February 14, 2014

ရွေးချယ်မှုဖြစ်လို့ကျေနပ်စွာခံယူတဲ့ ဒီမိုကရေစီခရီးစဉ် DASSK

Aung San Suu Kyi - The Choice (2012)

ဒေါ်အောင်ဆန်းစုကြည် အကြောင်း တစ်နာရီ သမိုင်းမှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ ကြည့်ခဲ့သမျှ Documentaray အားလုံးမှာတော့ အပြည်စုံဆုံး၊ အထူးသဖြင့် မြန်မာလူနေမှု့အခြေအနေ၊ စရိုက်တွေပေါ်လွင်အောင် ပြသနိုင်တဲ့အပြင်၊ နိုင်ငံတကာ အထူးသဖြင့် အမေရိကန်သမ္မတလောင်း အမျိုးသမီးကြီး ဟီလာရီကလင်တန်ရဲ့ အမြင်များ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ပိုင်အမြင်များကို ရှင်းလင်းစွာတင်ပြထားပါတယ်။ သူမငယ်စဉ်က မိခင်၊ဖခင်၊မိသားစုများအကြောင်း၊ ရှစ်လေးလုံးအရေးခင်းမတိုင်မှီက ခရီးစဉ်များ။ စစ်အစိုးရ၊ စစ်ဗိုလ်ချုပ်များအကြောင်း၊ နောက်ဆုံး ၂၀၁၁ ကြားဖြတ်ရွေးကောက်ပွဲ ခရီးစဉ်များ၊ ၂၀၁၂ အထိ ဖြစ်စဉ်များကို မှတ်တမ်းဖြစ်ပါတယ်။ ၁၉၈၈ အရေးအခင်းမှာ အသက်၇၃နှစ်အရွယ် အာဏာရှင်ဦးနေဝင်းက ပြည်သူလူထုကို နောင်ဆူပူရင် စစ်တပ်ကတည့်တည့်ပစ်မယ်..ခြိမ်းခြောက်ပြောပြီး၊ ရထူးကထွက်ပေးလိုက်တဲ့ ဗီဒီယိုကိုလည်း မြင်လိုက်ရပါတယ်။ မြန်မာနိုင်ငံသားမှန်ရင် ကြည့်ရှုသင့်တဲ့ ဖြစ်ရပ်မှန် မြန်မာ့သမိုင်းမှတ်တမ်းဖြစ်ပါတယ်။ သူရဲ့ မိသားစုနဲ့လူသားအခွင့်အရေးတွေ ဆုံးရှုံးသွားခဲ့ပေမဲ့ ဒါဟာသူမရဲ့ ရွေးချယ်မှုဖြစ်လို့ ကျေနပ်စွာခံယူပါတယ်..ဆိုတဲ့အကြောင်းပါ။ ဒီဗီဒီယိုမှာ ရှစ်လေးလုံး၊ ဒီပဲယင်း၊ အကျဉ်းချ၊ နှိပ်စက်မှုများကို ဖေါ်ပြထားပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းစွာဒီမိုကရေစီခရီးစဉ်ကို ဆက်လက်ထိန်းသိမ်းဖို့ ရည်ရွယ်ပါတယ်။
http://www.youtube.com/watch?v=1_IjNKT_T5o

No comments:

Post a Comment