October 18, 2017

မြန်မာ့နိုင်ငံရေး ဘင်္ဂါလီအရေးခင်းကြောင့် အမျိုးသားရေးဝါဒကြောင့် ညီညွတ်မှုအခွင့်အရေး ရရှိလာခြင်း


ဗိုလ်ထက်မင်း – ၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – ၇
(မိုးမခ) အောက်တိုဘာ ၁၉ ၊ ၂၀၁၇ခြုံငုံသုံးသပ်ချက်(နိဂုံးချုပ်)
၇၁။ သုတေသနဆောင်းပါးရေးနေစဉ်မှာပင် မောင်းတောမြို့ ဘင်္ဂလီရပ်ကွက်အတွင်း မီးလောင်တဲ့ ဖြစ်စဉ်၊
ဘင်္ဂလားဒေရှ်ဘက်ခြမ်းက အစွန်းရောက်များက တွေကို လက်နက်တပ်ဆင်ပေးဖို့တောင်းဆိုတာ၊ ဘင်္ဂလားဒေ့ခ်ျက  မြန်မာပြည်မှ ထွက်ပြေးသူတွေဟာ အထောက်အထားမပြနိုင်လို့ အားလုံး လက်ခံဖို့တောင်းဆိုတာ၊ အမေရိကန်လွှတ်တော်ကြားနာပွဲမှာ US AID က လူသားချင်းစာနာမှုထောက်ပံ့ရေးတွေ ရခိုင်ဒေသခံတွေက လက်မခံတာကို တင်ပြတဲ့ ဖြစ်စဉ်၊ အကြမ်းဖက် ARSA က ငြိမ်းချမ်းရေးတွေ့ဆုံမှု စကားကမ်းလှမ်းတာ စတာတွေကြောင့် စိုးရိမ်နေရပြီး သတိထားကိုင်တွယ်ကာ ကျောခြင်းကပ် စည်းလုံးညီညွှတ်ဖို့ အထူးလိုအပ်ပါတယ်။

နောက်ပိုင်း လူသားချင်းစာနာစိတ်နဲ့ထောက်ပံ့ပေးမည့် NGO,INGO, UN, USAID တို့ဝင်ခွင့်ပြုရေး အတင်းအကျပ်တောင်း ဆိုလာဖို့ရှိသလို ထွက်ပြေးသူတွေ ပြန်လည်လက်ခံမည့်အစီအစဉ် ဆောလျင်စွာဆောင်ရွက်ဖို့ဖိအားပေး လာမည့်အပိုင်းမြင်မိပါတယ်။ အကြမ်းဖက် အာဆာအဖွဲ့ဟာ အနုနည်းလေသံပစ်ပေမဲ့ အကြမ်းဖက်လုပ်ဖို့ သင်တန်းတွေပေးနေပြီး ထိုးဖေါက်ဝင်ရောက်လာဖို့က ကြိမ်းသေပါတယ်။ အနောက်နိုင်ငံတွေအနေနဲ့ ဖိအားပေးတာ အစိုးရက လက်မခံပါက စီးပွါးရေးပါ ပိတ်ဆို့မည့် အစီအစဉ်ရေးဆွဲနိုင်သလို အထက်ပါ လှုံ့ဆော်မှုတွေ ဖိအားတွေကနေ မခံမရပ်နိုင်ဖြစ်လာပြီး ဟိုဘက် သည်ဘက် အစွန်းရောက်အုပ်စုတွေရဲ့ မတည်မငြိမ် မင်းမဲ့စရိုက်တွေ ဘေးထွက်ဆိုးကျိုးလည်း ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ကြိုတင်ပြင်ဆင်သင့်တဲ့ တင်ပြခဲ့ပါ အချက်အလက်များကို အောက်ပါအတိုင်း ခြုံငုံ တင်ပြလိုက်ပါတယ်။

(က) ပြည်သူလူထုကို ဘယ်လို စည်းရုံးပြီး ကွန်ယက်နဲ့ ပြည်သူ့စစ်မဟာဗျူဟာ ခင်းကျင်းရန် လို/ မလိုနဲ့ ခံစစ်စည်းတည်ဆောက်ရေး မဟာဗျူဟာစီမံချက်ချဖို့ ဆွေးနွေးဖို့ သင့်/မသင့် ဖြစ်ပါတယ်။
(ခ) နယ်စပ်ခြံစည်းရိုးတလျှောက် ခြံစည်းရိုး အမြန်ကာနိုင်ရေးနဲ့ ကားလမ်းဖေါက်လုပ်နိုင်ရေး ၊ ခြံစည်းရိုးအတွင်း လုံခြုံရေး တိုးမြှင့်ခြင်း၊ လုံခြုံရေးအထူးစောင်ကြပ်လိုတာက တချိန်ချိန်မှာ ထပ်ပြီးခိုးဝင်လာသူတွေကို ကင်မရာမှတ်တမ်း၊ သက်သေအထောက်အထားနဲ့ ရအောင်ဖမ်းပြီး ဘင်္ဂလားဒေရှ် နိုင်ငံကို ချက်ခြင်းပြန်လွှဲပြောင်းပေးဖို့  နိုင်ငံတကာသိအောင် သတင်းထုတ်ပြန်ဖို့ဖြစ်ပါတယ်။
(ဂ) စုစည်းရွာပုံစံမျိုး လုပ်နိုင်မလား၊ဒါမှမဟုတ် (ရခိုင်၊ ဟိန္ဒူ၊ မြို၊ ဒိုင်းနက်လူမျိုးစု) ရွာတွေနဲ့ သုံးချိုးတချိုး  ဖိုခနောက်ဆိုင် တည်ဆောက်ပေးမလား၊ တနည်းကတော့ ရခိုင်ပြည်နယ်နဲ့ တနလာင်္ရီတိုင်း ဒေသကြီးရဲ့  ကျွန်းကြီး တကျွန်းကို ပို့ထားပြီး ရေတပ်အခြေစိုက်စခန်းနဲ့ ကျွန်းပေါ်မှာ BGF၊ ရဲ၊ နယ်ခြားစောင့်ရဲ တို့နဲ့ ပူးတွဲထိမ်းမလား။ သန်းကောက်စာရင်းကောက်ယူခြင်းနဲ့ ဧည့်စာရင်းစစ်ဆေးတာကို လွှတ်တော်က လုံခြုံရေးအရ ကန့်သတ်  (ဧရိယာနဲ့ အချိန်) ထား ပြဌာန်းပေးမလား၊ ရွာမှာ စခန်းအုပ်ချုပ်မှု ကော်မတီနဲ့ ပြည်သူ့စစ်အဖွဲ့ ဆိုတာ ဖွဲ့စည်းပေးမလား စတာတွေဟာ ပြန်လည်လက်ခံရင် အစီအစဉ်များ စဉ်းစားနိုင်ဖို့ဘဲ ဖြစ်ပါတယ်။

(ဃ) နိုင်ငံတကာကတဲ့ ဇာတ်အတိုင်း လိုက်ကစားနေရတာမို့ တိုက်စစ်မျက်နှာစာဖွင့်ကစားက တပန်းသာနိုင်ပါတယ်။ ကိုဖီအာနန်ရဲ့အစီရင်စာအရ အကောင်အထည်ဖေါ်ကြောင်း ထင်ရှားစွာ စတင် လုပ်ဆောင်ပြသ သင့်တာကတော့ တိုက်ပွဲကာလမှာ အကြမ်းဖက်များနဲ့ မပူးပေါင်းဘဲ သစ္စာရှိစွာနဲ့နေထိုင်ခဲ့တဲ့ ဘင်္ဂလီရွာသားတွေထဲက ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေအရ အကျုးံဝင်တဲ့ NVC ကဒ်ရ ဘင်္ဂလ်ီတွေကို (ဖြစ်နိုင်ရင် သိသာတဲ့အရေအတွက် ၁၀၀၀ လိုမျိုး) နိုင်ငံသားဖြစ်ခွင့် အမြန်ကဒ်ထုတ်ပေးလိုက်ပြီး တပြိုင်နက် နယ်စပ်ကိုလည်း တင်းကျပ်စွာ ပိတ်ထားလိုက် မလား၊ ရခိုင်ပါတီက လူများကို သြဇာရှိတဲ့ တပ်ချုပ်က ဖျောင်းဖျပေးဖို့လိုသလို အချိန်အကန့်အသတ်နဲ့ အရေအတွက် အတိုင်းအတာတခုသာပြီးရင် နောက်ပိုင်း Zero လိုင်းဆွဲ တင်းကျပ်ပေးမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောပေးမလား၊ လူသားချင်း စာနာစိတ် ပေးလိုတဲ့ UN,NGO, USAID,WFP တွေကို ပေးချင်ရင် တန်းတူပေးဖို့နဲ့  အကြမ်းဖက်သမားဆီ မရောက်သွားဖို့ ဘယ်လို ကတိကဝတ်တောင်းမလဲ။ ပြည်တွင်းက NGO အဖွဲ့နဲ့ ထိန်းဝင်ခံမလား၊ သူတို့ပြောမှ လုပ်တာထက် အစီရင်ခံစာအတိုင်း လုပ်နေတယ်ဆိုတာ လုပ်ကွက်ရှိရင် အပြစ်ရှာလို့ မရ သက်သာသွားမှာ ဖြစ်သလို နောက်ပိုင်းလုပ်တာကို ဖြေးဖြေးနဲ့မှန်မှန် သူတို့အခြေအနေစောင့်ကြည့်ရင်း အချိန်ဆွဲဆန့်လို့ရသွားနိုင်ပါတယ်။တန်ပြန် ထိုးစစ်အနေနဲ့ ဘင်္ဂလီအကြမ်းဖက် ARSA နဲ့ပတ်သက်နိုင်တဲ့ ARU အဖွဲ့ကို ပါ BLACK LIST ကြေညာသလို လိုအပ်ပါက Terrorist အဖြစ် ကြေညာမလား၊ နောက်ပိုင်း ပါကစ္စတန်ကိုပါ သတိထားဖို့လိုပြီးသူတို့ဆီက ဝယ်ထားတဲ့ JF-17 တိုက်လေယာဥင်္ကိစ္စကို ပြန်လည်သုံးသပ်ပြီး ဘယ်လိုဇာတ်လမ်းဖြတ်ကြမလဲ။စတာတွေဟာ ရန်သူလှုပ်ရှားမှုကို ထိန်းချုပ်နိုင်ဖို့နဲ့ စဉ်းစား သုံးသပ်နိုင်ဖို့ဖြစ်ပါတယ်။

(င) မီဒီယာတုန့်ပြန်မှု အားနည်းနေရာ သတင်းစီစစ်ရေးအဖွဲ့က မြန်မြန်အတည်ပြုပြီးတာနဲ့ နိုင်ငံတကာသိအောင် အင်္ဂလိပ်လို ဘာသာပြန်တင်နိုင်ရေးအတွက် နေ့ဆိုင်းညဆိုင်း အလှည့်ကျ တာဝန်ခွဲဝေမှု ၊ ဇယားနဲ့ Stand By စောင့်သင့်ပါတယ်။ ပြည်တွင်းမီဒီယာကို အခါအားလျော်စွာ သုံးတာထက် များများသုံးသင့်သလို နိုင်ငံခြားမီဒီယာထဲက VOA, RFAနဲ့ အာရှတိုက်မှ မီဒီယာများကို ဖိတ်ခေါ်သုံးခြင်းဖြင့် နိုင်ငံတကာ ယုံကြည်မှူရစေပါတယ်။ ဒီနေရာမှာ ကက(ပြည်) ညွှန်မှူးကို ပြောချင်တာက သတင်းဦး သတင်းဖျား တင်တာဟာ မိမိလုပ်ဆောင်ချက် ကောင်းမွန်လို့ Credit ရ၊ အမှတ်တက်ဖို့ထက် နိုင်ငံတကာက ယုံကြည်မှု အပြည့်အဝရစေမည့် တတိယမီဒီယာအဖွဲ့အစည်းနဲ့ မြဝတီညှပ်ပြီး တင်ပေးလိုက်ရင် နိုင်ငံအတွက် အကျိုးရလဒ်ထွက်သွားတာက ပို မကောင်းဖူးလားဆိုတာ စဉ်းစားစေလိုတယ်။

၇၂။ စာရေးသူအနေနဲ့ အမျိုးသားရေးဝါဒီ၊ မျိုးချစ်တပ်မတော်အရာရှိများနဲ့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ဘက် (၂) ဘက် အမြင်ပေါ် တိုက်တွန်း မေတ္တာရပ်ခံလိုတာက ဒီအချိန်ဟာ တပ်ချူပ်ပြောသလို အရေးကြီးပြီး ညီညွှတ်ရမည့်အချိန်ဖြစ်ပါတယ်။ ယခု … ခင်ဗျားတို့ကို စံနမူနာပြထိုးပြချင်တာက မူလကတိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ငြိမ်သက်ပေးတာ အလိုက်တသိ ပေးနေတာကိုက ကျေးဇူးတင်စရာဖြစ်သလို အတုယူဖွယ်ဖြစ်ပါတယ်။ ဒီလိုစွပ်စွဲနေကြတာဟာ မိမိခေါင်းဆောင်တွေ အပေါ်သက်ရောက်မှူဖြစ်သွားနိုင်သလို ပြည်သူလူထုအဖို့ နေ့စဉ်ရုန်းကန်နေရတဲ့အထဲ စိတ်ဆင်းရအောင် လုပ်ပေးနေသလိုဖြစ်ပါတယ်။ ဖြစ်စဉ်အကျဉ်း တင်ပြရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုင်စွဲထားတာမို့ ပြီးခဲ့တဲ့ ခံစားမှုတွေကို သင်ပုန်းချေတဲ့အပြင် သူ့အောက်က တပ်ချုပ်ကို ဝေဖန်ခဲ့တဲ့ တပည့်ဖြစ်သူကိုတောင် မျက်နှာသာ မပေးဘဲ တပ်မတော်ဘက်ရပ်တည်ခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။

၇၃။ လူမှုမီဒီယာမှာ စစ်မှုထမ်းဟောင်း ရဲကျော်သူရက ဒေါ်အောင်ဆန်းစုကြည်ရဲ့လိုလားချက်ဖြစ်တဲ့ Mind Set တွေပြောင်းဖို့ရန် သူ့ရဲ တိုက်တွန်းထားချက်ကို ကောက်နှုတ် ဖေါ်ပြပေးလိုက်ပါတယ်။

