April 04, 2017

''ဘီဇက်ဇော်လီ(ကချင်ပြည်)'' - ကျောက်စိမ်းဈေးကွက် ၁၉၉၀-၂၀၁၆


ကျောက်စိမ်းဈေးကွက် ၁၉၉၀-၂၀၁၆
မြန်မာပြည် ဖားကန့် လုံးခင်း ဆိုင်းတောင် နဲ့ တရုပ်ပြည် ရွှေလီ ယင်းကျန်း မံချီ ထန်ချုန်း ကြယ်ဂေါင် ကူမင်း စတဲ့မြို့များက ကျောက်စိမ်း တူးဖေါ်ခြင်း ရောင်းဝယ်ကူးသန်းခြင်းတွေ ''ဘီဇက်ဇော်လီ(ကချင်ပြည်)'' ၂၃အုပ်မြောက် စာအုပ် (220 pages) ၂၀၁၅ မှာ ထွက်လာပါတယ်။

တရုပ်ပြည် ယူနန်ပြည်နယ်မြို့တော် ကူမင်း မှာ ပြပွဲလုပ်ရင် ကျောက်စိမ်းတုံးများ ကို တရုပ်မြန်မာ ကုမဏီများက ခင်းကျင်းပြသကြပြီး တိုင်ဝမ်နဲ့ဟောင်ကောင် ကုမဏီများကတော့ တန်ဖိုးကြီး ကျောက်စိမ်းလက်ဝတ်ရတနာ အချောထည်များကို ပြသရောင်းချ ကြပါတယ်။

တရုပ်မြို့ အုပ်ချုပ်ရေးအဖွဲ့တွေကလဲ သူတို့မြို့မှာ ကျောက်စိမ်းဈေးကွက်ရောက်လာဖို့ အြိုင်ဆိုင် ဈေးချိုတဲ့ ပြခန်းများ ပြပွဲများ လုပ်ပေးခဲ့ပါတယ်။
.
.
.
ကျောက်စိမ်းသမိုင်း

'' ၁၉၉၀ မတိုင်မီ ရွှေလီမှာ ဈေးအကောင်းဆုံးရခဲ့ပါတယ်။

'' ၁၉၉၅ အထိ ဈေးကောင်းရဆဲ ရွှေလီရောက်တဲ့ ကျောက်သမားတိုင်း မရောင်းရ မရှိခဲ့ပါ။

'' ၂၀၀၀ နောက်ပိုင်း မြန်မာဘက်က ကျောက်များ သိပ်အရောင်း မကောင်းတော့။

'' ၂၀၀၈ တရုပ်ပြည်အိုလံပစ် မတိုင်မီ ဈေးကွက်ကောင်းခဲ့ပြီး တဖြေးဖြေးကျဆင်းလာပါတယ်။

'' ၂၀၀၉-၂၀၁၀ မှာတော့ ကုမဏီခေတ် ရောက်လာပါတယ်။ ကုမဏီများကို အစိုရက ကျောက်စိမ်းတန်ဖိုး 50% - 50% အစိုးရနဲ့ ကုမဏီ ခွဲဝေယူတဲ့ ခေတ် ရောက်လာပါတယ်။ မြန်မာတပြည်လုံးက အလုပ်လက်မဲ့တွေ သူဌေးဖြစ်လိုသူတွေ ရေမဆေးကျောက် ဆိုတဲ့ ကုမဏီစွန်ပစ် မြေစာများက လုယက်ရှာဖွေသူ သိန်းနဲ့ချီပြီး ရှိလာပါတယ်။

''ရေမဆေးကျောက် အများစုက တန်ဖိုးနည်းပါတယ်။ ယခင် 1Kg=Yuan 400 လောက် ရပေမဲ့ အခု 2015 မှာ 1Kg=Yuan 50 ဖြစ်နေပါတယ်။ တရုပ်ပြည်မှာ စုပုံပြီး တတန်ကို 1ton=Yuan 4000 - 10,000 နဲ့ ရောင်းနေပါတယ်။ (Yuan 1 = Kyat 165, 2016 Mar).

