January 11, 2014

China ကလေးထပ်မွေးမိလို့ ကန်ဒေါ်လာ ၁.၂သန်း ဒဏ်ငွေ ပေးဆောင်ရ

ပိုက်ဆံရှိပြီး ကလေးအများကြီးလိုချင်တဲ့ ရုပ်ရှင်သဌေး၊ ကလေးထပ်မွေးမိလို့ ကန်ဒေါ်လာ ၁.၂သန်း ဒဏ်ငွေ ပေးဆောင်ပြီးပြီဟုပြောပါတယ်။ တရုပ်ပြည် တစ်အိမ်ထောင် ကလေးတစ်ယောက် ပေါ်လစီအရ နောက်တစ်ယောက် ထပ်မွေးရင် လင်မယား၂ဦး၊ ဝင်ငွေပေါ်ကြည့်ပြီး ဒဏ်ရိုက်ပါတယ်။ အော်စကာဆု နော်မနိတ်လုပ်ခံရတဲ့ ရုပ်ရှင်ထုတ်လုပ်သူ Zhang Yimou နဲ့ သူဇနီးတို့ဟာ ကလေး၃ယောက်ရှိပြီဖြစ်ကြောင်း ဝန်ခံပါတယ်။ တစ်ခုလပ်မိန်မမှာ အရင်အိမ်ထောင်နဲ့ ကလေးတစ်ယောက်ထဲရှိရင် ၂ယောက်ယူခွင်ရှိပါတယ်။ အခုကိစ္စက ၃ယောက်ဖြစ်သွားလို့..တဲ့။ တရုပ်ပြည်ကတော့ လူဦးရေပြသနာကို ဒီလိုနည်းနဲ့ဖြေရှင်းပါတယ်။ မနေချင်ရင် တရုပ်ပြည်က ထွက်ကြပေါ့.. တရုပ်အစိုးရက ခပ်တင်းတင်းပါပဲ။

အခုခေတ် နိုင်ငံတိုင်းက ဒီလိုအတင်းကျပ် မလုပ်ပေမဲ့၊ လူတွေက ကလေးများများ မယူပါဘူး။ ပိုက်ဆံရှိတိုင်း တပြွတ်ပြွတ် မွေးခွင့် ဒီမိုကရေစီနိုင်ငံတွေမှာ ရှိပေမဲ့၊ ဒီမိုကရေစီ မိန်းမတွေက ကလေးမမွေးချင်တော့ပါ။ ဒါကြောင့် ဥပဒေမထုတ်လဲ ဒီမိုကရေစီနိုင်ငံများက တစ်အိမ်ထောင်၊ ကလေးနှစ်ယောက်တော့ ယူကြပါတယ်။ တရုပ်စီးပွားရေး တက်လာတာလဲ တစ်အိမ်ထောင် ကလေးတစ်ယောက် ပေါ်လစီက ပိုအဓိကကျနေပါတယ်။
Hong Kong (CNN) 10-Jan-2014

1 comment:

  1. Tips & Tricks of computer and more....
    Explore all you want
    And paint your days with colorful dreams
    Follow us and touch the world
    with http://atsammarai.blogspot.com

    ReplyDelete