“မြန်မာ့နိုင်ငံရေးသမိုင်းမှာ stakeholder တစ်ခုဖြစ်တဲ့ တပ်မတော်ကို ဖယ်ထုတ် ပစ်လို့မရဘူး။ ဖယ်ထုတ်ပစ်ဖို့ ကြိုးစားလာရင် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို ထိခိုက်ဖို့သာ ရှိမယ်။ ဒါ့ကြောင့် တပ်မတော်နဲ့ပူးပေါင်းလက်တွဲပြီး  တပ်မတော်ကို စည်းရုံးပါလို့ ခဏခဏ ပြောနေတာ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ကို နားလည်ဖို့ဆိုတာ တစ်ပါတီတို့ စစ်အာဏာရှင်တို့ဆိုတဲ့ စကားလုံးတွေနဲ့တင် မပြည့်စုံပါဘူး။ မြန်မာ့သမိုင်းတစ်ခုလုံးကို လေ့လာသင့်သလို တပ်မတော်ရဲ့ သဘောထား၊ တပ်မတော်ရဲ့စိုးရိမ်ပူပန်မှုတွေက ဘာတွေလဲ ဆိုတာလဲ သိအောင်ကြိုးစားသင့်တယ်။ ဒါတွေကို မချေဖျက်နိုင်သမျှ စစ်တပ်ရဲ့ပါဝင်စွက်ဖက်မှုဆိုတာ အလိုအလျောက် ပျောက်သွားမှာ မဟုတ်သလို အတင်းအဓမ္မလည်း လုပ်ယူလို့မရဘူး။ မြန်မာ့နိုင်ငံရေးဟာ သာမန်အာဏာရှင်စနစ်လွှမ်းမိုးမှုကို ခြေဖျက် ဖြိုချရမယ့် နိုင်ငံရေးမဟုတ်ဘူး။ အများစုဖြစ်တဲ့ ဗမာနဲ့ ကျန်တဲ့တိုင်းရင်းသားအားလုံးရဲ့ အမုန်းတွေကိုပါ ဖြိုချရမယ့်နိုင်ငံရေးဖြစ်တယ်။ Mindset တွေ attitude ပြင်ဖို့ဆိုတာ စစ်တပ်တစ်ခုတည်းလုပ်ရမယ့်အလုပ်လို့ သတ်မှတ်ထားလို့မရဘူး။ နိုင်ငံရေးသမားတွေရော တိုင်းရင်းသားတွေပါ အတူပြင်ဖို့ ကြိုးစားနိုင်မှသာ ခရီးဆက်လို့ရမှာ ဖြစ်တယ်။ ”

၇၄။ တပ်ချုပ်အနေနဲ့လည်း အမတစ်ယောက်လို ဒေါ်အောင်ဆန်းစုကြည်အား လေးစားပြီး အာဇာနည် အခမ်းအနားတွေ တက်ပေးခဲ့ကာ နိုင်ငံရေးစီးပွါးရေးအုပ်ချုပ်ရေး တော်တော်များမှာ မစွက်ဖက်ဘဲ အနေမှန်ခဲ့တဲ့ ပုံရိပ်တောက်ပတာမို့ မကြိုက်တာရှိခဲ့ရင် နားလည် သည်းခံပေးကာ ဘုံရန်သူကို ညီညွှတ်စွာ ရင်ဆိုင်သွားဖို့ လိုပါတယ်။ တိုင်းရင်းသားတွေတောင် နားလည်ပေးရင် ကျန်တဲ့သူတွေလည်း နားမလည်စရာ အကြောင်း မရှိဖူးလို့မြင်ပါတယ်။ ဒီလို စိန်ခေါ်မှုတွေကို မညီညွှတ်ပါက ဖဲသဘောအရ ဒိုင်စား၊ ညီလေး စားပါလိမ့်မယ်။

ပိုကာဖဲဝိုင်းမှာ UN က အကောက်ကောက်၊ လက်မည်းကြီးတွေရဲ့ အုပ်စုတွေက ဖဲအိမ်အမျိုးမျိုးမှာ ထိုင်တဲ့ ဖဲသမားတွေလုပ်၊  ဖဲထုပ်ကို အခါခါချိုးပြီး သူတို့ဆီမှာ ဂျိုကာတွေရအောင် စီစဉ်ထားသလို အပေါ်အိမ်တွေကနေ ဖဲများကို အောက်အိမ် မြန်မာအိမ်ကို ပစ်ပြီးညစ်ကစားနေကြပါတယ်။ တက်ဖဲဆိုတာက မျှော်လင့်ချက် ဂျိုကာ မရနိုင်တော့သလို အသေပစ်ဖဲများနဲ့ ပိတ်နေပြီး လိမ့်နေအောင် ခံရပေမဲ့ နောက်ဆုံးမှာ လက်မည်းကြီးတွေ ဘယ်လိုပဲ အသေဖဲ ပစ်ချပစ်ချ၊ အဲဒီအသေဖဲကိုဘဲ ဒေါ်အောင်ဆန်းစုကြည်က ကောက်စားပြီး ပိုကာဒေါင်းသွားပါလိမ့်မယ်။

၇၅။ နိဂုံးချုပ်အနေနဲ့ စာရေးသူ အလေးအနက်တင်ပြချင်တာက စစ်အာဏာရှင်ဦးနေဝင်းနဲ့ ဦးသန်ရွှေတို့ရဲ့ သမီးတွေလာရင် စစ်ဖက်နယ်ဖက်အရပ်သား ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ ဂါရာဝပြု အရိုအသေပေးခဲ့ကြတာမို့  သူတို့တွေရဲ့သမိုင်းကြောင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းသားအဖတွေရဲ့ သမိုင်းကြောင်းသန့်ရှင်းမှုဟာ ဆီနဲ့ရေလို ကွာခြားတာကြောင့် ဒီမိုကရေစီဘက်တော်သားများနဲ့ အမျိုးသားရေးဝါဒီ၊ တပ်မိသားစု အသိုင်းအဝိုင်းတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိဗိုလ်ချုပ်မှုးကြီးတို့အပေါ်  အပြစ်တင်ရှုတ်ချနေမည့်အစား ယခင် စစ်အာဏာရှင်တွေရဲ့သမီးတွေ အပေါ်ထားရှိတဲ့ (ကြောက်စိတ်အခြေခံတဲ့) ဂါရဝတရားရဲ့  ၅၀% သာသာ ထားမယ်ဆိုပါက စည်းလုံးခြင်းရဲ့အင်အားစုတရပ် ပေါက်ဖွားလာကာ ရခိုင်၊ဘင်္ဂလီအရေး အောင်မြင်စွာ ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ   မြန်မာနိုင်ငံကို ပြိုကွဲသွားစေမည့် ပြင်ပနိုင်ငံတွေ အသုံးချတာမျိုးနဲ့ အမျိုးသားရေးဗန်းပြ သွေးထိုးမြောက်ပင့်တာမျိုး သူတိုရဲ့သမိုင်း အမဲစက်ဖြစ်ခံပြီး ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ကြောင်း တင်ပြလိုက်ရပါတယ်။
.
..................................
ဗိုလ်ထက်မင်းဆောင်းပါးများ မိုးမခ မှ ဖတ်ရန်..လင့်ခ် (Click Here)

October 09, 2017

ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ တိန့်ရှောင်ဖိန့် (တရုပ်ခေါင်းဆောင်) လုပ်ဆောင်ချက်ကို သုံးသပ်ကြည့်ခြင်း..


သမိုင်းဆိုတာ မအ ဖို့ လို့ ဒေါက်တာသန်းထွန်း ကပြောပါတယ်။ 
၁၉၇၇ မှာ တရုပ်ပြည် တိန်ရှောင်ဖိန့် ခေါင်းဆောင်ပြန်ဖြစ်လာတယ်။ ၈၇ အထိ ၁၀နှစ်ကြာ ပြုပြင်ပြောင်းလဲချိန် ယခု မြန်မာနိုင်ငံလိုပဲ ခရိုနီတွေ အကြီးအကျယ် မြူးကြွလာတယ်။ ၁၉၈၈ မြန်မာပြည် ရှစ်လေးလုံးအရေးတော်ပုံ နှိမ်နင်းခံရပြီး၊ ၁၉၈၉ တရုပ်ပြည် အရေးအခင်းကြီးလဲ နှိမ်နင်းခံရတယ်။ ဒီတော့မှ တိန်ရှောင်ဖိန့် ကွန်မြူနစ်ပါတီ လူသန့်စင်ရေး အောင်မြင်စွာလုပ်နိုင်ပြီး လမ်းမှန်ကို ချီတက်နိုင်ပါတယ်။ 
.
မြန်မာပြည်တော့ ၁၀နှစ်မကြာပါဘူး။ ၅နှစ် သမ္မတဦးသိန်းစိန်လက်ထက် ခရိုနီမြူးကြွတဲ့ခေတ်ကနေ ရုတ်တရက် (အာဏာရှင်ဟောင်းကြီး.ဦးသန်းရွှေ မျက်ပါးစူးလို့ထင်ပါရဲ့)။ ကြံခိုင်ရေးအစိုးရက ဒေါ်အောင်ဆန်းစုကြည် ရဲ့ အင်အယ်ဒီပါတီ ကို အာဏာလွှဲပေးလိုက်ရတယ်။ မြူကြွချင်တဲ့ အင်အယ်ဒီများစွာ ရှိနေကြတယ်။ 
.
(ဦးမောင်မောင်စိုး) ဆောင်းပါးမှာ ၁၉၇၇ တရုပ်ခေါင်းဆောင်ကြီး မော်စီတုန်း သေဆုံးတော့ လေးဦးဂိုဏ်းက တိန့်ရှောင်ဖိန့်ကို ရှင်းဖို့လိုက်ရှာချိန် တပ်မှုးကြီးတွေက ကာကွယ်ပေးထားကြောင်း၊ မော်စီတုန်း က တရုပ်နိုင်ငံကြီးမှာ သူ့တပည့် အထူးသဖြင့် ဇနီးချန်ချင်းတို့ လေးဦးဂိုဏ်း တွေ လမ်းလွဲနေကြတာ သိနေသော်လဲ ဖယ်ရှားဖို့ သူ မလုပ်နိုင်ဘူး၊ ထက်မြက်တဲ့ တိန့်ရှောင်ဖိန့်ကို ပြန်ခေါ်ပြီး အစိုးရအဖွဲ့ခေါင်းဆောင် ၀န်ကြီးချုပ်ခန့်တယ်။ လေးဦးဂိုဏ်းက အပြစ်ရှာပြီး ဖြုတ်ပေမဲ့ မော်စီတုန်းက ကွန်မြူနစ်ပါတီမှာပဲ ဆက်ထားတယ်။ မော်စီတုန်းနေရာ ဆက်ခံတဲ့ ဟွကိုဖုန်း နဲ့ လေးဦးဂိုဏ်းတွေ အာဏာပြိုင်ရာမှာ တနှစ်အတွင်း လေးဦးဂိုဏ်း ဖယ်ရှား၊ ဖမ်းဆီးခံလိုက်ရတယ်။ တိန့်ရှောင်ဖိန့်က အရေးပါတဲ့ ရာထူးတွေ မယူပဲ သူ့ကိုကာကွယ်ပေးတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ဗဟိုစစ်ကော်မရှင် ရဲ့ ယုံကြည်စိတ်ချမှုကို ဆက်လက်ရယူထားပါတယ်။ 
.
တရုတ်ကွန်မြူနစ်ပါတီ၏ အပြောင်းအလဲများကတော့ ဥက္ကကြီးမော် ယုံကြည်စိတ်ချ သည်ဆိုတဲ့ ဟွကိုဖုန်းလည်း နေရာဖယ်ပေး ရပြီး သာမန်ဗဟိုကော်မတီဝင်တဦးဖြစ်သွားခဲ့တယ်။ ပါတီစဖွဲ့ကထဲက ဥက္ကဌ စနစ်ဖြင့် ဖွဲ့စည်းခဲ့သော တရုတ်ပါတီသည် အထွေထွေအတွင်းရေးမှူး ဦးစီးတဲ့စနစ်သို့ပြောင်းသွားတယ်။ ပထမဆုံးအတွင်းရေးမှူးအဖြစ် ဟူရောက်ပန်း ဖြစ်လာခဲ့တယ်။ တိန့်ရှောက်ဖင်ကတော့ ဗဟိုစစ်ကော်မရှင် ဥက္ကဌ ဖြစ်လာပြီး အာဏာဆိုတာ သေနပ်ပြောင်းဝ ဆိုစကားကို ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။ 
.
စာရေးသူ ဘိုဘိုကျော်ငြိမ်း ကလည်း တိန့်ရှောင်ဖိန့်ကို မွေးခဲ့တာ ဥက္ကဌကြီး မော်စီတုန်းကိုယ်တိုင်ဖြစ်ကြောင်း တရုပ်ပြည် ပြုပြင်ပြောင်းလဲမှုများအကြောင်း သုံးသပ်တင်ပြ ရေးသားထားတာ တွေ့ရပါတယ်။ 
.
ဗိုလ်ကျော်ဇော နဲ့သမီးဖြစ်သူ လှကျော်ဇော ရေးတဲ့ စစ်အာဏာရှင်စနစ်ရဲ့သားကောင်များ ဆောင်းပါးမှာလဲ ဦးနုခေတ်က ဆိုရှယ်လစ်များ နဲ့ ၁၉၆၂ စစ်အာဏာသိမ်းပြီးနောက် ဗိုလ်နေ၀င်း တို့ရဲ့ အာဏာရှင်စိတ်ဓါတ်များကြောင့် စစ်ဗိုလ်ကောင်းများ တဖြေးဖြေးဖယ်ရှားခံရပြီး နောက်ဆုံး မြန်မာနိုင်ငံဟာ ဗိုလ်နေ၀င်း၊ ဗိုလ်သန်းရွှေ စတဲ့ စစ်အာဏာရှင်စနစ်ထဲ ကျရောက် ဆင်းရဲ မွဲတေ ပျက်စီးသွားခဲ့ကြောင်း သမိုင်းအစစ်အမှန်ကို တင်ပြထားပါတယ်။
.
မြန်မာပြည်မှာတော့ စစ်ခေါင်းဆောင်ကောင်း ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးတဲ့နောက် ဗိုလ်ကျော်ဇော ဆိုသူတစ်ဦး ပေါ်ထွန်းခဲ့ဖူးပါတယ်။ မြန်မာပြည်ကို ကျူးကျော်လာတဲ့ တရုပ်ဖြူများကို အောင်မြင်စွာ တိုက်ခိုက်နိုင်ပြီး နိုင်ငံရေးစိတ်မ၀င်စားသူ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်ဦးနုလက်ထက် နိုင်ငံရေးသမားများကြောင့် စစ်ခေါင်းဆောင်ကောင်း ဗိုလ်ကျော်ဖော ပထမဆုံး ရှင်းလင်းဖယ်ရှားခံလိုက်ရပါတယ်။ ဗိုလ်နေ၀င်း အာဏာရလာတော့ ဒီမိုကရေစီကို ထိန်းသိမ်းချင်တဲ့ စစ်ခေါင်းဆောင်ကောင်းများ တပ်မှူးကြီးများဖြစ်ကြတဲ့ ဗိုလ်မှူးကြီးကြည်မောင်(နောက်ပိုင်း NLD-ဦးကြည်မောင်)၊ ဗိုလ်မှူးကြီးတင်မောင် (စာရေးဆရာ မြတ်ထန်) စသည်တို့ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ကောင်း မဟုတ်ပေမဲ့ ဗိုလ်နေ၀င်းကို အတိုက်ခံလုပ်မဲ့ ဗိုလ်အောင်ကြီး လို တပ်မှုးကြီးများ များကိုလဲ ဖယ်ရှားခဲ့ပြီး စစ်အာဏာရှင်စနစ်ကြီး ခိုင်မြဲသွားခဲ့ပါတယ်။
.
.
လက်ရှိမြန်မာနိုင်ငံ
မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ ဗိုလ်သန်းရွှေ ကို (မနှိုင်းယှဉ်အပ်ပေမဲ့) မော်စီတုန်း ကဲ့သို့ သဘောထားရင်၊ ဗိုလ်သိန်းစိန်ကတော့ သူယုံကြည်စိတ်ချရသူအဖြစ် တင်မြှောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ တိန့်ရှောင်ဖိန့် ကဲ့သို့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးခဲ့ပါတယ်။ တပ်မှုးကောင်းများကို ရွေးချယ်ဖို့ ၂၀၁၅ ရွေးကောက်ပွဲမှာ စစ်တပ်သန့်စင်ရေး လုပ်ပြီး ဗိုလ်ချုပ်ကြီးများစွာကို ဂရက်ဂျူတီ (အငြိမ်းစားဆုကြေး ကျပ်သိန်းထောင်ပေါင်းများစွာပေးပြီး) ရွေးကောက်ပွဲဝင်စေပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကတော့ မြန်မာ့သမိုင်းကြီးတခုလုံးမှာ အလှည့်အပြောင်းကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အယ်ဒီပါတီ အပြတ်အသတ် အနိုင်ရရှိ၊ အာဏာလွှဲပြောင်းရယူသွားပါတယ်။ အာဏာရှင်တွေရဲ့ တပ်မတော်ကတော့ ၂၅% လွှတ်တော် နဲ့ အစိုးရရဲ့ အရေးပါဆုံး လက်နက်ကိုင်များကို အခြေခံဥပဒေနဲ့ စွဲကိုင်ထားပါတယ်။ လက်ရှိ ပကတိအခြေအနေ ဖြစ်ပါတယ်။ 
.
တရုပ်ပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုမှာ တိန့်ရှောင့်ဖိန့်က စစ်ခေါင်းဆောင်ကောင်းများ (တပ်မှုကြီးများ) ရဲ့ ဗဟိုစစ်ကော်မရှင်ရဲ့ ယုံကြည်မှုရရှိပြီး အောင်ပန်းဆင်ခဲ့သလို မြန်မာနိုင်ငံမှာလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် မြန်မာ စစ်ခေါင်းဆောင်ကောင်းများရဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှု ရရှိအောင် နည်းမျိုးစုံနဲ့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်နေတာလည်း အခွင့်ထူးကြီး ဖြစ်နေပါတယ်။ တားဆီးမဲ့ လူတွေကတော့ စစ်ဝါဒီ စစ်ခေါင်းဆောင်များနဲ့ အင်အယ်ဒီက စစ်ဝါဒီစတိုင် ခေါင်းဆောင်များပဲ ဖြစ်ပါတယ်။ 
.
ဘာပဲဖြစ်ပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ DASSK is DASSK ပါပဲ။ မနှိုင်းယှဉ်အပ်ပေမဲ့ သုံးသပ်တင်ပြရခြင်းဖြစ်လို့ နားလည်ခွင့်လွှတ်စေလိုပါတယ်။ တရုပ်နိုင်ငံနဲ့ မြန်မာနိုင်ငံ တူမှမတူပဲကိုး။  စာရေးသူအနေနဲ့ မြန်မာပြည်ရဲ့ တိန့်ရှောင်ဖိန့်က တော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါစေ..လို့ပဲ ဆုတောင်း မျှော်လင့်ရနေရပါတယ် ခင်ဗျား.။
.
ဇာနီကြီး
၁၀.အောက်တိုဘာ.၂၀၁၆

