ဦးကျော်ဝင်း (ညာဖက်)နှင့် RFA သတင်းထောက် |
လောလောဆယ် ကချင်ဆွေးနွေးပွဲမှာ တရုပ်အစိုးရကြောင့် သတ်မှတ်ရက်မှာမကျင်းပနိုင်ဘူး သတင်းထွက်ပေမဲမဲ့၊ တရုပ်သံရုံးပြောရေးဆိုခွင့်ရှိသူက သူတို့ကြောင့်မဟုတ်ဘူးလို့ဆိုပါတယ်။
မြန်မာနိုင်ငံတိုင်းရင်းသား လက်နက်ကိုင်အရေးအခင်းဟာ ပြည်ပနိုင်ငံများအပေါ် မူတည်နေတာတွေ့ရတယ်။ အခု အမေရိကန်နဲ့မြန်မာအစိုးရ ဆက်ဆံရေးအဆင်ပြေတဲ့နောက်ပိုင်းမှာ ကေအင်ယူ နဲ့ စစ်တပ်နဲ့အဆင်ပြေသွားရတယ်။ မြန်မာပြည်တွင်း အမေရိကန်နဲ့အဆင်ပြေလာချိန်မှာ တရုပ် မြစ်ဆုံ၊ လက်ပတောင်းတောင်စီမံကိန်းများ ဖြစ်နေချိန်မှာ ကချင်ပြည်တွင်းစစ် ဖြစ်လာပါတယ်။ ဒါကြောင့် ကချင်ဒေသ ငြိမ်းချမ်းရေးဟာ တရုပ်နဲ့ ဆက်ဆံရေးပေါ်မှာ မူတည်နေတယ်လို့ ပြောနိုင်ပါတယ်။
အခုဓါတ်ငွေ့ပိုက်လိုင်းကိုလည်း တရုပ်အစိုးရအတွက် အလွန်အရေးကြီးတယ်။ ပစိဖိတ်သမုဒရာဘက်ပဲ ထွက်ပေါက်ရှိတဲ့ တရုပ်ပြည်အတွက် အိန္ဒိယသမုဒရာထွက်ပေါက် ရှာနေတာ ကြာပြီဖြစ်ပါတယ်။ အခုတော့ ဒီလမ်းကြောင်းကို ရသွားတဲ့အတွက် အမေရိကန်ရဲ့ ပစိဖိတ်ကြီးစိုးထားတဲ့ အင်အားသာမှုကို မြန်မာပြည်က ဓါတ်ငွေလိုင်း နဲ့ ထွက်ပေါက်ယူပါမယ်။ ဒီလမ်းကြောင်းကတဆင့် ရေနံ၊ တခြားကုန်စည်များ သယ်ယူပို့ဆောင်ဖို့ အစီအစဉ်ရှိပါတယ်။
ဆရာကျော်ဝင်း စာပေဟောပြောပွဲ ၂၀၀၉၊ မော်လမြိုင် (အကျဉ်း)
World is Flat ဆိုတဲ့ စာအုပ်ကို ဘာသာပြန်စဉ် အမေရိကန်ဘက်သားလို့ ပြောခံရသည်။
ဘာသာပြန်စာပေဆုရပြန်တော့ အစိုးရဘက်သားလို့ ပြောခံရပြန်သည်။ ထိုစာအုပ်က ဂလိုဘယ်လိုက်ဇေးရှင်း အကြောင်းရေးထားည်။
ပထမအဆင့်တွင် ကိုလံဘတ်၊ ဘတ်စကိုဒဂါးမား တို့ဖြင့်စတင်ပြီး ပေါ်တူဂီ၊ စပိန်၊ နယ်သလန်၊ ပြင်သစ်၊ အင်္ဂလိပ် စသဖြင့် ဥရောပနယ်မြေသစ်ချဲ့ထွင်ခြင်းများဖြင့် စတင်သည်။
ဒုတိယအဆင့်သည် အမေရိကန်ဖြစ်သည်။ ဒုတိယစစ်ကြီးအပြီး အမေရိကန်ဒီမိုကရေစီနှင့် ကွန်မြူနစ်စနစ်တို့ အားပြိုင်ရင်း ကွန်မြူနစ်စနစ်ကျဆုံးခဲ့သည်။ တရုပ်ပြည်သည် WTO အဖွဲ့ဝင်ဖြစ်လာပြီး ကမ္ဘာ့စီးပွားရေးသို့ တရှိန်ထိုးဝင်ရောက်လာခဲ့သည်။
တတိယအဆင့်သည် ၂၀၀၀ခုနှစ်တွင် စတင်သည်။ IT ဟုခေါ်သော ကွန်ပြူတာ၊ အင်တာနက်နည်းပညာဖြင့် ကမ္ဘာကိုပြားသွားစေခဲ့သည်။ အိန္နိယ၏ ပညာတတ်၊ဈေးချိုသော လုပ်အားကို Outsource လုပ်နိုင်ခဲ့သည်။
သို့သော် ဆင်းရဲတွင်းနက်ကျန်ရစ်သော နိုင်ငံများရှိနေသည်။ ဆင်းရဲတွင်းနက်ခြင်း (၄)ချက်မှာ
၁။ အချင်းချင်းရန်ဖြစ်နေခြင်း။ ပြည်တွင်းစစ်ဖြစ်နေခြင်း
၂။ သယံဇာတကျိန်စာ
- ဆင်းရဲတွင်းနက်နေသော ၅၈နိုင်ငံအများစုတွင် သယံဇာတရှိပြီး၊ လူစွမ်းအားအရင်းမြစ်ကို ပစ်ပယ်ခြင်း၊
- စီးပွားရေးသမားများ Rank Seeking တနည်းအားဖြင့် ခြစားစနစ်
- လက်နက်ကိုင်များက သယံဇာတ အပြိုင်လုယူနေကြခြင်း
၃။ အဆက်ပြက်အထီးကျန်မှု
- ပထ၀ီကုန်းတွင်းပိတ်နေခြင်း
- အတွေးခေါ် ကုန်းတွင်းပိတ်နေခြင်း
- မျိုးချစ်စိတ်လိုထင်နေသော ၀ါဒ
၎။ ထိုအထက်ပါ(၃)ချက်မှ Bad Governance ခေါ်သော ကလက်တိုပရေစီ Kleptocracy အစိုးရဖြစ်လာရသည်။
မျှော်လင့်ချက်များ
၁။ ပြည်တွင်းစစ်ရပ်စဲခြင်း
၂။ လူ့စွမ်းအားကို အရေးပေးခြင်း
၃။ အဆက်ပြက်အထီကျန်ခြင်းကို ရာဇ၀င်တွင်ထားရစ်ခြင်း
၎။ တကယ့်ကို Good Governance ဖြစ်အောင်အုပ်ချုပ်ခြင်း တို့ဖြစ်ပါတယ်။
Ngunjawa 2 (12-April-2013)
No comments:
Post a Comment