October 21, 2015

ကျေးဇူးတင်ပါတယ် ကိုမောင်မောင်စိုး နဲ့ ဗိုလ်ထက်မင်း


ကျေးဇူးတင်ပါတယ် ကိုမောင်မောင်စိုး နဲ့ ဗိုလ်ထက်မင်း
ကျနော် ဘယ်ပါတီမှမဝင်သလို ဘယ်လက်နက်ကိုင်အဖွဲ့နဲ့မှာ မပူးပေါင်းသေးပါဘူး။ ဒါပေမဲ့ ကချင်ပြည်မှာမွေးဖွားခဲ့တော့ ကချင်ပြည်နယ်သားတွေကို အရမ်းသံယောဇင်ရှိပါတယ်။
KIA, TNLA , AA (၃)ဖွဲ့ မပါလို့ မထိုးသေးဘူးလို့ ဇွတ်တင်းခံနေရတာဟာတွေ ရှိနေပါတယ် ..လို့စာရေးသူရေးထားပါတယ်။ MPC က တရုပ်ဝင်ရှုပ်လို့ ဒီအဖွဲ့ျေတွလက်မှတ်ထိုးဖို့ ခက်နေပါတယ် ပြောတော့ ..တရုပ်အစိုးရစိတ်ဆိုးတာကြောင့် အဲဒီပြောတဲ့လူက ..အဲဒီလိုပြောတာမဟုတ်ပါဘူး..ဆိုပြီး မီဒီယာအရေးမှားသလို ပြန်လွှဲချလိုက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ကချင် KIA နဲ့ ကိုးကန့် တွေကို လက်ရှိမြန်မာတိုက်လေယာဉ်တွေနဲ့ ဗုံးကျဲ၊ ဒုံးပျံတွေစမ်းသပ်ပစ်ခတ်ခြင်းခံနေရတာ ..မြေပြင်တပ်ကလဲ မြို့ငယ်ရွာတွေမီးရှို့ မေပြင်မြန်မာစစ်တပ်ကိစ္စကတော့ အစိုးရနဲ့စစ်တပ်အမိန့်မရပဲ လုပ်တာဖြစ်နိုင်ပေမဲ့ လေယာဉ်နဲ့ဗုံကြဲတိုက်ခိုက်တာကတော့ စစ်တပ်က သေသေချာချာ လုပ်တာပါ။ လိုင်စာကို အလွယ်တကူတက်သိမ်းနိုင်ပေမဲ့ ..မလုပ်တဲ့အတွက် စစ်တပ်ကိုကျေးဇူးတင်ရမှာပါပဲ။ ကချင်ဒုက္ခသည် သိန်းနဲ့ချီပြီး အမေရိကန်က ထောက်ပံ့ကြွေးမွေးထားတာကို တရုပ်အစိုးရ လုံးဝမကြေနပ်ပါဘူး။ ငါတို့နဲ့ မြန်မာအစိုးရကြား ဝင်မရှုပ်နဲ့ပေါ့။
ဒါကြောင့် အမေရိကန် နဲ့ ထိုင်း သြဇာရှိတဲ့ KNU, DBKA အောက်မြန်မာပြည်က လက်နက်ကိုင်တိုင်းရင်းသားများ အပစ်ခနတ်ရပ်စဲရေး NCA စာချုပ်လက်မှတ်ထိုးနိုင်ပေမဲ၊ တရုပ်သြဇာကြီးတဲ့ KIA, ကိုးကန့်၊ ဝ တိုင်းရင်းသား အထက်မြန်မာပြည် လက်နက်ကိုင်တိုင်းရင်းသားတွေကတော့ လက်မှတ်မထိုးနိုင်တာ ..ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ မလိုပါ။
အချိန်ကာလတစ်ခုကို စောင့်ရမှာဖြစ်ပါတယ်။
လူနှစ်ယောက် လမ်းမပေါ်ရန်ဖြစ်ထိုးကြိတ်လို့ အင်အားကြီးတဲ့လူက အလဲထိုးအနိုင်ယူပါတယ်။ လဲကျရှုံးနိုမ့်ရသူကတော့ ငြိမ်းချမ်းရေးလုပ်ပါ ဆိုရင်တောင် မလွယ်တော့၊ အထက်မြန်မာပြည်လက်နက်ကိုင်ကိစ္စ … အဲဒီနေရာသွားမကြည့်ဖူးရင် … နားလည်ဖို့ခက်ပါတယ်။ ကျနော် နိုင်ငံခြားနေပေမဲ့ အဲဒီနေရာမှာကို မကြာခဏရောက်ပြီး ကချင်ဒုက္ခသည်အရေး ကူညီနေသူ ဖြစ်ပါတယ်။ အင်ဂွန်ဂျာဝါ (၂)

http://ngunjawa2011.blogspot.sg  (အင်ဂွန်ဂျာဝါ ဘလောက်)

http://goo.gl/SEFs65   (မောင်မောင်စိုး ငြိမ်းချမ်းရေးဆောင်းပါးများ)

http://goo.gl/7RnzuH  (ဗိုလ်ထက်မင်း ငြိမ်းချမ်းရေးဆောင်းပါးများ)


No comments:

Post a Comment