'' ၂၀၁၂-၂၀၁၃ မှာ ကချင် KIA နဲ့ အစိုးရစစ်တပ် အပြင်းထန်တိုက်ပွဲများကြောင့် ကျောက်စိမ်းဈေးကွက် အေးသွားပါတယ်။ တရေုပ်ပြည်မှာ ၅နှစ်စာလောက် ကျောက်စိမ်း အလုံလောက် ဝယ်ယူထားပြီး ဖြစ်လို့ မြန်မာကျောက်စိမ်းများ ဈေးကောင်းမရနိုင်ပဲ ဈေးကိုင်လို့လဲ မရပါ။ စစ်ပွဲ အေးသွားပြီး ၂၀၁၃ ဖားကန့်- မန္တလေး ကျောက်စိမ်းယာဉ်တန်း ၂၀၀ ကျော် မောင်းနှင်ယူလာပြီး မြန်မာနိုင်ငံတွင်း ကျောက်စိမ်းဈေးကွက်ကြီး စတင်လာပါတော့တယ်။ တရုပ်ပြည် ဝယ်လက်များ (ကျောက်စိမ်းဝယ်ရောင်းသမားများ) မန္တလေးမြို့ ရောက်လာကြပါတယ်။

အခုဆိုရင် ဖားကန့် မန္တလေး နေပြည်တော် ရန်ကုန်ဗိုလ်ချုပ်ဈေး နဲ့ မြစ်ကြီးနားမြို့ အထိ ကျောက်စိမ်းပြပွဲ ဈေးကွက်လုပ်နေပါတယ်။ မစည်ကားသေးပေမဲ့ တရုပ်ဈေးကိုကွက်ပြိုင်ဖို့ မြန်မာ့ကျောက်စိမ်း ဈေးကွက် မြန်မာပြည် ရောက်လာနေပြီဖြစ်ပါတယ်။
.
.
.
၂၀၁၄-၂၀၁၆
ကျောက်စိမ်းဈေးကွက် ကျဆင်း

တရုပ်အစိုးရ ပေါ်လစီပြောင်းသွားပါတယ်။ တရုပ်ဘဏ်တွေက မြန်မာ ပြည်ထောင်စုအစိုးရ (ဗဟိုအစိုးရ) က ကျောက်စိမ်းလုပ်ခွင်ပါမစ်ရ ကုမဏီများကို ငွေထုတ်မချေးတော့ခြင်း က အဓိက ဖြစ်ပါတယ်။

(လက်ပတောင်းတောင်ကြေးနီ.. ရွှေဂတ်စ်ဓါတ်ငွေ့. ကျောက်ဖြူစက်မှုဇုံ.. မိုဘိုင်းဖုန်းလုပ်ငန်း..လျှပ်စစ်ဓါတ်အားလုပ်ငန်း ..မြို့ပြစီမံကိန်းဆောက်လုပ်ရေးများ .. စတဲ့ ဗဟိုအစိုးရ ပါမစ်များရထားရင် တရုပ်ဘဏ်များက ငွေထုတ်ချေးပါတယ်)။

ပိုပြီးအဓိက ကျတာကတော့ တရုပ်အစိုးရ သမတသစ် ရှီကျင်ဖန် တက်လာပြီး လာပ်စားမှုများ ဖမ်းဆီး ထောင်ချ ပိုဆိုင်ပစ္စည်းသိမ်းတဲ့အပြင် ပြည်ပထွက်ပြေးသူများထဲက (နိုင်ငံခြားသားခံယူပြီးသူအပါဝင်) ၃၇၀ ယောက် တရုပ်ပြည် ပြန်ခေါ် International Police နဲ့ အရေးယူနိုင်ခြင်း ဖြစ်ပါတယ်။ မြန်မာကျောက်စိမ်း ဝယ်သူတရုပ်နိုင်ငံသား အများစုက တရုပ်အစိုးရ ဌာဆိုင်ရာ ဝန်ထမ်းများ ဖြစ်ပါတယ်။ ဌာနတခုမှာ အရာရှိကြီးဖြစ်ရင် သူဌေးကြီး ဖြစ်လာပါတယ်။ အခုတော့ တရုပ်ပြည် လာပ်စားမှု တိုက်ဖြတ်ရေးကြောင့် မအိပ်မစားနိုင် ဖြစ်နေပြီး ငွေပိုတွေကို အိမ်ခြံမြေ ဝယ်ကြတာကြောင် တရုပ်ပြည်လဲ အိမ်ခြံမြေဈေး ကြီးသွားခဲ့ပါတယ်။ အခု ဈေးကျသွားပါပြီ။

