုင်လို့ပြန်ဖောက်သည်ချရတာပေါ့။
 ဖြစ်ပုံကဒီလို......

 တပ်ရင်း(၆) လက်အောက်ခံ ဗိုလ်ကြီးလဒွဲ နဲ့အဖွဲ့တွေက ဂွေခါနားက မဂါးယန်၊ မဂါးပြင်တဝိုက်လှုပ်ရှားနေကြတဲ့အဖွဲ့။ မြဝတီကနေ လွင့်လိုက်တဲ့ သတင်းကြောင့် တပ်ရင်း(၆)ကိုပြန်မေးတော့ တပ်ရင်းမှူးကိုယ်တိုင်မပြောနဲ့ အဲ့ဒီက ရွာခံတွေတောင် ဘာမှ မသိဘူးတဲ့။ 

ခင်ဗျားတို့လည်းစဉ်းစားကြည့်ပေါ့ ထပ်ပိုင်းလူကြီးတွေတောင် သေချာမတွေ့ရသေးပဲနဲ့ ယူနီဖောင်းဝတ်တွေနဲ့ တခြားအဖွဲ့ကိုသွားဖို့ ဖြစ်နိုင်မဖြစ်နိုင်.....

 အဲဒီနေရာက အစိုးရစစ်ကြောင်းက ရွာခံတချို့ကို အသုံးချပြီး ကေအိုင်အေ ဆီကိုလွှတ်တာ။ ဘီယာတွေပို့ပေးပြီး သူတို့ကို လာမပစ်ဖို့ ရွာသားတွေကို သွားပြောခိုင်းတယ်။ တိုက်တိုက်ဆိုင်ဆိုင် ရွာသားတွေလာပြောတဲ့အခါ ကေအိုင်အေ ရဲဘောတွေက ဝက်သတ်စားနေတဲ့ အချိန်ဖြစ်တော့ ကိုယ့်ဆီ ကောင်းကောင်းလာရင် မရိုင်းတဲ့ ဧည့်ဝတ်ကျေတဲ့ ကချင်တွေပီပီ ဝက်သားတချို့တောင်ပြန်ပေးလိုက်သေးတယ်ဆိုတာ ဆက်သွယ်သိရတယ်။

No comments:

Post a Comment