August 29, 2017

မောင် တောဒေသ၌ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားများက တိုက်ခိုက်မှုများ သြဂုတ်.၂၀၁၇



မောင်တောဒေသရှိ လုံ ခြုံရေးရဲကင်းနှင့် ရဲစခန်း စုစုပေါင်း၃၀ ကို အစွန်းရောက် ဘင်္ဂါလီ အ ကြမ်းဖက်သမားများက တစ်ပြိုင် တည်းတိုက်ခိုက်မှုကြောင့် လုံခြုံ ရေးတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ဝန်ထမ်း တစ်ဦး ကျဆုံးပြီး ကျန်းမာရေး ဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ် ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီက ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန် သည်။

မောင်တောမြို့ပေါ်အပါအဝင် မောင် တောဒေသ၌ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားများက တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ရာ အရပ်သားငါးဦး သေဆုံးကြောင်း နိုင်ငံတော်အတိုင် ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန်သည်။
သြဂုတ် ၂၅ ရက်တွင် အကြမ်း ဖက်သမားမျာ၏ တိုက်ခိုက်မှု ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာထမ်းတစ်ဦး အသက်ဆုံး ရှုံးခဲ့သည်။ အကြမ်းဖက်မှုတွင် ပါဝင်သည့် အကြမ်းဖက်သမား ၇၇ ဦးကို အသေဖမ်းဆီးရ မိခဲ့ပြီး နှစ်ဦးကို အရှင်ဖမ်းမိခဲ့ ကြောင်း ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ထပ် မံ၍ အရပ်သားငါးဦး သေဆုံးခဲ့ ပြီး အကြမ်းဖက်သမားသုံးဦး အ သေရရှိခဲ့ကြောင်း ဩဂုတ် ၂၆ ရက် ည ၉ နာရီထိ ထုတ်ပြန်ချက် များတွင် ဖော်ပြသည်။
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်အပါအဝင် ပါတီခေါင်းဆောင်များသည် ဩဂုတ် ၉ ရက်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် နေ ပြည်တော်၌ တွေ့ဆုံစဉ် ရခိုင် ဒေသလုံခြုံရေးကို တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ရာ ဩဂုတ် ၉ ရက် တွင် တပ်မတော်သားအများအ ပြားကို ရခိုင်ဒေသသို့ စေလွှတ်ခဲ့ သည်။
ရခိုင်အမျိုးသားပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့သည် အစိုးရ ဖွဲ့စည်းပေးထားသည့် ကိုဖီအာ နန် ခေါင်းဆောင်သော ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကိုလည်း ကန့်ကွက်ထားသည့် ပါတီများဖြစ်သည်။
မောင်တောမြို့နယ် ကျေးလက်ဒေသများတွင် ပိတ်မိ နေသူများနှင့် ဌာနဆိုင်ရာဝန်ထမ်း များအတွက် လိုအပ်သော စားနပ် ရိက္ခာများကို ရဟတ်ယာဉ်များ ဖြင့် သယ်ယူပို့ဆောင်ပေးနေပြီး စားနပ်ရိက္ခာပြတ်လပ်မှု မရှိစေ ရေး တာဝန်ရှိသူများက စီစဉ်ပေး မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီး ချုပ် ဦးညီပုကပြောသည်။
မောင်တောဒေသတွင် လူဦး ရေ ရှစ်သိန်းသုံးသောင်းကျော်ရှိ ရာ ဘင်္ဂါလီလူဦးရေ ခုနစ်သိန်းခွဲ ကျော်ရှိပြီး စုစုပေါင်း လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသည်။


အကြမ်းဖက်ခေါင်းဆောင် ဘင်္ဂလားဒေ့ခ်ျ ဆေးရုံတွင် သေဆုံးသတင်း



ငြိမ်းချမ်းရေးသတင်း

မြန်မာအစိုးရ၏ ဖိတ်ကြားမှုဖြင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ မြန်မာနိုင်ငံသို့ လေးရက်ကြာ လြာရောက်မည်ဟု ပုပ်ရ ဟန်းမင်းကြီး၏ ဗာတီကန်နန်းတော်နှင့် တစ်ကမ္ဘာလုံးရှိ ကက်သလစ်ဆရာတော် ကြီးများအဖွဲ့ချုပ်များက ဩဂုတ် ၂၈ ရက်တွင် တရားဝင်ကြေညာသည်။ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် မြန်မာနိုင်ငံမှတစ်ဆင့် နိုဝင် ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက် အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဆက် လက်သွားရောက်မည်ဟု ဗာတီ ကန်နန်းတော်က ကြေညာထား သည်။.
.
ပြည်သူ့လွှတ်တော်တွင် ရခိုင်ပြည်နယ်အရေးအခင်းကို တပ်မတော်မှ ထိမ်းသိမ်းပေးရန် အဆိုရှုံးနိုမ်သွားသည်။ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း များတွင်လည်း တပ်မတော် ၀င်ရောက်ထိမ်းသိမ်းမှုကို လွှတ်တော်မှ မထောက်ခံခဲ့သော်လည်း၊ စစ်ရေးသည် တပ်မတော် လက်ထဲတွင်သာ ရှိနေဆဲ ဖြစ်သည်။ ရခိုင်ဒေသခံများက အတူယှဉ်တွဲ မနေထိုင်လိုပဲ ဘင်္ဂါလီများကို ရခိုင်ပြည်နယ်မှာ အပြီးထွက်ခွာရန်သာ လိုလားကြသည်။ ကမ္ဘာ့ အရေးအခင်း ဖြစ်လာပါသည်။
End...



August 26, 2017

အမှုရင်ဆိုင်နေရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှီနာဝပ်ထရာသည် နိုင်ငံထဲမှ တိမ်းရှောင် ထွက်ပြေးသွားကြောင်း


ဝန်ကြီးချုပ်ဟောင်း ယင်လပ် ထိုင်းနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်သွား
7Days News / Reuters / Image: Bangkok Post
အမှုရင်ဆိုင်နေရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှီနာဝပ်ထရာသည် နိုင်ငံထဲမှ တိမ်းရှောင် ထွက်ပြေးသွားကြောင်း သိရှိရသည်။

သူမသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်က နိုင်ငံဘဏ္ဍာများ ပြုန်းတီးစေခဲ့သည့် ဆန်စပါး ဝယ်ယူရေး မူဝါဒ တစ်ခုကို ကြပ်မတ်ကွပ်ကဲရန် တာဝန် ပျက်ကွက်မှုအတွက် တရားစွဲဆို ခံရပြီး ဩဂုတ် ၂၅ ရက်တွင် စီရင်ချက် ချမှတ်ရန် စီစဉ်ခဲ့သော်လည်း တရားရုံးချုပ်သို့ ရောက်မလာခဲ့ချေ။

သူမ၏ ရှေ့နေများက ယင်လပ်သည် နာမကျန်း ဖြစ်နေသောကြောင့် တရားခွင်သို့ ရောက်မလာနိုင်ကြောင်း ပြောကြားခဲ့သော်လည်း တရားရုံးချုပ်က လက်မခံဘဲ ဖမ်းဝရမ်းထုတ်ရန် စီစဉ်ခဲ့သည်။

ယင်လပ်၏ ပါတီက သူမသည် တရားရုံး၏ အပြီးသတ် စီရင်ချက် မချမှတ်မီ နာရီပိုင်း အလိုတွင် ထိုင်းမှ ထွက်ခွာမည့် ဆုံးဖြတ်ချက်ကို ကြိုတင် စီစဉ်မထားဘဲ ချမှတ်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။

ယင်လပ်က တရားစီရင် စစ်ဆေးမှု ကာလတလျှောက်လုံးတွင် သူမအနေဖြင့် စွဲချက်နှင့် ပတ်သက်၍ မည်သည့် အမှားမျှ မကျူးလွန်ခဲ့ဟု အခိုင်အမာ ငြင်းဆိုခဲ့သည်။ အတိုက်အခံ အင်အားစုများက ယင်လပ်သည် သူမကို ထောက်ခံသည့် လယ်သမား လူတန်းစားထံမှ ဆန်စပါးများကို ကာလပေါက်ဈေးထက် များစွာပိုပေး၍ ဝယ်ယူခဲ့ခြင်းဖြင့် နိုင်ငံဘဏ္ဍာကို ဒေါ်လာ ဘီလီယံနှင့်ချီ နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။

ယင်လပ်၏ ပြူထိုင်းပါတီက သူမသည် ထိုင်းနိုင်ငံထဲမှ ထွက်ခွာသွားပြီဟု အခိုင်အမာ ပြောကြားခဲ့သော်လည်း လက်ရှိ ဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာကမူ လမ်းကြောင်းအားလုံးကို အနီးကပ် စောင့်ကြည့်နေမည်ဟု ဆိုသည်။ “ယင်လပ်က တရားရုံးကို ရောက်မလာကြောင်း ကျွန်တော် ကြားမိတယ်။ နယ်ခြားက စစ်ဆေးရေးဂိတ် အားလုံးကို ဒီကိစ္စအတွက် တပ်လှန့်စောင့်ကြည့်ဖို့ ကျွန်တော် အမိန့်ပေးထားပါတယ်”ဟု ပယာရွတ်သ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒုတိယ ဝန်ကြီးချုပ် ပရာဝစ် ဝုန်ဆာဝမ်က ယင်လပ် မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးဟု မှတ်ချက်ပေးခဲ့သော်လည်း နောက်ပိုင်းတွင်မူ သူမသည် ထိုင်းမှ ထွက်ခွာသွားပြီး ဖြစ်နိုင်ကြောင်း ဝန်ခံခဲ့သည်။

ထိုင်းမှ ယင်လပ် ထွက်ခွာသွားခြင်းသည် ထိုင်းအာဏာသိမ်း စစ်အစိုးရ လိုလားသည့် ကိစ္စတစ်ခု ဆိုသည်မှာ ဖုံးကွယ်ထားစရာ မလိုသည့် လျှို့ဝှက်ချက်သဖွယ် ဖြစ်နေသည်။ ယင်လပ်ကို တရားစွဲဆိုမှုသည် နိုင်ငံရေးအရ တိုက်ခိုက်မှု တစ်ခုသာဖြစ်ကြောင်း သူမကို ထောက်ခံသူများက အခိုင်အမာ ယုံကြည်လျက် ရှိသည်။

ယင်လပ်သည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာ၏ ညီမဖြစ်ပြီး သူမ အာဏာရခဲ့ချိန်၌ အငြင်းပွားဖွယ်ရာ အခြေအနေများ၊ ပြင်းထန်သည့် အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှုများနှင့် ကြုံခဲ့ရသည်။ ထို့အပြင် အတိုက်အခံ အင်အားစုများက ယင်လပ်သည် သက်ဆင်၏ ရုပ်သေးမျှသာဖြစ်ကြောင်း စွပ်စွဲကြသည်။ သက်ဆင်နှင့် ယင်လပ်တို့ နှစ်ဦးလုံးသည် ထိုင်းနိုင်ငံတွင် လူများစုဖြစ်သည့် လယ်သမား လူတန်းစား၏ ချစ်ခင် ထောက်ခံမှုကို ခံရသော်လည်း အလယ်အလတ်တန်းစားနှင့် လူ့မလိုင် အသိုက်အဝန်း၏ တူးတူးခါးခါး မုန်းတီးမှုကို ခံကြရသည်။
.
.
.
Yingluck in Dubai, party sources say
26 Aug 2017 at 12:09 7,214 viewed10 comments
WRITER: REUTERS

A supporter holds images of former prime minister Yingluck Shinawatra and her brother Thaksin on Aug 1, the day when Ms Yingluck made the closing statement in her trial. (Bangkok Post file photo)
Former prime minister Yingluck Shinawatra has fled to Dubai, senior Pheu Thai Party members said on Saturday, a day after she failed to show up for a negligence ruling in which she faced up to 10 years in prison.

Sources in the party said Ms Yingluck left the country last week and flew via Singapore to Dubai where her brother, former prime minister Thaksin Shinawatra, who lives in self-imposed exile to avoid a 2008 jail sentence for corruption, has a home.

"We heard that she went to Cambodia and then Singapore from where she flew to Dubai. She has arrived safely and is there now," said a senior party member who declined to be named because he was not authorised to speak to the media.

Deputy national police chief General Srivara Rangsibrahmanakul said police had no record of Ms Yingluck leaving the country and were following developments closely.

However, other sources have told the Bangkok Post that senior officials were complicit in the escape, as they feared unrest had Ms Yingluck stayed and had the court delivered a guilty ruling and a jail term.

A Reuters reporter was stopped by security at the exclusive Emirates Hills community in Dubai, where Thaksin has a home.

A spokesperson for Thaksin in Dubai did not respond to attempts by Reuters to contact him.

After she failed to appear on Friday, the Supreme Court issued a warrant for Ms Yingluck's arrest and forfeited her 30-million-baht bail. Immigration police said on Friday that they would arrest Ms Yingluck on the spot if she is found.