တရုပ်အစိုးရက ကုန်ထုတ်လုပ်ငန်း မဟုတ်တဲ့ ကျောက်စိမ်းအရောင်းဝယ်ကို အားမပေးတော့ခြင်းဖြစ်ပါတယ်။ ကမ္ဘာ စီးပွား အရမ်းကျဆင်းနေချိန် တရုပ်နိုင်ငံ စီးပွားရေး ထိုင်းသွားပါတယ်။ အရောင်းအဝယ်ထက် ကုန်ထုတ်လုပ်ငန်း ကို တရုပ်အစိုးရက ပိုဦးစားပေးလာပါတယ်။

တရုပ်ပြည်တွင်းက အိမ်ခြံရောင်းပြီး ကျောက်စိမ်းဈေးကွက် ဝင်လာသူများ မြန်မာပြည်က မြန်မာ ကချင် ကျောက်သမားများ အရင်လို ခေတ်မကောင်းတော့ပါ။ အများအားဖြင့် ကျောက်လောက လုပ်ကိုင်သူများ ယုံကြည်စိတ်ချမှု ရှိကြပေမဲ့ နောက်ပိုင်း ကျောက်စိမ်း ရောင်းမရရင် အပေါင်ထားတဲ့ လုပ်ငန်းပါ ဝင်လာပါတယ်။ လူလိမ်ပွဲစား အပြင် တရုပ် ပြည်တွင်းဘဏ်များက တလ 3% အတိုးနဲ့ယူပြီး ကျောက်စိမ်းအပေါင် လုပ်ငန်းမှာ တလ 10% ကနေ 15% အထိ အတိုးယူ ငွေချေးစားခြင်းတွေ ပေါ်လာပါတယ်။

'' တရုပ်အစိုးရ အခွန်ဌာနက ကျောက်စိမ်းသယ်သူတွေကို ဖမ်းဆီး သိမ်းဆည်း ကျောက်စိမ်းပြန်ရလိုရင် အလွန်များပြားတဲ့ငွေနဲ့ ပြန်ရွေး ရတဲ့ လာပ်စားမှုကြီးတွေ ကြီးစိုးခဲ့ပါတယ်။ အခု တရုပ်အစိုးရသစ်မှာ လာပ်စားသူ ရဲ အခွန်ဝန်ထမ်းတွေ အကုန်ဖမ်းဆီး လိုက်လို့ ၂၀၁၅ နောက်ပိုင်း တရုပ်ပြည်ဖက်မှာတော့ ကျောက်စိမ်း အဖမ်းဆီး မရှိတော့ပါ။
.
'' ဦးသိန်းစိန်အစိုးရ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ပြီးနောက်ပိုင်း တပ်မတော် ထိုးစစ်တွေ - KIA ခံရခြင်း နဲ့အတူ တရုပ်ဘဏ်များက ကျောက်စိမ်းလုပ်ငန်း များအတွက် ငွေမချေးတော့ခြင်း စတင်ပါတယ်။ ကိုးကန့် တိုက်ပွဲများလဲ ဖြစ်ခဲ့ပြီး တရုပ်-မြန်မာ ဆက်ဆံရေး တင်းမာခဲ့ပါတယ်။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို တရုပ်သမတရဲ့ နိုင်ငံတော်ဧည့်သည်အဖြစ် ဖိတ်ကြား လာရောက်ပြီးတဲ့ နောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး အခြေနေ ပိုကောင်းလာပါတော့တယ်။
.
.
.
မြန်မာပြည်အခြေအနေ

