April 13, 2013

တူးပို့ တန်ခူး - နောင်ရိုး



• တူးပို့ တန်ခူး •
ပန်ဆင်လေ မောင်ရွယ်စူး 
သည်တန်ခူး သည်အတာ 
ခူးတဲ့ပိတောက်ဝါ 
ခင့်ကေသာ ဆင်ကာမြန်းပါလို့

 နွှဲကြစို့ သည်အတာ
ထိန်ထိန်ဝါသည်ပိတောက်ရယ်နဲ့
ရွှင်ကြည်သာတူစုံလျှောက်ပါလို့
အမောဖောက်နဲ့ကွာ ……
မောဖေါက်ရင်ဒီလာ
စတုဒိသာဝင်ကာလွေးသာပ
ခင့်ဘ၀င် အစဉ်လန်းစေရမယ်
လောင်းကြတဲ့ ရေအတာ ………
မြူးကြွတဲ့ သည်အတာ
များသူငါ ပျော်မဆုံးစေဘု
နားဆင်လေ သည်တန်ခူးမှာလ
ဟော ………
တူးပို့သံကျူး ………။ 

ရေးသူ - နောင်ရိုး

No comments:

Post a Comment