Image: Bangkok Post

Ref
7Days News
On Sat, 2017-08-26 13:42Issue No.No.1546 Saturday, August 26,

August 20, 2017

မြန်မာစစ်တပ် သြဇာကြီးမားနေကြောင်း အမေရိကန်စစ်သံမှုးဟောင်း၏ ဆောင်းပါး


ပြုပြင်ပြောင်းလဲရေး ဆက်လက် ဖေါ်ဆောင်ရန် တပ်မတော်က အဓိက သော့ချက် ဖြစ်နေဟု အမေရိကန် စစ်သံမှုးဟောင်း ပြော
===================
(ယခုဖေါ်ပြမည့် ဆောင်းပါး ကို မြန်မာနိုင်ငံတွင် စစ်သံမှုး အဖြစ် ၂၀၁၂-၁၅ တာဝန်ထမ်းဆောင်သွားသူ အမေရိကန် ကြည်းတပ်မှ ဗိုလ်မှုးကြီး ၀ီလျံ စီ ဒစ်ကီး နှင့် မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး ဌာန၏ ပစိတ်ဖိတ် ဖိုရမ် မှ ဦးနေရန်ဦး တို့ ပူးတွဲ ရေးသားထားမှုကို Nikkei Asian Review တွင် "Myanmar military holds key to further reform" ခေါင်းစဉ် ဖြင့် ဖေါ်ပြထားခြင်း ဖြစ်သည်)
ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်စွာ ဖြစ်ထွန်းရေး အတွက် ရင်ဆိုင်ရမည် များပြားလှစွာသော စိမ်ခေါ်မှုများထဲတွင် ခိုင်မာသော နိုင်ငံတော် အဖွဲ့အစည်းများ ပေါ်ထွန်းရေး၊ စီးပွားရေးကို အသွင်ပြောင်းလဲ ပြစ်ရေး၊ တိုင်းရင်းသား လူမျိုးစုများနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး တို့ ပါဝင်နေပေသည်။ ပြုပြင် ပြောင်းလဲရေး များ ရှေ့ရှောက် ပြုလုပ်ရာ လမ်းတွင် ကြီးမားလှသော အခက်အခဲ တရပ် အဖြစ် ရှိနေသည့် တပ်မတော်၏ အခန်းကဏ္ဍ နှင့် ယှဉ်လျင် အဆိုပါ တာဝန်ကြီးများက မပြောပလောက်သည့် အနေအထားကို ရောက်ရှိသွားခဲ့ရပေသည်။
မြန်မာနိုင်ငံတွင် တပ်မတော်သည် သြဇာ အာဏာ အရှိဆုံး အဖွဲ့အစည်းတခု အဖြစ် တည်ရှိနေသည်။ နှစ်ပေါင်း ၅၀ ကျော် တိုင်းပြည်ကို အုပ်ချုပ်လာခဲ့ကြသောကြောင့်လည်း နိုင်ငံရေး နှင့် စီးပွားရေးတို့တွင် ခြေကုပ်ရယူထားပြီး ဖြစ်နေပေသည်။ ပါလီမန် တွင် နေရာများ ရယူထားခြင်း၊ ၀န်ကြီးဌာန သုံးခုကို ထိမ်းချုပ်ထားခြင်း၊ ကာကွယ်ရေး ဦးစီးချုပ်အား မည်သူကမျှ ထိမ်းချုပ်နိုင်ခွင့် မရှိခြင်း၊ အရေးပေါ် အခြေအနေတွင် နိုင်ငံ အာဏာကို လွှဲပြောင်းရယူနိုင်ခြင်း အစရှိသည်တို့ ပါဝင်နေသည်။
တပ်မတော်အနေဖြင့် နိုင်ငံရေးတွင်မပါဝင်ပဲ အရပ်သား အုပ်ချုပ်မှုအောက်တွင် ရှိပြီး နိုင်ငံတကာ စံနှုန်း များကို လေးစားလိုက်နာသော အဖွှဲအစည်း တရပ် ဖြစ်လာရေးသည် နိုင်ငံတွင်း ဒီမိုကရေစီ ဖြစ်ထွန်းပေါ်ပေါက်မှုတွင် အရေးပါသော နေရာမှ တည်ရှိနေပေသည်။ သို့မှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်မှု ရရှိလာစေပြီး နောက်ဆုံးတွင် စစ်တပ်မှ ဦးဆောင်ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အား ပြုပြင်ပြောင်းလဲရေး များ ဖြစ်ပေါ် လာပေမည်။ ထို့ အတွက် မြန်မာ အစိုးရ အထူးသဖြင့် နိုင်ငံ ခေါင်းဆောင် တဦးကဲ့သို့ ဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာစစ်တပ်အား ပရိုဖက်ရှင်နယ် တပ်မတော် အသွင် ပေါ်ထွန်းလာစေရေး ကူညီလေ့ကျင့်ပေးရန် အမေရိကန်၏ အကူအညီကို ရယူသင့်ပေသည်။
အမေရိကန် အနေဖြင့် ၂၀၁၃ တွင် မြန်မာနှင့် သံတမန် ဆက်ဆံရေး အပြည့်အ၀ ပြန်လည်ထူထောင်ခဲ့ပြီး စီးပွားရေး ဒဏ်ခတ်မှု အားလုံးနီးပါးအား ဖယ်ရှားပေးခဲ့ပြီ ဖြစ်သော်လည်း အမေရိကန် ကွန်ဂရက်မှ ပြဌာန်းထားသော မြန်မာပြည်ဆိုင်ရာ ဥပဒေများကြောင့် အမေရိကန် စစ်တပ်အနေဖြင့် မြန်မာ တပ်မတော်နှင့် အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်နိုင်ခွင့် မရ ဖြစ်နေရပေသည်။ ထိုအထဲတွင် မြန်မာတပ်မတော်အား အကူအညီပေးရေး နှင့် စစ်တပ်အသွင် ပီသအောင် အရာရှိများကို ပညာပေးရေးတို့ ပါဝင်နေသည်။ ၂၀၀၈ ခုနှစ် တွင် ပြဌာန်းခဲ့သော JADE (Junta Anti-Democratic Efforts) ဥပဒေတွင် မြန်မာ စစ်တပ်အား စစ်ရေး လေ့ကျင့် သင်တန်း များ ပေးရန် အစိုးရ ရံပုံငွေ သုံးစွဲခြင်းအား တိတိကျကျ တားမြစ်ထားသည်ကို တွေ့ရသည်။
ထိုကဲ့သို့ အခက်အခဲများ ရှိနေသော်လည်း မြန်မာ စစ်ခေါင်းဆောင်များ အနေဖြင့် ပင်တဂွန် နှင့် နီးနီးကပ်ကပ် စစ်ရေး အရ ဆက်ဆံသွားရန် လိုလားနေကြသည်ကို တွေ့ခဲ့ရသည်။ ၂၀၁၂ ခုနှစ်မှ စ၍ တပ်မတော်မှ လူ့အသက် အန္တရာယ် မထိခိုက်နိုင်သော နယ်ပါယ်များ ဖြစ်သည့် ဆေးပညာ နှင့် ပရိုဖက်ရှင်နယ် စစ်တပ် ဖြစ်ပေါ်ရေး ပညာပေး အစီအစဉ်များ ကူညီလေ့ကျင့်ပေးရန် အမေရိကန် အား ချည်းကပ်ခဲ့ကြပြီး ဖြစ်သည်။ လက်ရှိ အမေရိကန် ဥပဒေများအရ အမေရိကန် အနေဖြင့် ထိုကဲ့သို့ မပြုလုပ်ရန် တားမြစ်ထားသော်လည်း မြန်မာနိုင်ငံ၏ အရပ်သား အစိုးရမှ သံတမန် လမ်းကြောင်းမှ တဆင့် တရားဝင် အကူအညီ တောင်းလာပါက ကွန်ဂရက်မှ ကောင်းမွန်စွာ လက်ခံ စဉ်းစားပေးကောင်း ပေးနိုင်ပေမည်။
နှစ်နိုင်ငံ ဆက်ဆံရေးသည် ယခင် အမေရိကန် အစိုးရ လက်ထက်မှာကဲ့သို့ တက်ကြွမှု မရှိတော့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အ၀ါသည် ၀ါရှင်တန် တွင် ဆက်လက် တည်ရှိနေဆဲ ဖြစ်၍ သူမအနေဖြင့် အချို့မူဝါဒ များကို ချွင်းချက် ဖြင့် ခွင့်ပြုပေးရန် တောင်းဆို၍ ရနိုင်ပေသည်။ ရခိုင်ကိစ္စတွင် နာမည်ပျက်မှု အချို့ ရှိခဲ့သော်လည်း သူမ အနေဖြင့် ကွန်ဂရက်၏ ထောက်ခံမှု ရရန် စည်းရုံးနိုင်သော သြဇာ အာဏာ ရှိနေဆဲ ဖြစ်သည်။ ဥပမာအားဖြင့် ရီပါတ်ဘလီကင် ဆီးနိတ် လူများစု ခေါင်းဆောင် မစ်ခ်ျ မက်ကွန်းနဲလ်မှ နိုင်ငံခြားရေး ၀န်ကြီး ရက်စ် တီလာဆန် နှင့် ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ရာတွင် Don't forget about Burma ဟု ပြောခဲ့ပေသည်။ တီလာဆန် ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ဂျွန်လ ကုန်ပိုင်းက တယ်လီဖုန်း ဖြင့် စကားပြောခဲ့ပြီး ယခုနှစ် အကုန်ပိုင်းလောက် အမေရိကန်ကို လာပါရန် ဖိတ်ကြားခဲ့ပေသည်။
အမေရိကန် အနေဖြင့် လည်း မြန်မာ အနေဖြင့် ၎င်းတို့အကူအညီတောင်းသည့် ကိစ္စများအား ကူညီရန် သင့်လျော်သော နိုင်ငံ ဖြစ်နေပြန်သည်။ ထို့အပြင် အမေရိကန်၏ Expanded International Military and Education Training (E-IMET) အစီအစဉ် ရံပုံငွေ ဖြင့် နိုင်ငံပေါင်းများစွာကို အကူအညီပေးခဲ့သည့် အတွေ့အကြုံများ ရှိခဲ့ပြီးလည်း ဖြစ်သည်။ ထိုအစီအစဉ်များတွင် ကာကွယ်ရေး အရင်းအမြစ်များကို သင့်လျော်စွာ စီမံခန့်ခွဲ သုံးစွဲနိုင်ရေး၊ နိုင်ငံတကာ မှ အသိအမှတ်ပြုထားသော လူ့အခွင့်အရေး စံနှုန်းများနှင့်အညီ စစ်ဖက်တရားစီရင်မှု တိုးတက်လာရေး၊ စစ်ဖက်ကို အရပ်သား ထိမ်းချုပ်မှု သဘောကို နားလည်လာစေရေး များ ပါဝင်နေပေသည်။ ထိုကဲ့သို့ E-IMET ရံပုံငွေ ဖြင့် သုံးစွဲ နိုင်ရန် ကွန်ဂရက် ၏ အတည်ပြုချက် ရရှိဖို လိုအပ်နေသည်။ ကွန်ဂရက်မှ အဆိုပါ နိုင်ငံ၏ အခြေအနေများကို နှစ်စဉ် သုံးသပ်ပြီး လိုအပ်သလို ဆက်လက် ပြုလုပ်ခွင့် ရပ်ဆိုင်းခွင့် အမိန့်များ ထုတ်ပြန်နိုင်သည်။