တရုပ် အခွန်နဲ့ ရဲအဖွဲ့ လုပ်နည်းအတိုင်း သမတဦးသိန်းစိန် လက်ထက်မှာ မြန်မာပြည် မိုဘိုင်းအဖွဲ့ ဆိုပြီး အကုန်လိုက်ဖမ်းဆီး ခဲ့ဘူးပါတယ်။ အမှုပေါင်း ၁၅၀၀ ကျော် ဖမ်းဆီးသိမ်းဆည်းခဲ့ပါတယ်။ ၂၀၁၅ ဒီဇင်ဘာလမှာ '' ဖမ်းရသမျှရဲ့ ၃၅% မိုဘိုင်အဖွဲ့ ယူစေသတည်း'' ဆိုတဲ့ မူဝါဒနဲ့ မိုဘိုင်းအဖွဲ့ကို ဖျက်သိမ်းလိုက်ပါပြီ။

ရေမဆေးကျောက် လို့ခေါ်တဲ့ ကုမဏီစွန့်ပစ်တဲ့ မြေစာထဲက ကျောက်ရိုင်းတုံး ကောက်တဲ့ ခေတ်မှာ ကျောက်ကြည့်တတ်သူများ ကားကြီဘက်ဖိုး မောင်းတတ်သူများကို ကုမဏီဝန်ထမ်းအဖြစ် လစာ ၂သိန်းလောက် ပေးပါတယ်။ ကုမဏီအလုပ် မရသူအများစု သိန်းချီတဲ့ အောက်မြန်မာပြည်က ဗမာ ရခိုင်များစွာ ရေမဆေးကျောက် လုပ်နေကြပါတယ်။ ဗမာလူငယ်များစွာ ကုမဏီအလုပ်ကြိုးစားကြတယ်။ ထမင်းထုပ်လက်ဆွဲ တနေကုန် မနားမနေ အရမ်းအလုပ်ကြိုးစားကြတာ တွေ့ရတယ် လို့ ဘီဇက်ဇော်လီ ရေးသားထားပါတယ်။ ၂၀၁၅ မှာ ကုမဏီကြီးများ မြေစာပုံ ပြိုကျပြီး ရာပေါင်းများစွာသော လူငယ်များစွာ သေဆုံးသွာခဲ့တာ ဝမ်းနည်းစရာပါ။

၁၉၉၀ အချိန်က ''လောပန်လောင်း'' ဆိုတဲ့ သီချင်းကို KIA စစ်သားဖြစ်ခဲ့သူ ကိုအောင်ဆန်း စတင်သီဆိုခဲ့ပြီး ယနေ့တိုင် အဆိုတော်အသီးသီးက ထပ်မံသီဆို ဆန်းသစ်နေဆဲဖြစ်ပါတယ်။ ဖားကန့်နယ်ေ
ရောက်ရင် ဒီသီချင်းသံ ကြားရပါလိမ့်မယ်။
.
မူးရစ်ဆေးဝါး ဘိန်ဖြူ ဘိန်းမဲ ဆေးပြားတွေ .. အလွန်ဝမ်းနည်းစရာကောင်းပါတယ်။ လူငယ် အမြောက်အများ ဖားကန့်နယ်ကတဆင့် ကချင်ပြည်နယ်မြို့ရွာ အားလုံးမှာ ပျက်စီးကုန်ပါတယ်။ သယံဇာတ ကို မသုံးစွဲတတ်တော့ ကျိန်စာ သင့်နေပါတယ်။ မြစ်ကြီးနားအခြေပြု ''ပတ်ဂျဆန်'' မူးရစ်တိုက်ဖြတ်ရေး အဖွဲ့ ၂၀၁၁ ကတည်းက အပြင်းထန် လှုပ်ရှားနေပါတယ်။ သယံဇာတနဲ့စစ်ပွဲများရလဒ် ဘုရားထံပဲပဲ ကယ်တင်ဖို့ ဆုတောင်း လုပ်ဆောင်နေကြရပါတယ်။
.
.
.
အစိုရသစ် ဘာလုပ်မလဲ..

