(ဝဲမှယာ)ABSDF ဦးအောင်နိုင်၊ ဆိုင်မော်လဖိုင်း၊ စောဒယ်နီယာဇူ၊ ဦးဇော်တူးလဖိုင်း၊ စောလွင်ဦး၊ ဝန်ကြီးဦးခင်ရီ၊ ဦးမင်းသက်နိုင်၊ ဦးစိုင်းယုမွန် (Credit: ABC) |
မတ်လ ၂ဝ ရက် ၂ဝ၁၃
သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ သြစတြေးလျနိုင်ငံကို ရောက်ရှိနေစဉ်မှာပဲ ဆစ်ဒနီမြို့က မြန်မာနိုင်ငံအရေး လှုပ်ရှားသူတွေနဲ့ နာရီဝက်ကျော်ကြာ တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့ပါတယ်။ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းမှာ ပါဝင်ကြတဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ တရားမဝင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဝန်ကြီး ဦးအုန်းမြင့်နဲ့ သ မ္မ တ ပြော ရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်တို့က ကချင်၊ ကရင်၊ မွန် နဲ့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အပြည့်အစုံကို ဖတ်ရှုနားဆင်ရန်>>
No comments:
Post a Comment