အင်ဒိုနီးရှားစစ်တပ်
E-IMET အစီအစဉ် ဖြင့် အောင်မြင်ခဲ့မှုများတွင် အထင်ရှားဆုံးသည် အင်ဒိုနီရှားပင် ဖြစ်ပေသည်။ ဗိုလ်ချုပ်ကြီး ဆူဟာတို သည် စစ်တပ်ထောက်ခံမှုပေးထားသော အာဏာရှင် စနစ်ဖြင့် တိုင်းပြည်အား ၁၉၆၆ မှ ၁၉၉၈ အထိ အုပ်ချုပ်သွားခဲ့သည်။ ယနေ့ မြန်မာပြည်မှာကဲ့သို့ပင် အင်ဒိုနီရှား စစ်တပ်သည်လည်း ဥပဒေပြု လွှတ်တော်တွင် ကိုယ်စားလှယ်များ ထားရှိခဲ့သည်။ အမေရိကန်မှ အင်ဒိုနီရှား စစ်တပ်အရာရှိ ရာပေါင်းများစွာကို E-IMET အစီအစဉ် ဖြင့် လေ့ကျင့်သင်ကြားပေးခဲ့သည်။ ဒီမိုကရေစီ စစ်တပ် သဘောသဘာဝ ကို ထိတွေ့ သိရှိခွင့် ရလာခဲ့မှုကြောင့် ဒီမိုကရေစီ အကျိုး ဖြစ်ထွန်းမှုကို သဘောပေါက်ခဲ့ကြပြီ့း ၂၀၀၄ တွင် လွှတ်တော်မှ အပြီးအပိုင် ထွက်ခွာ သွားခဲ့ကြပေသည်။
ထိုကဲ့သို့ ထွက်ခွာနိုင်ရေးတွင် အဓိက နေရာမှ ပါဝင်ခဲ့သူသည် ဒုတိယ ဗိုလ်ချုပ်ကြီး (အငြိမ်းစား) အာဂပ်စ် ၀စ်ဂျိုဂျို ပင် ဖြစ်သည်။ ၎င်းသည် ၁၉၈၈ တွင် အမေရိကန်ကြည်းတပ်၏ ကွပ်ကဲရေး နှင့် စစ်ရေးချုပ် ကောလိပ်တွင် တက်ရောက်သင်ကြားခဲဖူးပြီး ၁၉၉၄ တွင် အမေရိကန် အမျိုးသား ကာကွယ်ရေး တက္ကသိုလ်တွင် ဆက်လက် ပညာသင်ယူခဲ့သူ ဖြစ်သည်။ ၎င်းက "အင်ဒိုနီရှား၏ ဒီမိုကရေစီ ဖြစ်ထွန်းရေးတွင် IMET သည် အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့သည့်အတွက် မြန်မာနိုင်ငံသည်လည်း အလားတူ ဖြစ်သင့်သည်" ဟု တခါက ပြောကြားခဲ့ဖူးသည်။ ပြီးခဲ့သည့် အပါတ်အတွင်း နေပြည်တော်တွင် ကျင်းပခဲ့သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖိုရမ် ကို ၎င်းကိုယ်တိုင် တက်ရောက်ခဲ့ပြီး ထိုအတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ပေသည်။
.
.
လောလောဆယ်တွင် မြန်မာ အနေဖြင့်
E-IMET ရံပုံငွေ လက်ခံ မရရှိနိုင်သေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမ၏ လာမည့် ၀ါရှင်တန် ခရီးစဉ်တွင် တောင်းဆိုနိုင်ပေသည်။
ခွင့်ပြုချက်ရရှိပါက မြန်မာ တပ်မတော်အရာရှိ များ၊ ကာကွယ်ရေးဖက်ဆိုင်ရာ အရပ်ဖက် အရာရှိ အများအပြား အနေဖြင့် ဟာဝိုင်အီရှိ လုံခြုံရေး ဆိုင်ရာ လေ့လာမှု အာရှ-ပစိဖိတ် စင်တာ တွင် တက်ရောက်သင်ကြားခွင့်ရရှိမည် ဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် IMET တွင် မပါဝင်သော အခြား ပရိုဂရမ်တခု ဖြစ်သည့် U.S. State Partnership Program တွင် ပါဝင်ခွင့်ရရန် တောင်းဆိုနိုင်ပေသေးသည်။ ထိုပရိုဂရမ်အရ မြန်မာတပ်မတော်အရာရှိ အများအပြားအနေဖြင့် အမေရိကန်ရှိ State National Guard တပ်များနှင့် ထိတွေ့ဆက်ဆံခွင့်ရရှိလာမည် ဖြစ်သည့်အပြင် အမေရိကန် ပြည်တွင်းရှိ သင်တန်း အမျိုးမျိုးကိုလည်း တက်ရောက်ခွင့်ရရှိလာကာ စစ်ဖက်အား အရပ်ဖက် ထိမ်းချုပ်မှု ၏ အရေးပါပုံ နှင့် နိုင်ငံတကာ စံနှုန်းများ လိုက်နာရေး တို့တွင် ပူပူနွေးနွေး အတွေ့အကြုံများ ရရှိလာနိုင်မည် ဖြစ်သည်။
အမေရိကန် အနေဖြင့်လည်း မြန်မာပြည် ဒီမိုကရေစီ လမ်းကြောင်းပေါ်ရှိနေစေရေး အကူအညီပေးရန် ထိတွေ့ ဆက်ဆံဖို့လိုနေပေသည်။ သို့အတွက် မြန်မာ ပြည်အား IMET ရံပုံငွေ ချပေးရန် လည်း လိုအပ်ပေသည်။ မြန်မာအရေး လေ့လာစောင့်ကြည့်သူ အချို့မှ ထိုကဲ့သို့ တွေးတောမှု မရှိကြသည်မှာလည်း နားလည်နိုင်ပါသည်။ ၎င်းတို့အနေဖြင့် အမေရိကန် စစ်တပ်မှ မြန်မာအား လက်ကမ်းစရာ မလိုပဲ နိုင်ငံရေး အရှိန်အ၀ါ ကို သုံးပြီး မြန်မာ စစ်တပ်ကို ဖိအားပေးရမည်ဟု ယူဆထားခဲ့သူများလည်း ဖြစ်သည်။ အချို့ကလည်း အမေရိကန်ထံမှ လေ့ကျင့်သင်ယူမှုများဖြင့် နိုင်ငံသားများအပေါ် ပြန်လည် အသုံးချလာမည့် အရေးကိုလည်း စိုးရွံ့မှုများ ရှိနေဆဲ ဖြစ်သည်။
ထို့အတွက် မိမိတို့ ပြောလိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူအသက်အန္တရာယ် မထိခိုက်နိုင်သော လေ့ကျင်သင်ကြားပေးမှု ပြုလုပ်ရန် တောင်းဆိုသင့်ပေသည်။ အလယ်အလတ် မြန်မာ စစ်အရာရှိများအား ဒီမိုကရေစီ တန်ဖိုးများ၊ နိုင်ငံတကာ စံနှုန်းများ နားလည်လာစေခြင်းဖြင့် နောက်ပိုင်းတွင် မျိုးဆက်သစ် တပ်မတော် ခေါင်းဆောင်များ ပေါ်ထွန်းလာမည် ဖြစ်ပေသည်။
ထို့အပြင် ဒီမိုကရေစီ လူ့ဘောင်တွင် လွတ်လပ်သော မီဒီယာ ရှိရမည်ဆိုသည့် သဘောတရား ကို တပ်မတော်အနေဖြင့် နားလည် ပိုက်ထွေးလာရန်လည်း အထောက်အပံ့ ပေးနိုင်အုန်းမည် ဖြစ်ပေသည်။ ထို့အပြင် ရခိုင်ပြည်နယ် အခြေအနေတွင် လုံခြုံရေး တပ်ဖွဲ့များ ပါဝင်ပါတ်သက်မှုကြောင့် ဖြစ်ပေါ်လာရသော အငြင်းပွားမှုများကို လေ့လာ ဆန်းစစ်ရန် ကုလသမဂ္ဂ၏ မကြာမီက တောင်းဆိုချက်အားလည်း ကြိုဆို သင့်ကြောင်း သိရှိလာမည် ဖြစ်သည်။
ထရန့် အစိုးရအနေဖြင့်လည်း အရှေ့တောင်အာရှ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ရင့်ကျက် ခိုင်မာလာစေရန် အာရုံစိုက်သင့်ပြီး ကွန်ဂရက် အနေဖြင့်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းလာသော နိုင်ငံများအား အကူအညီပေးခဲ့ဖူးသည့် အစဉ်အလာအတိုင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တပ်မတော်အား ပရိုဖက်ရှင်နယ် ဖြစ်လာစေရေး တောင်းဆိုချက်ကို လိုလိုလားလား လိုက်လျောသင့်လှပေသည်။
တပ်မတော် အနေဖြင့် လည်း အရပ်ဖက် ထိမ်းချုပ်မှု အောက်တွင် ရှိနေမှုကို လက်ခံပြီး လူ့အခွင့်အရေး နှင့် နိုင်ငံတကာ စံနှုန်းများ လေးစားလိုက်နာလာခြင်းဖြင့် သာ မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အဖိုးမဖြတ်နိုင်အောင် ၀င်ရောက် ကူညီပေးခြင်းမျိုး ဖြစ်ပေလိမ့်မည်။

Reference: 
https://www.facebook.com/soewai66/posts/1392911280828542
 မြန်မာ-အမေရိကန် တပ်မတော်၂ခု နီးစပ်လာချိန် တရုပ်က ဘယ်လိုတုံ့ပြန်မည်နည်း...
ယခုဆောင်းပါးတွင် တရုပ်ကဏ္ဍ ရေးသားမထားပါ...။ အထူးသဖြင့် ကချင်ပြည်နယ်သည် တရုပ်နှင့်အမေရိကန်တို့ ပြိုင်ဆိုင်မှုကြောင့် စစ်ပွဲများ မငြိမ်းချမ်းနိုင် ၏ အကြောင်းတစ်ခု ဖြစ်နေရသည်။ 

August 04, 2017

ကချင်ပြည်နယ်နဲ့တရုပ်နိုင်ငံမှ ပိုလျှံလျှပ်စစ်ဓါတ်အား သွယ်တန်းသုံးစွဲနိုင်ရေး

ကချင်ပြည်နယ်က ရွာအများစု လျှပ်စစ်မီးမရသေး

2017-07-12 ကချင်ပြည်နယ်မှာ ပိုလျှံလျှပ်စစ်ဓါတ်အား ၉ဝ မဂ္ဂါဝပ်လောက်ရှိပေမယ့် ရွာပေါင်း ၂ဝဝဝ ကျော်ထဲက ၈ဝဝ ကျော် သာ လျှပ်စစ်မီးရရှိပြီး ရွာပေါင်း ၁ဝဝဝ ကျော်ကို မီးမပေးနိုင်သေးဘူးလို့ သိရပါတယ်။
ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က တွေ့ဆုံ မေးမြန်းထားပါတယ်။
.
ချီဖွေ ၉၉ မဂါဝပ်
မလိ ၁၀.၅ ..စသဖြင့်
အားလုံးပေါင်းထုတ်လုပ်မှု ၁၃၃ မဂါဝပ်၊
သုံးစွဲမြို့ကြီးများက ၄၅ မဂါဝပ်၊ အပို ၉၀ မဂါဝပ် ရှိပါတယ်။
(တာပိန်ဓါတ်အားပေးရုံမှ
.
ပိုရှံပေမဲ့ ဖြန့်ဖြူးလို့မရ  ၁၁ကေဗွီလိုင်း ဆွဲနေ၊ ဆွဲပြီးနေပါတယ်။ ဓါတ်အားဆုံးရှုံးမှုတွေများပါတယ်။  ၆၆/၃၃ ကေဗွီ ဆွဲခွင့် ပြည်နယ်အစိုးရကို ပေးလိုက်ရင် အများကြီး ပို့နိုင်မှာပါ။ အလှမ်းဝေးတဲ့ ရွာများမှာ ဓါတ်အားလိုင်းကြောင့် မပေးနိုင်သေးပါဘူး။ ရွာ ၁၇၀၀ လောက် ကျန်နေပါသေးတယ်။ 

၆၆ ဓါတ်အားလိုင်း ဖားကန့်၊ ကားမိုင်း ဓါတ်အားခွဲစက်ရုံတွေလဲ ဆောက်ပြီးပါပြီ။ နယ်မြေလုံခြုံမှု မရသေးလို့ပါ။ 
.
လျှပ်စစ်ဓါတ်အားခ ဈေးကြီးနေတာ လျှော့ ချပေးဖို့..ဘူးဂါးတာဝန်ယူထားပါတယ်။ အရင်အစိုးရက တယူနစ်ကို ၁၂၀ နဲ့ ကောက်ပါတယ်။ အခု ၁၁၀ ညှိနှိုင်းပေးပါတယ်။ တဆင့်ယူရောင်းလို့ ဈေးမချနိုင်သေးပါဘူး။ နှုတ်အားဖြင့်တော့ သူတို့ထုတ်နိုင်လာရင် ရှော့ ပေးပါတယ်။ မြစ်ကြီးနား ၀ိုင်းမော် ၂ခုကတော့ ဓါတ်အားခ တော်တော်မြင့်နေပါတယ်။ ကချင်ပြည်နယ် ဗန်းမော်၊ရွှေဂူ၊ နမ္ပတီးအောက်ပိုင်းကလည်း ၃၅ကျပ် ဈေးနှုန်းပါပဲ။ 
ကိုးကားလင့်..။  
http://www.rfa.org/burmese/interview/kachin-electric-07122017004215.html


ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဖို့ ထူးကုမ္ပဏီ အစိုးရထံတင်ပြ


2017-07-11 စီးပွားရေးလုပ်ငန်းရှင် ဦးတေဇရဲ့ ထူးအုပ်စုကုမ္ပဏီက ကချင်ပြည်နယ် ပူတာအိုမြို့နယ်က မူလာချောင်းမှာ ဓါတ်အား ၅ မဂ္ဂါဝပ်ထွက်မယ့် အသေးစား ရေအားလျှပ်စစ် စီမံကိန်းအတွက် ရှေးဦးလေ့လာဆန်းစစ်ရေးတွေပြု လုပ်ဖို့ ပြည်နယ်အစိုးရထံ တင်ပြထားပါတယ်။

အဲဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ထံ တင်ပြထားတယ်လို့ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့် က ပြောပါတယ်။

"သူတို့အခုလာပြီးမှ ကျနော်တို့ဆီလာတင်တာရှိပါတယ်။ကျနော်တို့က ကက်ဘိနက်ကို တင်ပြီးမှ ဒါလေးကို သူတို့ကို ကျွန်တော်တို့က ခွင့်ပြုမယ်ဆိုတော့ အများအားဖြင့်တော့ ကျနော်တို့အနေနဲ့ကတော့ ခွင့်ပြုမှာပါ။ ဒီအသေးလေးတွေကတော့ တကယ်လည်းလိုအပ်နေတယ်။ သူတို့ရဲ့ ကနဦး စူးစမ်းလေ့ လာမှုကိုပဲ ကျနော်တို့က ခွင့်ပြုပြီး သူတို့ရဲ့တင်ပြလာမှုအပေါ်မှာ ထပ်ပြီးမှ ဒါကျနော်တို့က ညှိနှိုင်းပြီးမှ ဒါအသေးစားဆိုရင်တော့ ဒီ impact တွေ သိပ်မရှိဘူးလို့ပဲ ထင်ပါတယ်။ တကယ်လည်း လိုအပ်နေတဲ့နေရာဆိုရင်တော့ ပြည်သူတွေလည်း ဒီလောက်ကြီးတော့ ကျနော်ထင်ပါတယ်၊ သူတို့လည်း သူတို့ရဲ့ လိုအပ်ချက်လည်းရှိတဲ့အတွက် ပိုလည်း ထုတ်လုပ်တာလည်း မဟုတ်တဲ့အတွက်တော့ ပြည် သူတွေရဲ့ impact လည်း ဒီလောက်လာမယ်လို့တော့ ကျနော်လည်းမထင်ပါဘူး။"

ပူတာအိုမြို့နယ်အတွင်း ဒေသခံတွေရဲ့ ဆန္ဒသဘောထားနဲ့ သဘာဝပတ်ဝန်းကျင်ကိစ္စတွေ အပါအဝင် ကနဦးလေ့လာရေးတွေပြုလုပ်ပြီးတဲ့အခါ ပြည်နယ်အစိုးရက ခွင့်ပြုသဘောတူရင် ပြည်ထောင်စုအစိုးကို ဆက်လက်တင်ပြရမှာဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေဟာ မဂ္ဂါဝပ် ၃၀ အထိ ဓါတ်အားထွက်ရှိမယ့် ရေအားလျှပ်စစ် စီမံကိန်းတွေကို စိစစ်ခွင့်ပြုနိုင်တယ်လို့ သိရပါတယ်။

လောလောဆယ် ပူတာအိုမြို့နယ်အတွင်း ၃.၂ မဂ္ဂါဝပ်ထွက်ရှိမယ့် အထက်နမ့်ထွမ် အသေးစား ရေအားလျှပ်စစ် စီမံကိန်းကို အစိုးရအဖွဲ့က အကောင်အထည်ဖော်နေပြီး အဲဒီစီမံကိန်းမှာလည်း ထူးအုပ်စုကုမ္ပဏီက အစိုးရရဲ့ခွင့်ပြုချက်နဲ့ တစိတ်တပိုင်းလုပ်ကိုင်နေတာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က ထုတ်ပြန်တဲ့ ရှေ့ပြေးသန်းခေါင်းစာရင်း အချက်အလက်တွေအရ လူဦးရေ ၉သောင်းကျော်ရှိတဲ့ ပူတာအိုခရိုင်ဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး လျှပ်စစ်မီးမရရှိသေးတဲ့ ခရိုင်တခုဖြစ်တယ်လို့ သိရပါတယ်။


ရေအားလျှပ်စစ် တရုပ်ကုမ္ပဏီများ...

မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ထားပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ မြစ်ဆုံစီမံကိန်းအပါအဝင် ရေအားလျှပ်စစ်စီမံကိန်း ၁၄ ခုကို အစိုးရနဲ့ တရုတ်ကုမ္ပဏီ ၃ ခုတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ အစိုးရနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ တရုတ်ကုမ္ပဏီ ၃ ခုက Yunnan Provincial Investment Holding Group၊ China Power Investment နဲ့ Datang United Hydropower Developing ကုမ္ပဏီတွေ ဖြစ်ပါတယ်။

မြစ်ကြီးနားခရိုင်က ၉၉ မဂ္ဂါဝပ် လျှပ်စစ်ဓါတ်အားထုတ်နိုင်တဲ့ ချီဖွေငယ်နဲ့ ဗန်းမော်ခရိုင်က ၂၄၀ မဂ္ဂါဝပ် ထုတ်နိုင်တဲ့ တာပိန် (၁) ရေအားလျှပ်စစ်စီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဖြစ်တယ်။ 

 ချီဖွေငယ်စီမံကိန်းက ဓါတ်အားတွေကို မဟာဓါတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီး ပြည်နယ်အတွင်းမှာ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနေပြီး တာပိန်(၁) စီမံကိန်းကထွက်တဲ့ ဓါတ်အားတွေထဲက ၁၉ ရာခိုင်နှုန်း ပြည်နယ်အတွင်းမှာ ဖြန့်ဖြူးဖို့ ကချင်ပြည်နယ်မှာ ပိုလျှံနေလို့ မဖြန့်ဖြူးနိုင်ပါ။ 
.
.