အခုဆို တရုပ်ပြည်မှာ ရောင်းမရလို့ မန္တလေး နေပြည်တော်မှာ ပြန်သယ်လာ ရောင်းမှ အဆင်ပြေသွားတာတွေ ရှိနေပါပြီ။ ကယ်ရီသယ်တဲ့ အခက်ခဲကြောင့် ကျောက်စိမ်း အလုံးငယ်များပဲ မြန်မာပြည်ကို ပြန်သယ်ယူကြပါတယ်။ ကျောက်သမား ၃၀% ကတော့ ရွှေလီ မနေတော့ပဲ ဖားကန့်မှာ ပြန်နေထိုင် လုပ်ကိုင်နေပါပြီ။ တရုပ်နိုင်ငံသား ဝယ်လက်များစွာ ဖားကန့် မန္တလေး တွေမှာ လာနေကြပြီး တချို့ (၁၀)နှစ် နေထိုင်ခွင့်ပါမစ် တွေတောင် ရထားကြတယ်လို့ ဆိုကြပါတယ်။ .
.
''Eleven Media'' 28.Mar.2016 ဆောင်းပါးအရဆိုရင် တူးဖော်ရေး ပါမစ်ရထားတဲ့ ကုမ္ပဏီပေါင်း (၆၂၇) ခုမှာ လုပ်ကွက် ဧရိယာ ၂၂၅၅၈ ဧက လုပ်ခွင့်ပေးထားပါတယ်။ Global Witness အဖွဲ့က ၂၀၁၄ တနှစ်တည်း ကန်ဒေါ်လာ ၁၂ ဘီလျံ တရုပ်ပြည်ကို တင်ပို့ခဲ့တယ် ဆိုပါတယ်။ မြန်မာဘက်က စာရင်းမမှန်ပေမဲ့ တရုပ်အစိုးရစာရင်းကတော့ မှန်မှာပါ။ EITI အစီရင်ခံစာမှာ ၂၀၁၃-၂၀၁၄ ကျောက်စိမ်းရောင်းချ အခွန် ကန်ဒေါ်လာ ၄၅သန်း (ကျပ် ၅၃၅၂၃ သန်း) သာ ရှိတယ် ဆိုတော့ ကုမဏီ တူးလို့ ရတဲ့ကျောက်စိမ်းတန်ဖိုးကို နိုင်ငံတော်တဝက် ကုမဏီတဝက် ယူရမယ် ဆိုတဲ့ ပေါ်လစီက မဖြစ်နိုင်တဲ့ ရယ်စရာ ဖြစ်နေပါတယ်။

ရောင်းရငွေ တန်ဖိုး လိမ်လည်ပြမှာ ၁၀၀% သေချာပါတယ်။ အစိုးရ ရောင်းခွန် ၅% နဲ့ ကျောက်စိမ်းတွင်း ထုတ်ကုန်တန်လဘိုးရဲ့ ၅၀% ကို အစိုးရ တကယ်ရှိဖို့ လိုပါတယ်။

ဂန့်ဂေါ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှရွှေ ဖေ့ဘုတ်မှာတောင် သူပါဝင်တဲ့ လွှတ်တော် ကျောက်မျက်ရတနာကော်မတီ အဓိပါယ်မရှိ ကုမဏီနဲ့ အာဏာပိုင် လုပ်စားရပ်တွေ ဖော်ထုတ်ရေးထားပါတယ်။

