April 05, 2017

အျံ့သြဘွယ်ပဲ. .(ကချင်စစ်ပြေးဒုက္ခစခန်း IDP, ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိ


မြန်မာခရစ်ယာန်ခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဒဏ်ခံရတဲ့မြစ်ကြီးနားမြို့ Palm Spring ဟိုတယ်မှာတွေ့ဆုံ။ 31/3/2017 EPA
မြို့ပြခေါင်းဆောင်များနဲ့ ကာသိုလစ်အသင်းတော်၊ နှစ်ခြင်းအသင်းတော် တာဝန်ရှိသူများနဲ့တွေ့ဆုံပြီး အမျိုးသား ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားအဖွဲ့အစည်းများ မေလမှာကျင်းပမဲ့၂၁ရာစု ပင်လုံညီလာခံ ငြိမ်းချမ်းရေးကွန်ဖရင့်ကို ပါဝင်ဖို့၊ NCA nationalwide ceasefire agreement အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးဖို့ တိုက်တွန်းခဲ့ပါတယ်။ ကာသိုလစ်ခရစ်ယန်ဖြစ်သူ မနမ်တူးဂျာ ကလည်း အတည်ပြုပြောဆိုပါတယ်။
ကချင်နှစ်ခြင်းအသင်းချုပ် အတွင်းရေးမှု Rev. Hkalam Samso ကလည်း internally displaced people (IDP) စစ်ရှောင် ဒုက္ခသည်စခန်းများအကြောင်း ဒုက္ခသည် ၄၂၀၀၀ အတွက် နိုင်ငံတကာက လူသားချင်းစာနာတဲ့အကူအညီများကို ကချင်၊ ရှမ်း ပြည်နယ်များကနေ ပိတ်ဆို့ထားခြင်းကို ဒ်ါအောင်အဆန်းစုကြည်ကို တင်ပြခဲ့ပါတယ်။
ကချင်ဇွံ့ဖြိုးမှုနက်ဝပ် အထွေထွေအတွင်းရေးမှုး Steven Tsa Ji ကလည်း စစ်ရှောင်စခန်းအကြောင်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၀ိုင်းမော်မြို့နယ်က IDP စခန်းမှ စစ်ရှောင်ပြည်သူ ၂၅၀၀ နဲ့တွေ့ဆုံခဲ့ပါတယ်။
ရခိုင်ပြည်နယ် ဘင်္ဂလားဒုက္ခသည်များ မြန်မာတပ်မတော် စစ်ဆင်ရေးကြောင့် ထွက်ပြေး၊ လူ့အခွင့်ရေးကို U.N. Human Rights Council က ကုလသမဂ္ဂ အဖွဲ့စေလွှတ်ဖို့ကို မြန်မာအစိုးရက ငြင်းဆိုလိုက်ပါတယ်။
.
မုရန်



