March 01, 2013

စိုင်းနော်ခမ်း နောက်ဆုံး ပုံရိပ်များ

နော်ခမ်းကို တရုတ်တရားရုံးက အယူခံကို ပယ်ချပြီး သေဒဏ်ချမှတ်ခဲ့သည့် နေ့ က
ရာဇဝတ်ဒုစရိုက်ပြုမှု ကျုးလွန်ကြောင်းထင်ရှားသူ မည်သူမဆို ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ  ဥပဒေအရ အပြစ်ဒဏ်ကြခံကြရမှာပါ။ သို့သော် ရှမ်းတိုင်းရင်းသား ယခင်ခွန်ဆာဦးဆောင်တဲ့ Mong Tai Army (MTA)  စစ်မှုးဟောင်းတစ်ယောက် ဖြစ်ခဲ့တဲ့ စိုင်းနော်ခမ်းနှင့် အပေါင်းအပါ အချို့ ကို တရားမျှတမှုနှင့် နိုင်ငံတကာ စံနှုန်းမမှီတဲ့ တရုတ်တရားရုံးက  သေဒဏ်ပေးတဲ့ကိစ္စ ကိုတော့ လုံးဝ ကန့်ကွက်ပါတယ်။  

စိုင်းနော်ခမ်းဟာ မြန်မာနိုင်ငံသားဖြစ်နေတာ တကြောင်းရယ်။ နောက်ပြီ နော်ခမ်းနှင့် မှုခင်း သက်သေအထောက်ထား ဆက်နွယ်မှုဟာလည်း အလွန် နည်းကြောင်း ထိုင်းနိုင်ငံမှ ဥပဒေကျွမ်းကျင်သူတွေက  ပြောကြပါတယ်။ စိုင်းနော်ခမ်း ဟာ ထိုင်းနိုင်ငံမှာ တရားရင်ဆိုင်ခဲ့မည် ဆိုလျှင် တရားခံနော်ခမ်းနှင့် မှုခင်း သက်သေတိုက်ရိုက် စပ်ဆက်မှု အားနည်းတာကြောင်း အမှုကနေ ကွင်းလုံးကျွတ် လွတ်နိုင်ကြောင်းကြားရပါတယ်။ စိုင်းနော်ခမ်းဟာ လူချစ်လူခင်ပေါပြီး သူနဲ အတူလက်တွဲ အလုပ်လုပ်ဘူးသူ အားလုံးကလေးစားပြီး ခေါင်းဆောင်ကောင်းပီသကြောင်းနဲ့ မိမိငယ်သားများကိုလည်း အလွန်ဂရုစိုက်တာဝန်ယူကြောင်း၊ မဟုတ်မခံ အလွန်ရဲစွမ်းသတ္တိရှိသူ ဖြစ်ကြောင်းကြားသိရပါသည်။  

စိုင်းနော်ခမ်း အတွက် စိတ်မကောင်းပါ။ မိသားစုဝင်များနည်းတူ ကျွန်တော် အင်ဂွန်ဂျာဝါလည်း ထပ်တူထပ်မျှ ဝမ်းနည်းပါသည်။ နော်ခမ်း ကြီး ကောင်းရာသုဂတိလား ပါစေလို့ ဆုတောင်းရင်း နော်ခမ်းကို ဂုဏ်ပြုလိုက်ပါတယ်။




နော်ခမ်းကို ခေါ်သွားကြပြီ
နော်ခမ်းကို ဆေးထိုးသတ်ဖို့  ၄၅ မိနစ်အလို ကပုံ
နော်ခမ်းကို ဆေးထိုး သတ်ဖို့ ၄၅ မိနစ် အလိုမှာ ဖြစ်တယ်

No comments:

Post a Comment