အစိုးရဟောင်း သက်တမ်းမကုန်ခင် မြေစာပုံပြိုပြီး လူရာပေါင်းများစွာသေဆုံးခြင်း နဲ့အတူ ဧရာမ ဘက်ဖိုးကြီး ထောင်ပေါင်းများစွာ တရားမဝင် တင်သွင်းလာမှုကို ပြည်သူလူထုနဲ့ လွှတော်မှာ မေးလာပါတယ်။ ကုမ္ပဏီပေါင်း (၆၂၇) ခုမှာ ငွေရင်းအကြီးဆုံး (၃၀) ကို စစ်ဆေးရာမှာ တပ်မတော်ပိုင်ဆိုင်တဲ့ ကုမဏီက အဆင့်(၂၃) ပဲ ရှိပါတယ်။ နိုင်ငံတကာ Global Witness အဖွဲ့ကတော့ အမေရိကန်အစိုးရက သတင်းပေးဖမ်းနိုင်ရင် ဆုငွေ ကန်ဒေါ်လာ ၂သန်း ထုတ်ထားတဲ့ ဘိန်းဘုရင် ဝေဆူးကျန် (ဝေရှောက်ခန်) ဆိုသူရှိပါတယ်။ သူပိုင်ဆိုင်တဲ့ ကုမ္ပဏီများစွာ ပါဝင်တယ် လို့ အမည်နဲ့ ထုတ်ပြန်ပါတယ်။ Ever Winner, KBZ. Htoo. Skynet, Asia.World တွေလည်း ပါဝင်တယ်လို့ အီလဲဗင်းမီဒီယာ က ဖော်ပြထားပါတဟ်။

အရင်က ၃/၄ လ လောက် လုပ်ရမဲ အစား စက်ကြီးတွေနဲ့ ၃/၄ ရက်နဲ့ လုပ်နေပါပြီ။ မြေစာစွန်ပစ်ရေးလဲ ပြသနာကြီး ဖြစ်နေပြီး ပတ်ဝန်းကျင် ပျက်စီးမှု များစွာနဲ့ပါ။

စုံစမ်းစစ်ဆေးရေးအဖွဲ့ သွားရောက်စစ်ဆေးပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို သတိပေးခြင်း ညွန်ချုပ်၂ဦးနဲံ အကြီးတန်းဌာနဆိုင်ရာ အရာရှိများကို အရေးယူ အလုပ်ထုတ်ပယ်ခဲ့ပါတယ်။ ထုံးစံအတိုင်း တရားရုံး မရောက်ပါဘူး။

ဖားကန့်ဒေသဟာ အရေးပေါ် ကယ်ဆယ်ရမဲ့ အခြေအနေ ဖြစ်နေပါပြီ။
.
.
.
နိဂုံး

ငွေအမြောက်အများ ရှိနေတဲ့ ဖားကန့်ဒေသ ကျောက်စိမ်းတွေ

''ဆက်ပြီးလုပ်ခွင့်ပေးနေဦးမလား။ နိုငံအတွက် တကယ်အကျိုးရှိသလား။ တရုပ်အစိုးရကတော့ အကျိုးမဲ့လို့ အားမပေးတော့ပါ။

'' အဲဒီကုမ္ပဏီတွေ အစုရှယ်ယာပိုင်ဆိုင်မှု (ဘိန်းမူးရစ်ဘုရင် မဖြစ်ရေး)

'' အစိုးရ အခွန် အမှန်ကန်ရဖို့ ပွင့်လင်းမြင်သာရေး

'' ဧရာမ စက်ကြီးတွေသုံးလုပ်နေတဲ့ ကုမဏီများကို တရုပ်အစိုရလို အမှန်ကန် ရာဖြတ်တွေနဲ့ တန်ဖိုးတွက်ပေးဖို့..

'' နောက်ဆုံး ကျောက်စိမ်းဈေးကွက်နဲ့ ကျောက်စိမ်းလက်ဝတ်ရတနာ လုပ်ငန်းတွေ မြန်မာပြည် လာရောက်ရင်းနှီရေး ..
.
.
လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ တပ်မတော်နယ်ခြားစောင့်တပ် နဲ့ ကေအိုင်အေအဖွဲ့ တွေ ၂ဖက်စလုံး ကျောက်စိမ်း အခွန်ကောက်နေကြပါတယ်။
NLD-Military ညွန့်ပေါင်းအစိုးရအဖို့ တပ်မတော်နဲ့ ကေအိုင်အေနဲ့ ငြိမ်းချမ်းရေး တနည်းအားဖြင့် နိုင်ငံရေးနည်းသာမက အကျိုးအမြက် မှန်ကန်စွာ ခွဲဝေရေး အလွန်အရေးကြီးနေပါတယ်။
.
ဇော်အောင်
၅.၄.၂၀၁၇

No comments:

Post a Comment