March 30, 2013

“ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့ စည်းအုပ်ချုပ်ပုံနဲ့ အစားထိုးမှသာလျှင် နိုင်ငံရေးပြဿနာဖြေရှင်းနိုင်မယ်”



ဗိုလ်ချုပ်ဆေထင်သည် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တခုဖြစ်သည့် SSPA/SSA ၏ အထင်ကရခေါင်းဆောင် ဖြစ်သည်။
မကြာသေးမီက လားရှိုးမြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲသို့  တက်ရောက်လာသည့် ဗိုလ်ချုပ်ဆေထင်ကို အလွတ်သတင်းထောက် ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ကတွေ့ ဆုံမေးမြန်းထားသည်ကို ဧရာဝတီ မှတဆင့် ပြန်လည်ဖော်ပြပါသည်။


မေး ။ ။ ဗိုလ်ချုပ်ဆေထင် ဒီဆွေးနွေးပွဲတက်ရောက်ရခြင်း အကြောင်းရင်းကို ပြောပြပေးပါ။
ဖြေ ။ ။ လာတက်ရတာကတော့ ရှင်းနေတာပဲလေ၊ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်တာပေါ့၊ ဒီပွဲကနေတဆင့် မြန်မာတပြည်လုံး ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့  သွားကြမယ်လို့  ယုံကြည်လို့ လာတက်တာပါ။

မေး ။ ။ ဒီပွဲ မတိုင်မီ ရှေ့ တရက်ကလည်း ဝန်ကြီးဦးအောင်မင်းတို့ အဖွဲ့ နဲ့ တွေ့ ဆုံရာမှာ ဘာတွေဆွေးနွေးဖြစ်ခဲ့သလဲ။
ဖြေ ။ ။ ကြိုကြား အပစ်အခတ်ဖြစ်နေတာတွေပေါ့၊ ဒါနဲ့ ပတ်သက်ပြီး နှစ်ဘက်တပ်တွေအရေး ပြောခဲံတယ်၊ ပြေလည်ပါတယ်။

မေး ။ ။ အစိုးရနဲ့ ငြိမ်းချမ်းရေးသဘောတူချက် တခုက လက်နက်စွန့် ၊ ပါတီထောင်ပြီး နိုင်ငံရေါ်လုပ်ဖို့ပေါ့ဗျာ..၊ အဲဒါကို ဘယ်လိုသဘောရပါသလဲ။
ဖြေ ။ ။ လက်နက်စွန်းဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေါ်ပါတီ ထူထောင်ပြီး လုပ် ဆိုတာ လွှတ်တော်မှာ နိုင်ငံရေး လုပ်ဖို့ ဖြတယ်။ ဒီအတွက်က ၂ဝဝ၈ အခြေခံ ဥပဒေနဲ့  ဖွဲ့ ထားတဲ့ လွှတ်တော်၊ မိုးထဲလေထဲ နာဂစ်မုန်တိုင်း ကာလမှာ ပေါ်လာတဲ့ ဖွဲ့ စည်းပုံ၊ အတည်ပြုခဲ့တဲ့ ဖွဲ့ စည်းပုံ၊ အဲသည် ၂ဝဝ၈ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကျနော်လုံးဝ လက်မခံဘူး။ ဒီအခြေအနေမှာ လွှတ်တော် သွားဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။

အပစ်အခတ် ဆိုတာလည်း နိုင်ငံရေး ပြဿနာတရပ်ပါ။ ဒါကို နိုင်ငံရေး နည်းလမ်းနဲ့  ဖြေရှင်းရမယ်။ ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရမယ်။ ဒီနေရာမှာ  ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့ စည်းအုပ်ချုပ်ပုံနဲ့ အစားထိုးမှသာလျှင် နိုင်ငံရေးပြဿနာဖြေရှင်းနိုင်မယ်။

မေး ။ ။ ငြိမ်းချမ်းရေး ရဖို့  ဘာ အဓိကလိုမလဲ။
ဖြေ ။ ။ အခုလာရှိုးမှာ  လုပ်နေတဲ့ ပွဲလိုပေါ့၊ တဦးနဲ့ တဦး ယုံကြည်မှု တည်ဆောက်သွားဖို့ လိုတယ်။ အပေးအယူတော့ ရှိမှာပေါ့...၊
ဗိုလ်ချုပ်အောင်ဆန်းပြောဖူးခဲ့တယ်လေ...ခင်များတို့  ရှမ်းတွေက တိုင်းရင်းသားတွေ တဲ့။ အင်္ဂလပ်ကျွန် မဖြစ်စေရသလို၊ ဗမာကျွန်လည်း မဖြစ်စေရဘူးဆိုတာကိုလေ..။
ဗိုလ်ချုပ်အောင်ဆန်း သေတော့ နောက်ပိုင်း ကျနော်တို့ လည်း ဗမာကျွန်ဖြစ်သွားတာပဲ၊ ဒီပြဿနာကို ဖြေရှင်းဖို့ က အချိန်ယူရမယ်။


နေရာမှ ကူးယူပါသည်။

No comments:

Post a Comment