အျံ့သြဘွယ်ပဲ. .(ကချင်စစ်ပြေးဒုက္ခစခန်း IDP, ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိ
.
Eleven Media News
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကချင်လူထုခေါင်းဆောင်များနှင့် မတ် ၂၈ ရက်တွင် တွေ့ဆုံစဉ်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ယုံယုံကြည်ကြည် လက်မှတ်ရေးထိုးရန် ကချင်လူထုခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ မတ် ၂၈ ရက်တွင် ရောက်ရှိလာပြီး ကချင်လူထုခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းပုဂ္ဂိုလ် ၃၀ နှင့် တံခါးပိတ်ဆွေးနွေးမှုများ သုံးနာရီနီးပါးကြာ ပြုလုပ်စဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ခွန်ဂျာက “ငြိမ်းချမ်းရေး ဘာကြောင့်ကြန့်ကြာနေတာလဲပေါ့။ ယုံကြည်မှုကြောင့်ပါပေါ့။ ၂၁ ရာစုပင်လုံအနေနဲ့ ကေအိုင်အို ပါဝင်လာအောင် NCA ကို ယုံယုံကြည်ကြည်နဲ့ လက်မှတ်ထိုးပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ပြီး အားလုံးဆွေးနွေးနိုင်မှသာ အရှေ့ကိုရောက်နိုင်မယ်ပေါ့။ ကချင်လူထုရဲ့ သဘောထားကတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ကြမယ်ဆိုတာတော့ ၀ိုင်းစဉ်းစားကြရဦးမယ်။ ကချင်တိုင်းရင်းသားခေါင်းဆောင်တွေ အချင်းချင်းလည်း ဒီကိစ္စကို ဆွေးနွေးတိုင်ပင်ကြရဦးမှာပါ” ဟု ပြောကြားသည်။
ဆွေးနွေးပွဲတွင် အချိန်အနည်းငယ်သာ ရရှိသောကြောင့် လိုအပ်ချက်များနှင့် ပတ်သက်၍လည်း စာဖြင့်ရေးသားတင်ပြခဲ့မှုများ ရှိခဲ့ကြောင်း၊ နိုင်ငံရေး၊ လူမှုရေး၊ စစ်ရှောင်ဒုက္ခသည်စခန်းများ၏ အခြေအနေများကို တင်ပြဆွေးနွေးမှုများ ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နေမှုများ ရှိကြောင်း၊ ယုံ ကြည်မှုများ ပျက်ပြားနေချိန်တွင် ယခုကဲ့သို့ တွေ့ဆုံမှုမှာ ကချင်တိုင်းရင်းသားများအတွက် အားတက်စရာဖြစ်ကြောင်း တွေ့ဆုံသူများက ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကချင်လူထုနှင့် တွေ့ဆုံပြီးနောက် မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် သီးခြားတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အကြောင်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကချင်လူထုခေါင်းဆောင်များနှင့် မတ် ၂၈ ရက်တွင် တွေ့ဆုံစဉ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်လူထုခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် ၀ိုင်းမော် ခတ်ချို စစ်ရှောင်စခန်း၊ မိုင်းနား KBC စစ်ရှောင်စခန်း၊ စန်းကား ရေဘေးရှောင်စခန်းများ၊ မြစ်ကြီးနားမြို့၊ ကျွန်းပင်သာပရဟိတ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ အားပေးစကားများ ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ၎င်း၏ ခရီးစဉ်မှာ ငြိမ်းချမ်းရေးကိစ္စနှင့် စစ်ရှောင်သူများအား အားပေးစကားပြောကြားရန်၊ တတ်နိုင်သည့်ဘက်မှ ကူညီထောက်ပံ့ရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် စစ်ရှောင်စခန်းများသို့ မတ် ၂၈ ရက်က သွားရောက်အားပေးခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကချင်လူထုခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် ၀ိုင်းမော်မြို့နယ်၊ ခတ်ချိုဒုက္ခသည်စခန်း၊ မိုင်းနား KBC စစ်ရှောင်စခန်း၊ မြစ်ကြီးနား ရွှေစက်ရပ်ကွက်ရှိ လန်ဆယ်ရေဘေးရှောင်စခန်း၊ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်ရှိ ပရဟိတ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ခရီးစဉ်မှာ ငြိမ်းချမ်းရေးကိစ္စနှင့် စစ်ရှောင်သူများအား အားပေးစကားပြောကြားရန်၊ တတ်နိုင်သည့်ဘက်မှ ကူညီထောက်ပံ့ရန်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်း ကချင်ပြည်နယ်ရောက်ရှိခဲ့စဉ်က အတူဓာတ်ပုံရိုက်ခဲ့ကြသော ကချင်အမျိုးသမီးကြီးများထဲမှ သက်ရှိထင်ရှား ကျန်ရစ်နေသေးသော အမျိုးသမီးကြီးနှစ်ဦးအား ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရစဉ် (Photo: Myanmar State Counsellor Office)
၎င်းက စစ်ရှောင်ဒုက္ခသည်များနှင့် တွေ့ဆုံစဉ် “ကျွန်မ ကချင်ပြည်နယ်ကိုလာတာ ငြိမ်းချမ်းရေးကိစ္စက အဓိကပါ။ နောက်ပြီး စစ်ရှောင်တွေအတွက် အားပေးစကား လာပြောတာ။ တတ်နိုင်တဲ့ဘက်က လာပြီးကူညီတာဖြစ်ပါတယ်။ စစ်ဘေးရှောင်ကိုလာပြီး တွေ့ရတာ ၀မ်းသာပါတယ်လို့ ပြောရတာလည်း ခက်ပါတယ်။ စစ်ဘေးရှောင်စခန်းဆိုတာ ဘယ်နိုင်ငံမှာမှ မရှိသင့်ပါဘူး။ ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေးမရှိလို့သာ ဒီလိုဖြစ်နေကြတာပါ။ ကျွန်မတို့ နိုင်ငံငြိမ်းချမ်းမှပဲ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေရဲ့ဘ၀ သက်သာမယ်ဆိုတာကိုတော့ ရှင်းပါတယ်။ အဲဒါကြောင့်လည်း ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးတွေ မလစ်ဟင်းအောင် ကျွန်မတို့ ကူညီနေပါတယ်။ တတ်နိုင်သလောက်လည်း ၀ိုင်းပြီးကူညီမှာပါ။ အနာဂတ်အကျိုးအတွက် ရည်ရွယ်ချက်ကိုထားပြီး ကူညီမှုကိုလုပ်မှာပါ။ အားလုံးဝိုင်းလုပ်ကြမှာပဲ အောင်မြင်မှာပါ။ လုပ်ပေးနိုင်တာလည်း အတိုင်းအတာတစ်ခုအထိပါပဲ။ စစ်ရှောင်သူတွေဘက်ကလည်း သူများထောက်ပံနေတာကို မှီခိုနေရတာထက် ကိုယ့်လုပ်အားကိုယ်ကိုးနိုင်ဖို့၊ ကိုယ့်ဘ၀ကိုယ်ကျောင်းနိုင်အောင်လည်း ကြိုးစားစေချင်ပါတယ်။ အဓိက က ဒီလိုဖြစ်နေတာတွေက ငြိမ်းချမ်းရေးဆိုတော့ ငြိမ်းချမ်းရေးဖြစ်အောင်လည်း တတ်နိုင်တဲ့ဘက်က ကြိုးစားကြပါလို့ ကျွန်မပြောလိုပါတယ်။ ကျွန်မတို့နိုင်ငံမှာ စစ်ဘေး၊ သဘာဝဘေးတွေ ရှောင်နေတာ ပြည်ထောင်စုဝန်ကြီးရဲ့ ပြောပြချက်အရဆိုရင် နှစ်သိန်းကနေ သုံးသိန်းကြားမှာ ရှိနေတယ်။ ကျွန်မတို့နိုင်ငံက လူဦးရေ ၅၃ သန်းရှိတော့ အချင်းချင်းတတ်နိုင်သလောက်ကူပြီး လုပ်ကြပါ။ ကိုယ်မိသားစုမှာ အချင်းချင်းညီညွတ်ကြတော့ ပတ်ဝန်းကျင်အိမ်တွေက လေးစားကြရတယ်။ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားတွေ အချင်းချင်း ညီညီညွတ်ညွတ် နေကြရင် နိုင်ငံတိုင်းက လေးစားရမှာပေါ့” ဟု ပြောကြားသည်။
စစ်ရှောင်စခန်းများတွင် စစ်ရှောင်သူများနှင့် တွေ့ဆုံစဉ် စစ်ရှောင်သူများက လယ်ယာမြေ ဆုံးရှုံးမှုများ၊ အကူအညီအထောက်အပံ့ လျှော့ချမှုများ၊ အလုပ်အကိုင်ရှားပါးမှုများကို တင်ပြခဲ့သည်။
Writer:
ထွန်းလင်းအောင် (မြစ်ကြီးနား)

No comments:

Post a Comment