ပြသနာများ...
၁။ ကချင်ပြည်နယ်တွင် လက်ရှိ လျှပ်စစ်ပိုရှံပြီး၊ မဟာဓါတ်အားလိုင်းမရှိသဖြင့် ကျေးရွာနှင့် အခြားဒေသများသို့ မဖြန့်ဖြူးနိုင်သေး။
၂။  မြစ်ကြီးနား၊ ၀ိုင်းမော် လျှပ်စစ်ဓါတ်အားခ အလွန်ဈေးကြီးနေခြင်း တယူနစ် ၃၀၀ကျပ်
၃။ ကချင်ပြည်နယ်တွင်း မီနီဂရစ် ရေအားလျှပ်စစ် အသေးစားများ ဆောက်လုပ်ရန်
၎။ ၆၆/၃၃ ကေဗွီ လိုင်းဆွဲခွင့် ပြည်နယ်အစိုးရအား ပေးအပ်ရန် (၁၁ကေဗွီလိုင်း ဓါတ်အားလိုင်းဆုံးရှုံးမှုများလို့ဖြစ်ပါတယ်။)

ကချင်ပြည်နယ်အနာဂါတ်မှာ ရေအားလျှပ်စစ် အမြောက်အများ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖြန့်ဖြူးဖို့ မိုင်ပေါင်းများစွအတွက် ၂၃၀ကေဗီ၊ ၁၁၀ကေဗွီ မဟာဓါတ်အားလိုင်းများ အရင်သွယ်တန်းဖို့လိုပါတယ်။ ကမ္ဘာ့ ဘဏ်က ချေးငွေနဲ့ မဟာဓါတ်အားလိုင်းများက ကချင်ပြည်နယ်က လျှပ်စစ်ကို လိုင်းဆုံရှုံးမှုနည်းစွာနဲ့ သွယ်တန်း၊ ယူသုံးဖို့လည်း လိုအပ်ပါတယ်။

.
.
ယခင် ၂၀၁၁ မှာ စီမံကိန်းအများစုကတော့ ဆိုင်းငံထားပါတယ်။ (MW Mega Watt)
မြစ်ဆုံ 6000 MW
ယီနန်  1200
ခေါင်လံဖူး  2700
ဖီဇော  2000
ဝူဆောက်  1800
ချီဖွေ 2800  (ပြိးစီး)
ချီဖွေငယ်  99
လိုက်ဇာ  1900
တာပိန်(၁)  240  (ပြီးစီး)
တာပိန်(၂)  168
တာခ 6
နော်ချမ်းခ(စီမံကိန်း-၅ခု)  1055
အချို့စီမံကိန်းများကို ပြန်လည်စတင်ဖို့လည်း တရုပ်ကုမ္ပဏီများရဲ့ စာချုပ်များကို ပြန်လည် စီစစ်ဖို့လိုအပ်သလို၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ ပိုအရေးကြီးပါတယ်။
.
.

လျှပ်စစ်ဓာတ် စီမံကိန်း ၆၀ ခု စီစဉ်ထားရှိ

15 March 2017 နေပြည်တော်၊ မတ်လ ၁၅ ရက် (ဆင်ဟွာ)

ရေအား၊နေရောင်ခြည်နှင့် လေစွမ်းအင်သုံး လျှပ်စစ် စီမံကိန်း ၆၀ ခုတို့ ကို စီစဉ်ထားရှိတယ် လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာထွန်းနိုင်ကပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်း တင်ပြခဲ့သည်။

မြန်မာနိုင်ငံရဲ့ လျှပ်စစ်ခန့်မှန်းချက်
၂၀၁၇ သုံးစွဲမှု  ၃၁၉၂ မဂ္ဂါဝပ် ၊  လိုအပ်မှု ၄၅၀ မဂ္ဂါဝပ်
၂၀၁၈ သုံးစွဲမှု ၃၅၈၇ မဂ္ဂါဝပ်၊ လိုအပ်မှု ၈၄၄ မဂ္ဂါဝပ် 

အဆိုပါ လျှပ်စစ်စီမံကိန်း ၅၀ ခုတို့ မှာ ရေအားလျှပ်စစ်တွင် MOU ရေးထိုးပြီး စီမံကိန်း ၂၈ ခု၊ MOA ရေးထိုးပြီး ၁၂ ခု၊ ပဋိညာဉ်စာချုပ် ချုပ်ဆိုပြီး သုံးခု နှင့် JVA ချုပ်ဆိုပြီး ခုနစ်ခုတို့ ဖြစ်ကြောင်း၊ နေရောင်ခြည် စွမ်းအင်သုံး တွင် MOU ရေးထိုးပြီး သုံးခု၊ MOA ရေးထိုးပြီး နှစ်ခုတို့ ဖြစ်ကြောင်း၊ လေစွမ်းအင်သုံးတွင် MOU ရေးထိုးပြီး လေးခု၊ MOA ရေးထိုးပြီး တစ်ခုတို့ ဖြစ်ကြောင်း ၎င်းက ရှင်းပြပါတယ်။ 

ကမ္ဘာ့ ဘဏ် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁၄၀ နဲ့ ၁၃၆ မဂ္ဂါဝပ်  သထုံ သဘာဝဓာတ်ငွေ့ နှင့် စွန့် ပစ်အပူသုံး ဓာတ်အားပေး စက်ရုံစီမံကိန်း၊ ၂၀၁၈ ခုနှစ် မတ်လတွင် ပြီးစီးပါမယ်။ 

ဂျပန် ချေးငွေနဲ့ သီလ၀ါစက်မှုဇုန်မှာလည်း ၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းကို  ၂၀၁၆ ခုနှစ် သြဂုတ်လ ပြီးပါတယ်။

China Exim Bank ရဲ့ မြန်မာနိုင်ငံအတွက် ချေးငွေ
သူဌေးချောင်း ရေအားလျှပ်စစ် ၁၁၁ မဂ္ဂါဝပ်  စီမံကိန်းကို စက်ပစ္စည်းများ ၀ယ်ယူရန် ဒေါ်လာ ၅၉ သန်း ၂၀၂၄ ခုနှစ်မှ ပြီးပါမယ်။ 
အထက်ရဲရွာ ရေအား လျှပ်စစ် ၂၈၀ မဂ္ဂါဝပ်  စီမံကိန်းကို ၁၀၂ သန်းခန့် နဲ့ ၂၀၂၁ ခုနှစ်မှာ ပြီးပါမယ်။ 
အထက် ကျိုင်းတောင်း ရေအားလျှပ်စစ် ၅၁ မဂ္ဂါဝပ် စီမံကိန်း ဒေါ်လာ ၂၉ သန်း ၂၀၂၁ ခုနှစ်မှာ ပြီးစီးပါမယ်။ 

(Xinhua)

ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့် ဇူလိုင်-၂၀၁၇ RFA ကို " ကချင်ပြည်နယ်မှာ လျှပ်စစ်ထုတ်လုပ်မှု ၁၃၃ မဂ္ဂါဝပ် ရှိပြီး၊  ပိုလျှံလျှပ်စစ်ဓါတ်အား ၉ဝ မဂ္ဂါဝပ်လောက်ရှိကြောင်း၊  ရွာပေါင်း ၂ဝဝဝ ကျော်ထဲက ၈ဝဝ ကျော် သာ လျှပ်စစ်မီးရရှိပြီး ရွာပေါင်း ၁၂ဝဝ ကျော်ကို မီးမပေးနိုင်သေးကြောင်း၊ ၁၁ကေဗွီလိုင်း ဆွဲနေ၊ ဆွဲပြီးနေပေမဲ့ ခရီးဝေးဆိုရင် ဓါတ်အားဆုံးရှုံးမှုတွေများကြောင်း၊ ၆၆/၃၃ ကေဗွီ ဆွဲခွင့် ပြည်နယ်အစိုးရကို ပေးစေလိုကြောင်း။  ၆၆ ဓါတ်အားလိုင်း ဖားကန့်၊ ကားမိုင်း ဓါတ်အားခွဲစက်ရုံတွေလဲ ဆောက်ပြီးပေမဲ့ နယ်မြေလုံခြုံမှု မရသေးလို့မဖြန့်ဖြူးနိုင်သေးကြောင်း " .. ပြောသွားပါတယ်။ 

ပြသနာများကတော့...
၁။ ကချင်ပြည်နယ်တွင် လက်ရှိ လျှပ်စစ်ပိုရှံပြီး၊ မဟာဓါတ်အားလိုင်းမရှိသဖြင့် ကျေးရွာနှင့် အခြားဒေသများသို့ မဖြန့်ဖြူးနိုင်သေး။
၂။  မြစ်ကြီးနား၊ ၀ိုင်းမော် လျှပ်စစ်ဓါတ်အားခ အလွန်ဈေးကြီးနေခြင်း တယူနစ် ၃၀၀ကျပ်
၃။ ကချင်ပြည်နယ်တွင်း မီနီဂရစ် ရေအားလျှပ်စစ် အသေးစားများ ဆောက်လုပ်ရန်
၎။ ၆၆/၃၃ ကေဗွီ လိုင်းဆွဲခွင့် ပြည်နယ်အစိုးရအား ပေးအပ်ရန် (၁၁ကေဗွီလိုင်း ဓါတ်အားလိုင်းဆုံးရှုံးမှုများလို့ဖြစ်ပါတယ်။)

ကချင်ပြည်နယ်အနာဂါတ်မှာ ရေအားလျှပ်စစ် အမြောက်အများ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖြန့်ဖြူးဖို့ မိုင်ပေါင်းများစွအတွက် ၂၃၀ကေဗီ၊ ၁၁၀ကေဗွီ မဟာဓါတ်အားလိုင်းများ အရင်သွယ်တန်းဖို့လိုပါတယ်။ ကမ္ဘာ့ ဘဏ်က ချေးငွေနဲ့ မဟာဓါတ်အားလိုင်းများက ကချင်ပြည်နယ်က လျှပ်စစ်ကို လိုင်းဆုံရှုံးမှုနည်းစွာနဲ့ သွယ်တန်း၊ ယူသုံးဖို့လည်း လိုအပ်ပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ ယခင် ၂၀၁၁ မှာ စီမံကိန်းအများစုကတော့ ဆိုင်းငံထားပါတယ်။ (MW Mega Watt)
မြစ်ဆုံ 6000 MW
ယီနန်  1200 MW
ခေါင်လံဖူး  2700 MW
ဖီဇော  2000 MW
ဝူဆောက်  1800 MW
ချီဖွေ 2800 MW   
ချီဖွေငယ်  99 MW (ပြိးစီး)
လိုက်ဇာ  1900 MW
တာပိန်(၁)  240 MW  (ပြီးစီး)
တာပိန်(၂)  168 MW
တာခ 6 MW
နော်ချမ်းခ(စီမံကိန်း-၅ခု)  1055 MW
အချို့စီမံကိန်းများကို ပြန်လည်စတင်ဖို့လည်း ခက်နေပါတယ်။ သံလွင်မြစ် ရေအားလျှပ်စစ်စီမံကိန်းတွေလဲ မြစ်ဆုံပြသနာကြောင့် ဆိုင်းငံဖြစ်သွားကြပါတယ်။  တရုပ်ကုမ္ပဏီများရဲ့ စာချုပ်များကို ပြန်လည် စီစစ်ဖို့လိုအပ်သလို၊ နိုင်ငံတကာယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့လဲ ပိုအရေးကြီးပါတယ်။ မြစ်ဆုံစီမံကိန်း စာချုပ်တွေက တဖက်သတ်ဖြစ်ပေမဲ့ ကမ္ဘာ့ ရင်းနှီးမြှတ်နှံသူများ အမြင်ကတော့ စိတ်မချရတဲ့နိုင်ငံအဖြစ် ယုံကြည်မှု ကျဆင်းနေတာလဲ တစ်ကဏ္ဍ ဖြစ်နေပါတယ်။ 
.
.
.
ပိုလျှံလျှပ်စစ် ၀ယ်ယူသုံးစွဲရန်

ကမ္ဘာ့ စီးပွားမကောင်းတာကြောင့် တရုပ်နိုင်ငံက ပိုလျှံ လျှပ်စစ်ဝယ်ယူဖို့ ဆွေးနွေးနေပေမဲ့၊ ဖြစ်မလာနိုင်သေးပါဘူး။ တရုပ်နိုင်ငံက မဟာဓါတ်အားလိုင်း မရှိသေးတော့ ခက်ခဲပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအမှီခိုကင်းရေး စိုးရိမ်မှုလဲ ရှိပါတယ်။ နိုင်ငံတကာစီးပွားရေးစာချုပ်မှာ အနိုင်ကျင့်မှုမရှိအောင် အရင်ကလို မြစ်ဆုံ၊ ကြေးနီ၊ဓါတ်ငွေလိုင်း စီမံကိန်းစာချုပ်များ တဖတ်သတ် စာချုပ် တွေကလဲ အရိပ်မဲတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီချုပ်အစိုးရက လျှပ်စစ်စာချုပ် တတ်ကျွမ်းတဲ့ နိုင်ငံခြားပညာရှင်/အတိုင်ပင်ကုမ္ပဏီ ငှားရမ်းပြီး စာချုပ်ချုပ်ဆိုဖို့ လိုပါတယ်။

နယ်စပ်ဒေသများမှာ ထိုင်း၊ လာအို၊ အိန္နိယ စတဲ့နိုင်ငံများက မြန်မာတွေ အသေးစား၊ လျှပ်စစ်ဝယ်ယူသုံးစွဲရပါတယ်။ အကြီးစား လျှပ်စစ်ဝယ်ယူခြင်းကို ၂ဖက် မျှတတဲ့ Win-Win စာချုပ်များ ဖြစ်လာမှာပါ။

တရုပ်နိုင်ငံက လျှပ်စစ်ဖြတ်တောက်ပြီး အနိုင်ကျင့်မှာလဲ စိုးရိမ်စရာမရှိတော့ပါ။ မြန်မာဓါတ်ငွေ၊ ရေနံပိုက်လိုင်းများ တရုပ်၊ ထိုင်းနိုင်ငံများကို ပို့ပေးနေတာလဲ အပြန်အလှန်အကျိုးပြုခြင်း ဖြစ်ပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ရေနံ၊ ဓါတ်ငွေ့၊ လျှပ်စစ်၊ သောက်သုံးရေ၊ အပြန်အလှန် ဖြတ်သန်းလုပ်ကိုင်နေတဲ့ ခေတ်ကာလ ဖြစ်ပါတယ်။ အဓိကတော့ ကျွမ်းကျင်တဲ့ ပညာရှင်များ မရှိသေးရင်၊ ငှားရမ်းဖို့ အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံပို့နေတဲ့ မြန်မာဓါငွေလိုင်း ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၃ နှစ်များမှာ၊ ပြုပြင်ထိန်းသိမ်းမှုကြောင့် တင်ပို့မှုကို ခေတ္တ ရပ်ဆိုင်းချိန်မှာ ထိုင်းနိုင်ငံက လျှပ်စစ် စက်ရုံအချို့ အားပြန်လည် လည်ပတ်စေပြီး တစ်နိုင်ငံ လုံး၌ လျှပ်စစ် ဓါတ်အား သုံးစွဲမှု ချွှေတာ သုံးစွဲကြရပါတယ်။ ဒီလိုအစီအစဉ်မျိုး အစိုးရကပဲ လုပ်ဆောင်ရပါတယ်။


မြန်မာနိုင်ငံရဲ့ လျှပ်စစ်ခန့်မှန်းချက်
၂၀၁၇ သုံးစွဲမှု  3192 MW  ၊  လိုအပ်မှု 450 MW
၂၀၁၈ သုံးစွဲမှု 3587 MW၊ လိုအပ်မှု 844 MW

