ဒေါက်တာတူးဂျာရဲ့ သဘောထားနဲ့အမြင် (ကောက်နုတ်ချက်)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြစ်ကြီးနားခရီးစဉ်အပေါ် အမြင်
- "ကျနော်က သူ့ကိုမလာနဲ့လိုလည်း ပြောလို့မရဘူးလေ၊ ဒါက ဒီမိုကရေစီ
ခေတ်ရောက်တယ် ဆိုတဲ့အခါကျတော့ သူ့ပါတီကိစ္စ သူလုပ်စရာရှိ တာ လုပ်မှာပဲ၊ ဒါပေမဲ့ သူ့ရဲ့လာပုံလာနည်းကို ကျနော်စောင့်ကြည့်မယ်၊ သူ့လာ ပုံလာ နည်း ပြောပုံပြောနည်းတွေက သူက ကချင်ပြည်နယ်ကို လက်ဝါးကြီး အုပ်ချင်နေတဲ့ ပုံစံမျိုးဆိုလို့ရှိရင် ကျနော် လက်မခံဘူး၊ ကချင်ပြည်နယ် မှာရှိတဲ့ ပါတီတွေနဲ့ သဟဇာတဖြစ်မယ်၊ အပေးအယူမျှမျှတတ လုပ်ဆောင် သွား ချင် တဲ့ ဆန္ဒရှိရင် ဆိုရင် ကျနော်တို့လက်တွဲလို့ရတယ်၊ ဒီကိစ္စ ကတော့ ဒေါ်အောင် ဆန်း စုကြည်နဲ့ NLD အပေါ်မှာ လုံးလုံးလျားလျားမူတည်တယ်လို့ ကျနော် ပြော ချင်တယ်"

ဒေါ်အောင်ဆန်းစုကြည့်အပေါ် သဘောထား
- တစ်ခုရှိတာက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းရင်းသားအရေး ကို ဒိထက်မကပိုပြီး နားလည်လာအောင်ဆက်လက်လေ့လာဖို့ လိုကောင်း လိုလိမ့်မယ်လို့ ကျနော်သုံးသပ်မိတယ်လေ။ ဒါမှပဲ တိုင်းရင်းသားတွေ နဲ့ဆက်ဆံ တဲ့နေရာမှာ ပိုပြီးတော့ ပြေပြစ်မှုရှိ မယ်၊ ခေါင်းဆောင် တစ်ဦး အနေနဲ့အသိအမှတ်ပြုပါတယ်။
အပစ်အခတ်ရပ်စဲရေးအပေါ်အမြင်နဲ့သဘောထား
“ ကျနော်ကတော့ လက်ရှိအခြေအနေကို သုံးသပ်ကြည့်ရင်တော့ အိမ်တစ်အိမ်ကိုဆောက်ပြီးပြီ၊ အိမ်သစ်တက်ပြီးတော့မှ ဝင်နေကြဖို့ပဲလိုတော့တဲ့အချိန်မှာဒါကိုဖြိုဖျက်လိုက်မယ့်ပုံစံမျိုး တွေ့မြင်ရ လို့ ကျနော်စိတ်မကောင်းဘူး။ အကြောင်းတရားကို ကြည့်မယ်ဆိုတဲ့ အခါကြတော့ အချင်းချင်း အစိုးရကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကိုယ်စားလှယ်များ ဆက်ပြီးညှိနှိုင်း ဖို့လိုတဲ့ အချက်တစ်ချက်၊ နှစ်ချက်ပေါ့ စိတ်ရှည်ရှည်နဲ့ ဆက်လက်ညှိနှိုင်းဖို့လိုအပ် တယ်။ အပေးအယူအလျှော့ အတင်းကတော့ထပ် လုပ်ဖို့လို အပ်တယ်၊ အဲဒါမလုပ်နိုင်ဘူးဆိုလို့ရှိ ရင်တော့ ဒီအပစ်အခတ်ရပ်စဲရေး ဟာ ပြည့်ဝနိုင်စရာမရှိ ဘူးလို့မြင်တယ်၊ ဒါကြောင့်မို့ ပျက်တောင် ပျက်သွားနိုင်တဲ့အနေအထားရှိတယ်”
-----------------------------------------------
- စခုန်တိန့်ယိန်းက အခြားပါတီများ မဲမဆွယ်ရလို့ စာထုတ်တော့ ဒေါက်တာ တူးဂျာ ဘာပြောသလဲမသိဘူး။
-ရွေးကောက်ပွဲကော်မရှင်နဲ့ ကချင်ပြည်နယ်အစိုးရက တစ်ကျိတ်ထဲ တစ်ဉာဏ် ထဲ မြစ်ကြီးနားက မနောကွင်းကို တံခါးတွေပိတ်သော့တွေခတ်တဲ့ ကိစ္စမှာ လည်းဘယ်လိုသဘောထားသလဲ။
ရိုသေစွာဖြင့်
မောင်ကျော်မော်
၂ - ၁၀- ၂၀၁၅
၂ - ၁၀- ၂၀၁၅
-----------------------------------
(RFA) 1-10-2015 http://goo.gl/Fu01WP
No comments:
Post a Comment