လျှပ်စစ်စီမံကိန်း ၅၀ ခုတို့ မှာ ရေအားလျှပ်စစ်တွင် MOU ရေးထိုးပြီး စီမံကိန်း ၂၈ ခု၊ MOA ရေးထိုးပြီး ၁၂ ခု၊ ပဋိညာဉ်စာချုပ် ချုပ်ဆိုပြီး သုံးခု နှင့် JVA ချုပ်ဆိုပြီး ခုနစ်ခုတို့ ဖြစ်ကြောင်း၊ နေရောင်ခြည် စွမ်းအင်သုံး တွင် MOU ရေးထိုးပြီး သုံးခု၊ MOA ရေးထိုးပြီး နှစ်ခုတို့ ဖြစ်ကြောင်း၊ လေစွမ်းအင်သုံးတွင် MOU ရေးထိုးပြီး လေးခု၊ MOA ရေးထိုးပြီး တစ်ခုတို့ ဖြစ်ကြောင်း လျှပ်စစ်နဲ့စွမ်းအင် ဒုဝန်ကြီးက မတ်လ-၂၀၁၇ လွှတ်တော်မှာ ရှင်းပြခဲ့ပါတယ်။

လျှပ်စစ်စီမံကိန်းများ အချက်အလက်များကတော့..
1.့ ရေအားလျှပ်စစ် လက်ရှိထုတ်လုပ်မှု (၇၂%)
- တာပိန်(၁) 240 MW
- ရွှေကျင် 75 MW
- ကျွန်းချောင်း 60 MW
- နန်ချို 40 MW
- ချီဖွေငယ် 99 MW
- ဘလူးချောင်း (၃) 52 MW
- သောက်ရေခပ်(၂) 120 MW
- အထက်ပေါင်းလောင်း 140 MW
- ဖြူးချောင်း 40 MW
- ကြီးအုံကြီးဝ 74 MW
- သူဌေးချောင်း 111 MW
- အထက်ရဲရွာ 280 MW *
- အထက် ကျိုင်းတောင်း 51 MW *

2. ရေနွေးငွေ့လျှပ်စစ် (ကျောက်မီးသွေး) လက်ရှိစက်ရုံများ (၈%)

3. သဘာဝဓါတ်ငွေသုံးလျှပ်စစ် စုစုပေါင်း (၁၈%)
- လှော်ကား(တိုးချဲ့ ) 176 MW
- ရွာမ(တိုးချဲ့)၊ 290 MW
- သကေတ(တိုးချဲ့ ) 216 MW
- မော်လမြိုင် (တိုးချဲ့ ) 50 MW
- အလုံ (တိုးချဲ့ ) 120 MW
- ကျောက်ဖြူ 50 MW
- သထုံ သဘာဝဓာတ်ငွေ့ နှင့် စွန့် ပစ်အပူသုံး 136 MW *
- သီလ၀ါစက်မှုဇုန် 50 MW *

4. ဒီဇယ်လျှပ်စစ် 60 MW (၂%)
.
.
.
.
မဟာဓါတ်အားနဲ့လျှပ်စစ်ဖြန့်ဖြူးခြင်းစီမံကိန်း ကုန်ကျစရိတ် လေ့လာခြင်း။
မြန်မာနိုင်ငံမှာ လျှပ်စစ် မဟာဓါတ်အားလိုင်းများ တပ်ဆင်၊ သွယ်တန်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်း အမြောက်အမြား လုပ်ဆောင်နေပြီဖြစ်ပါတယ်။ တစ်ခုတည်းသော ပြိုင်ဖက်မရှိ မြန်မာ့လျှပ်စစ်ဓါတ်အားကော်ပိုရေးရှင်း စီမံကိန်းဌာနက မြန်မာနိုင်ငံကို လာသမျှ လျှပ်စစ်ချေးငွေ ဘီလျံဒေါ်လာကို ၂၀၃၀မှာ တစ်နိုင်ငံလုံး လျှပ်စစ်ရရှိရေး အတွက် ကြိုးစားလုပ်ကိုင်နေပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်စီမံကိန်းများကို တကယ်လုပ်ဆောင်နိုင်တဲ့ ပညာရှင်များ နည်းသထက် နည်းပါးလာပါတယ်။ အားလုံးနီးပါးဟာ ပုဂ္ဂလိက ကုမ္ပဏီများဆီ ပြောင်းရွှေ့နေကြတဲ့အတွက် မျိုးဆက်သစ် ပျိုးထောင်ရေး အလွန်လိုအပ်နေပါတယ်။ ၂၀၁၆-၁၇ လျှပ်စစ်၊စွမ်းအင် ၀န်ကြီးဌာနက ဘတ်ဂျတ်ရဲ့ ၂၄.၃၂% (ကျပ် ၄၉၂၈ ဘီလျံ = US$ 3700 millions)  နဲ့ အများဆုံးသုံးစွဲနေပါတယ်။ ကာကွယ်ရေးစရိတ်တောင်မှ ၁၄.၃၁% ပဲရှိပါတယ်။ ဒီချုပ်အစိုးရရဲ့ လျှပ်စစ်နဲ့စွမ်းအင် ၀န်ကြီးနှုတ်ထွက်သွားပြီး အစိုးရလျှပ်စစ် လုပ်ငန်းများရဲ့ သတင်းကလည်း မကောင်းလှပါ။ ငွေများများ သုံးစွဲရတဲ့ ဌာနဖြစ်တဲ့အတွက် အညှီရှိရာယင်အုံ ဆိုသလို ပြသနာပေါင်းများစွာ ရှိမှာသေချာပါတယ်။
.
ကမ္ဘာဘဏ် ကလည်း မြန်မာနိုင်ငံ ၇၀% ကျေးလက်ဒေသတွေ မီးလင်းရေးနဲ့၊ ၂၀၃၀မှာ တစ်နိုင်ငံလုံး မီးလင်းဖို့ ကန်ဒေါ်လာ ဘီလျံ ၃၀ ရင်းနှီးမြှတ်နှံမှုလိုအပ်ကြောင်း၊ ကမ္ဘာ့ ဘဏ်က မဟာဓါတ်အားနဲ့လျှပ်စစ်ဖြန့်ဖြူးခြင်းအတွက် ကန်ဒေါ်လာ သန်း၄၀၀ ချေးငွေ ကူညီတဲ့အကြောင်း၊ ၂၀၃၀ အထိ ကန်ဒေါ်လာ၆.၈ ဘီလျံ ဆက်လက်ကူညီ ချေးငွေပေးသွားမဲ့အကြောင်း ပြောပါတယ်။ ဓါတ်အားထုတ်လုပ်ခြင်းအတွက်တော့ ချေးငွေရရှိမှု အလွန်ခက်ခဲနေလို့ ပုဂ္ဂလိက ရင်းနှီးမြှတ်နှံမှုတွေကို အားကိုးနေရပါတယ်။ တရုပ်ချေးငွေနဲ့ ရေအားလျှပ်စစ်စက်ရုံ များစွာ တည်ဆောက်သလို၊ ကချင်ပြည်နယ်
.
.
.
မဟာဓါတ်အားလိုင်းကုန်ကျစရတ်
Transmittion & Substation Capital Cost
အင်တာနက်မှာ တင်ပြထားတဲ့ Black & Veatch ကုမ္ပဏီရဲ့ အကြမ်းတွက်ထားတဲ့ နည်းလမ်းကတော့ အဆောက်အဦဆောက်သလို ခပ်လွယ်လွယ်ပဲ နားလည်နိုင်ပါတယ်။ ဥပမာ မိုင်၁၀၀ရှည်တဲ့ ၂၃၀ကေဗွီ လိုင်းတစ်ခုကို တည်ဆောက်မယ်ဆိုရင် တစ်မိုင်အတွက်ကုန်ကျစရိတ်၂၀၁၅ ဈေးနှုန်းအရ US$959000 per mile ဖြစ်ပါတယ်။ ငွေဖောင်းပွနှုန်းအရ နောက်တစ်နှစ်ဆို ၂% လောက် ပိုကုန်ကျနိုင်ပါတယ်။  ဓါတ်ကြိုးအမျိုးအစား Conductor Type (ACSR, ACSS, HTLS..etc), Structure Type နဲ့ Lenght of Line အချက်တွေနဲ့ တွက်ချက်ပါတယ်။ လိုင်းအရှည် ၁၀မိုင်ကျော်ရင် ကုန်ကျငွေ အဆ 1.00  (Cost Multiplier)၊ လိုင်းအရှည် ၃မိုင်နဲ့၁၀မိုင်အတွက် အဆ 1.20 ကျသင့်ပြီး၊ လိုင်းအရှည် ၁၀မိုင်အထက် ဆိုရင် အဆ 1.50 ကျသင့်မယ်ဖြစ်ပါတယ်။ လိုင်းရှည်ရှည် ဆွဲရင် ငွေကုန်သက်သာပါတယ်။

ရှိပြီးသား တာဝါတိုင်ပေါ်ကို ကြိုးအဟောင်းဖြုတ်ပြီး အသစ်ဆွဲရင်တော့ (Re-conductoring) အသစ်ကုန်ကျစရိတ်ရဲ့ ၃၅% ကနေ ၅၅% ပဲ ကုန်ကျပါတယ်။

တာဝါတိုင်များ Terrian Mulplier တည်ဆောက်ဖို့အတွက်လည်း ခြုံတောမြေ၊ ကန္တာရမြေ၊ လယ်ယာမြေ၊ သစ်တောမြေ၊ တောင်တန်းမြေ၊ လူနေမြို့တွင်း၊ လူနေမြို့ပြင် စတဲ့နေရာပေါ်မူတည်ပြီး တည်ဆောက်စရိတ် မတူပါဘူး။ လယ်ယာမြေမှာ အဆ 1.00၊ တောင်ကုန်းမြေဆိုရင် အဆ 1.30၊ သစ်တော၊ တောင်ပေါ်၊ မြို့ပေါ်မှာ အဆ 1.50၊  စသဖြင့် ကုန်ကျပြီး၊ တာဝါတိုင်အမျိုးအစား (PG&E, SEC, SOG&E, WREP, WECC ရှိပေမဲ့ ဈေးနှုန်း သိပ်မပြောင်းလဲပါဘူး။

မြေရော်ကြေးငွေ (ငှားရမ်းခ) Right of Way Cost
မဟာဓါတ်အားလိုင်း အတွက် အကျယ် ၁၂၅ပေ နဲ့တွက်ရင် တမိုင်အရှည်ကို မြေ ၁၅.၁၄ ဧက လိုအပ်ပါတယ်။ BLM Land Rental & Land Capital Cost ကုမ္ပဏီရဲ့ တွက်ချက်မှုအရ မြေအမျိုးအစား ၁၂မျိုးသတ်မှတ်ထားပါတယ်။ အနိုမ့်ဆုံးဈေးနှုန်း အဆင့်(၁)က ငှားရမ်းခ တဧက တနှစ် US$7.00 ဖြစ်ပြီး၊   အဆင့်(၁၂) တဧက တစ်နှစ်ကို US$3449 ဈေးနှုန်း ရှိပါတယ်။ မြေကို အပြီးရော်ကြေးပေးခြင်းနှုန်းကတော့ အနိုမ့်ဆုံး US$85 per Acre (တဧက ကျပ်တစ်သိန်း) ဖြစ်ပြီး၊ အမြင့်ဆုံး တဧက US$ 34,141 per Acre (တဧက ကျပ် သိန်း၄၃၀) ဖြစ်ပါတယ်။
.
230KV ဓါတ်အားခွဲစက်ရုံနဲ့ထရန်စဖွန်မာ တန်ဖိုး (Cubstation Capital Cost)
Base Station Cost = US$ 1,706,250
ထရန်စဖွန်မာ Transformers 230V / 230KV  = US$ 11400 (သိန်း၁၄၀)
ထရန်စဖွန်မာ Ring Bus Position  အဆ 1.00
ထရန်စဖွန်မာ Breaker&Half  အဆ 1.50
ကပက်စီတာဘဏ် တစ်ခုဈေးနှုန်း၊ Static VAR Compensators (S$$88,000), Suhunt Reactors ($20,700), Series Capicator ($31,000) ဖြစ်ပါတယ်။
.
.
.
အထွေထွေစရိတ်
Allowance for Fund Used During Construction (AFUDC) & Overhead Costs
အောက်ဆုံးကုန်ကျစရိတ်ဖြစ်ပါတယ်။ တည်ဆောက်နေတဲ့ကာလအတွင်းမှာ ကာလ၊ ဒေသ၊ အခြေအနေပေါ်မူတည်ပြီး၊ ပုဂ္ဂလိက (သို့မဟုတ်) လျှပ်စစ်ရောင်းတဲ့ကုမ္ပဏီ (သို့ဟုတ်) အစိုးရ Public Utlity ရဲ့ ကုန်ကျစရိတ်(၂)မျိုးကိုလည်း AFUD (7%) + Overhead Cost (10%) = 17% သတ်မှတ်ပါတယ်။ ဒါကြောင့် ဒေါ်လာ သန်း၁၀၀ ကုန်ကျရင် အပိုငွေ ၁၇သန်းက အထွေထွေကုန်ကျစရိတ် ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ၊ အဂတိလိုက်စားမှုများတဲ့ နိုင်ငံဆိုရင် အထွေထွေစရိတ် ပိုများပါတယ်။ ဇယားကို အစိုးရထုတ်လုပ်ဖြန့်ဖြူးမှုစရိတ်က ၂၇% အထိ ပိုမိုကုန်ကျနိုင်ကြောင်း တွေ့ရပါတယ်။



https://www.wecc.biz/Reliability/2014_TEPPC_Transmission_CapCost_Report_B+V.pdf



.
.

RFA News ဟူးကောင်းချိုင့်ဝှမ်းသတင်းများး.. ရွှေတူးကုမ္ပဏီများကြောင့် ကန့်သတ်မြေသတ်မှတ်အဆို ကန့်ကွက်၊ ရေနံရှာဖွေရေး၊ ယုဇနကုမ္ပဏီလယ်ယာသိမ်း၊

RFA News

ဟူးကောင်းဒေသ ရေနံရှာဖွေမှု ကချင်အဖွဲ့ ကန့်ကွက်

2017-08-04 စင်ကာပူ ရေနံ ရှာဖွေရေး ကုမ္ပဏီတွေ ဖြစ်တဲ့ (Silver Wave) နဲ့ (BFI) ကုမ္ပဏီတွေက ဂျပန်နိုင်ငံ Star Field/ Star Holding စတဲ့ ကုမ္ပဏီတွေနဲ့ ပေါင်းပြီး ဟူးကောင်း ချိုင့်ဝှမ်းမှာ ရေနံ သဘာဝ ဓါတ်ငွေ့ စမ်းသပ် ရှာဖွေဖို့ ဖြစ်ပါတယ်။
မြန်မာ အစိုးရက အခု ခွင့်ပြုလိုက်တဲ့ လုပ်ကွက်အမှတ် (B2) ဟာ စတုရန်း ကီလိုမီတာ (၂) သောင်းနီးပါး ရှိပြီး ရှားပါး ကျားသတ္တ၀ါတွေ နေထိုင်တာကြောင့် ကျားမျိုးတုန်းမယ့် အန္တရယ်နဲ့ ရင်ဆိုင်ရဖို့ ရှိတာကို ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက် KDNG အဖွဲ့က ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်တယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရသူ ကချင် အမျိုးသားတဦးက ပြောပါတယ်။
" ကျားမျိုးတုန်းမှာ စိုးရိမ်တာလည်း ပါတာပေါ့။ ဒါပေမဲ့ အဓိက ကတော့ ဟူးကောင်းချိုင့်ဝှမ်းမှာ ရှိတဲ့ ရွာတွေကို ကုမ္ပဏီတွေက အကုန်လုံး ပြောင်းခိုင်းတာ။"
ပြီးခဲ့တဲ့ ၂၀၀၈ခုနှစ်တုန်းကလဲ Nobel Oil အမည်ရှိတဲ့ ရုရှား ရေနံရှာဖွေရေး ကုမ္ပဏီက ဟူးကောင်း ချိုင့်ဝှမ်းဒေသမှာ ရေနံ စမ်းသပ် ရှာဖွေခွင့် ရခဲ့ဖူးတယ်လို့ KDNG အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
စင်္ကာပူနဲ့ ဂျပန် ဖက်စပ် ကုမ္ပဏီတွေက ဒေါ်လာသန်း (၁၀၀) စတင် ရင်းနှီး မြှုပ်နှံပြီး စမ်းသပ်တူးဖေါ်မယ်လို့ သိရပါတယ်။





ဟူးကောင်းချိုင့်ဝှမ်းကို ကန့်သတ်နယ်မြေ သတ်မှတ်ဖို့ အဆို ကန့်ကွက်ခံရ

2017-08-04 ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသက သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း တရားမဝင် ရွှေနဲ့ ပယင်း တူးဖော်လုပ်ကိုင်နေမှုကို ရပ်စဲပြီး ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပေးရေးအဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တဦးက အဆိုတင်သွင်းရာမှာ လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး ကန့်ကွက်လိုက်ပါတယ်။

တနိုင်း-ဟူးကောင်းဒေသမှာ တရားမဝင် ရွှေနဲ့ ပယင်း တူးဖော်နေသူတွေဟာ KIA အဖွဲ့ကို ဆက်ကြေးငွေ သိန်းထောင်ချီပေးနေရပေမယ့် ပြည်နယ်နဲ့ ပြည်ထောင်စု အစိုးရတွေကတော့ အခွန်ငွေတွေ ဆုံးရှုံးနေရတယ်လို့  တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး လှိုင်ဖြိုးဝေ က ပြောပါတယ်။

"တရားမဝင် ရွှေ၊ ပယင်းတူးဖော်မှုများဟာ ကေအိုင်အို/ကေအိုင်အေ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ကို နှစ်စဉ်ဆက်ကြေးငွေ ကျပ် သိန်းနှစ်သောင်းရှစ်ထောင်ခန့် ပေးဆောင်ရလျက်ရှိသော်လည်း ပဲ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့မှာ အခွန်ဘဏ္ဍာရရှိခြင်းမရှိဘဲ ဘဏ္ဍာငွေများစွာ နစ်နာဆုံးရှုံးလျက်ရှိပါတယ်ခင်ဗျာ။"

ဟူးကောင်းချိုင့်ဝှမ်းဒေသကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေအဖြစ် ပြည်ထောင်စုအစိုးရက သတ်မှတ်ထားပြီး သယံဇာတ တူးဖော်မှုတွေကို ခွင့်မပြုထားဘူးလို့ ပြောပါတယ်။

အဲဒီဒေသမှာ ကေအိုင်အေ/ ကေအိုင်အိုအဖွဲ့က တရုတ်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး စက်ယန္တရားတွေနဲ့ ရွှေ၊ ပယင်း စတဲ့ သယံဇာတတွေကို တရားမဝင် တူးဖော်လုပ်ကိုင်နေတယ်လို့လည်း ပြောပါတယ်။

တရားမဝင် တူးဖော်လုပ်ကိုင်မှုတွေကြောင့် နန်ဗျူ၊ ညောင်ပင်ကုန်း၊ ချမ်းသာ၊ နမ့်ကွမ်း စတဲ့ မှော်နယ်မြေတွေနဲ့ ဆက်စပ်နေတဲ့ ဟူးကောင်းဒေသ တောတောင်ရေမြေတွေဟာ ကျင်းတွေ၊ ချိုင့်တွေဖြစ်ပေါ်ပြီး  မြစ်ချောင်းတွေ တိမ်ကောပျက်စီးလာနေတယ်လို့ အဆိုရှင်က ပြောပါတယ်။

အဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁ ဦးက ထောက်ခံဆွေးနွေးပြီး ဖားကန့်နဲ့ တနိုင်းမြို့နယ် ကိုယ်စားလှယ် ၂ ယောက်က ကန့်ကွက်ခဲ့တာကြောင့် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူခဲ့ပါတယ်။

ဒီကနေ့အစည်းအဝေးကို တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၉ ဦးမှာ ကိုယ်စားလှယ်အယောက် ၂၀ က ထောက်ခံပြီး ၂၉ ဦးက ကန့်ကွက်ခဲ့တာကြောင့် အဲဒီအဆိုကို လွှတ်တော်မှာ မဆွေးနွေးဖို့ ဆုံးဖြတ်လိုက် ပါတယ်။



ယုဇနကုမ္ပဏီနဲ့ ဒေသခံတွေ ညှိနှိုင်းမရသေး

2016-05-07  ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟူးကောင်းချိုင့်ဝှမ်းမှာ ယုဇနကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားတဲ့ မြေနေရာတွေ မှာ ဒေသခံရွာသားတွေက ထွန်ယက် စိုက်ပျိုးဖို့ပြင်ဆင်နေတဲ့အတွက် ကုမ္ပဏီ ၀န်ထမ်းတွေက တားမြစ်ရာ မှာ နှစ်ဖက်အငြင်းပွားမှုဖြစ်နေတာကြောင့် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ သွားရောက်ညှိနှိုင်းပေ မယ့် ပြေလည်မှုမရရှိခဲ့ပါဘူး။
ဖားကန့်မြို့နယ် မြေစာရင်း၊ စိုက်ပျိုးရေး၊ စီမံကိန်းစတဲ့ ဋ္ဌာနဆိုင်ရာငါးခုက မြို့နယ်အရာရှိတွေ ဒီကနေ့သွားရောက် ညှိနှိုင်းပေးပေမယ့် မပြေလည်ခဲ့ဘူးလို့  ဖားကန့်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမင်းကျော်က ပြောပါတယ်။
"ယုဇနပိုင်တဲ့ မြေလွတ်မြေရိုင်းရထားတဲ့မြေနေရာကို ရွာသူ၊ ရွာသားတွေက လယ်ယာစိုက်ပျိုးဖို့ ဝင်ရောက်လုပ်ကိုင်ဖို့ ပြင်ဆင်ဆောင်ရွက်တာပေါ့၊ အဲ့ဒါကို ယုဇန အဖွဲ့ကနေ စိစစ်တားမြစ်ပေးဖို့ ဆိုပြီးတော့ စာတက်လာတယ်၊ ယုဇနကုမ္ပဏီကနေ တင်ပြထားတာကတော့ ၇၅၉၃ ကျေးရွာ အုပ်စုကတော့ ၂၉၄၄၊ နောင်းမီကျေးရွာအုပ်စုက ၄၆၄၉ ဧကပါဗျ၊ နှစ်ဖက်ညှိနှိုင်းလို့မရအောင် ဖြစ်နေတယ်၊ ရွာသူ၊ ရွာသားအဖွဲ့တွေက မြို့နယ်ကအဖွဲ့တွေကို တစ်ခါတည်း ဆုံးဖြတ်ပေးနိုင်မလား၊ ဘာလားဆိုပြီးတော့ ပြောနေတယ်၊ မပြေလည်ခဲ့ပါဘူးဗျာ"
ပြီးခဲ့တဲ့ မေလ ၄ရက်နေ့က အဲဒီမြေတွေမှာ ၀င်ရောက်ထွန်ယက်တဲ့ တောင်သူတွေကို ကုမ္ပဏီဝန်ထမ်းတွေက တားမြစ်ရာမှာ နှစ်ဖက်ပြဿနာဖြစ်ပွား ခဲ့တာဖြစ်ပါတယ်။ အဲဒီပြဿနာကို ဖြေရှင်းပေးဖို့အတွက် ကုမ္ပဏီဖက်က ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြလာတဲ့အတွက် ဒီနေ့ သွားရောက် ညှိနှိုင်းတာဖြစ်ပါတယ်။
တပ်မတော်အစိုးရလက်ထက်က ဟူးကောင်းချိုင့်ဝှမ်းဒေသမှာ ကြံ၊ ပီလောပီ စတဲ့ သီးနှံတွေ စိုက်ပျိုးဖို့ဆိုပြီး ဧကသိန်းနဲ့ချီရှိတဲ့ စိုက်ခင်းတွေကို ယုဇနကုမ္ပဏီက သိမ်းယူခဲ့တာဖြစ်ပါတယ်။
ဝါရာဇွပ်၊ ဗန်ကောက်၊ နောင်းမြီ၊ ရှဒူးဇွပ် စတဲ့ကျေးရွာတွေက ဒေသခံရွာသားတွေဟာ သူ့တို့ဆုံးရှုံးခဲ့တဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးရလိုမှုအပါအဝင် လယ်မြေတွေမှာ ပြန်လည် လုပ်ကိုင်ခွင့် ရဖို့အတွက် ယုဇနကုမ္ပဏီကို တရားစွဲမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။
အလားတူ ကုမ္ပဏီဘက်ကလည်း အပြန်အလှန်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
တရုတ်နဲ့ အိန္ဒိယနိုင်ငံကို ဆက်သွယ်ထားတဲ့ ကမ္ဘာ့သမိုင်းဝင် လီဒို လမ်းမကြီးဖြတ်သန်းတည်ရှိရာ ဟူးကောင်းချိုင့် ၀ှမ်းဒေသမှာ မိုးကောင်း၊ ဖားကန့်၊ တနိုင်း စတဲ့ မြို့နယ် သုံးခုက ကျေးရွာတွေ ဆက်စပ်ပါဝင်နေတာဖြစ်ပါတယ်။

ယုဇနကုမ္ပဏီကို ဆန္ဒပြသူများ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံရ
2014-06-18 ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းမှာ ယုဇနကုမ္ပဏီက ပီလောပီနံစိုက်ဖို့ သိမ်းထားတဲ့ မြေယာဧက သောင်း ဂဏန်းနီးပါးထဲက လျော်ကြေးမပေးရသေးတဲ့ မြေ ယာတွေအတွက် လျော်ကြေးပေးဖို့ ရန်ကုန်မြို့က ယုဇနကုမ္ပဏီရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ တောင်သူ ၁၆ ဦးကို ဗဟန်းမြို့နယ် ရဲစခန်းက တရားမ၀င် စီတန်း လှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။
အမှုဖွင့်ခံထားရသူတွေထဲက တစ်ဦးဖြစ်တဲ့ ဖားကန့်မြို့နယ်၊ ၀ါယာစုရွာက တောင်သူ ဦးတန်ဂွန်းက အခုလိုပြောပါတယ်။
"၉ ရက်နေ့ ဆန္ဒဖော်ထုတ်ပြီးမှ ဗဟန်းရဲစခန်းမှူးက ခင်ဗျားတို့ တောင်သူ ၁၆ ဦးကို ပုဒ်မ ၁၈ နဲ့ တရားစွဲ အမှုဖွင့်ထားပြီလို့ ပြောတယ်လေ၊ ကျနော်တို့က အမှုဖွင့်ထားလည်း တခါတည်း တရားရုံးတင်လိုက်ပါ လို့ပြောတော့ ရဲစခန်းကို အရင်လာခဲ့ပါလို့ အဲလို သူတို့ကပြောတယ်"
ဖားကန့်နဲ့ တနိုင်းမြို့နယ်က တောင်သူ ၁၆ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ယုဇနကုမ္ပဏီရှေ့မှာ ဆန္ဒပြခဲ့တာဖြစ်ပြီး အဲ့ဒီဆန္ဒပြပွဲအတွက် ခွင့်ပြုချက်တောင်းပေမယ့် ဗဟန်းမြို့နယ် ရဲစခန်းက ခွင့်မပြုခဲ့ဘူးလို့ တောင်သူတွေက ပြောပါတယ်။
အသိမ်းခံလိုက်ရတဲ့ လယ်မြေ၊ ယာမြေနဲ့ ဥယျာဉ်ခြံမြေတွေဟာ လီဒိုလမ်းမရဲ့ အနောက်ဘက်မှာရှိတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က ယုဇနကုမ္ပဏီက သိမ်းဆည်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
တောင်သူတွေဟာ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်တုန်းက ယုဇနကုမ္ပဏီကို မြစ်ကြီးနားမြို့နယ် တရားရုံးမှာ တရားစွဲဆိုရာ ဥယျာဉ်ခြံမြေ တစ်ဧကကို ကျပ် ၆ သောင်း၊ လယ် တစ်ဧကကို ကျပ် ၈ သောင်းနဲ့ ယာတစ်ဧကအတွက် ကျပ် ၄ သောင်းပေးဖို့ တရားရုံးက ဆုံးဖြတ်ပေးခဲ့ပါတယ်။ တရားရုံးက သတ်မှတ်ပေးလိုက်တဲ့ လျော်ကြေးတွေ ကို တောင်သူအများစုက လက်မခံခဲ့ဘူးလို့ သိရပါတယ်။


2017-8-3 22:55
ကချင်ပြည်နယ်အတွင်း ရွှေလုပ်ကွက်တွေလုပ်ကိုင်ပြီးစီးလ...
2017-8-3 9:15
ကချင်ပြည်နယ်က တစ်ရှူးငှက်ပျောစိုက်ခင်းတွေနဲ့ ...
2017-8-2 12:45
ကချင်ပြည်နယ် အင်းတော်ကြီးကန်ဟာ ထူးခြားတဲ့ ...
2017-7-31 6:40
၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေ နဲ့ ...
2017-7-30 22:10
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ...
2017-7-30 6:25
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ...
2017-7-27 22:48
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ပြည်နယ်အစိုးရက ...
2017-7-27 7:30
စစ်ကိုင်း၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ ...
2017-7-25 7:20
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖမ်းဆီးခံ ထားရတဲ့ ...
2017-7-25 6:40
မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေမှာ လာမယ့် ...
2017-7-25 1:30
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ...
2017-7-25 0:20
မြန်မာနိုင်ငံက ပြန်ရောက်လာတဲ့ ကုလ သမဂ္ဂ ...
2017-7-24 7:40
ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့အတွက် တပ်မတော်က ...
2017-7-24 7:10
ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် ...
2017-7-23 6:55
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော် ...
2017-7-22 5:55
ကုလသမဂ္ဂရဲ့ အထူးအစီရင်ခံစာ တင်သွင်း သူ ...
2017-7-22 4:45
ကချင်ပြည်နယ် မိုးမောက်မြို့ မြို့မဈေးရှေ့ မှာ ...
2017-7-19 0:51
ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ ထိန်းချုပ်နယ်မြေ ...
2017-7-18 7:45
ကချင်လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်နယ်မြေ ...
2017-7-15 3:32
လမ်းပန်းဆက်သွယ်ရေး ဝေးလံခေါင်သီတဲ့ ...
2017-7-14 8:15
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ...
2017-7-14 7:50
တရုတ်-မြန်မာနယ်စပ် ကချင်ပြည် နယ် ...
2017-7-13 8:0
ကချင်ပြည်နယ် တနိုင်းမြို့နယ်နဲ့ ဖားကန့် ...
2017-7-12 0:45
ကချင်ပြည်နယ်မှာ ပိုလျှံလျှပ်စစ်ဓါတ်အား ၉ဝ မဂ္ဂါ ...
2017-7-11 23:5
မြန်မာစစ်တပ်ကျူးလွန်တဲ့ လူ့အခွင့်အရေး ...
2017-7-11 6:45
စီးပွားရေးလုပ်ငန်းရှင် ဦးတေဇရဲ့ ထူးအုပ်စုကုမ္ပဏီက ...