August 26, 2017

အမှုရင်ဆိုင်နေရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှီနာဝပ်ထရာသည် နိုင်ငံထဲမှ တိမ်းရှောင် ထွက်ပြေးသွားကြောင်း


ဝန်ကြီးချုပ်ဟောင်း ယင်လပ် ထိုင်းနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်သွား
7Days News / Reuters / Image: Bangkok Post
အမှုရင်ဆိုင်နေရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှီနာဝပ်ထရာသည် နိုင်ငံထဲမှ တိမ်းရှောင် ထွက်ပြေးသွားကြောင်း သိရှိရသည်။

သူမသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်က နိုင်ငံဘဏ္ဍာများ ပြုန်းတီးစေခဲ့သည့် ဆန်စပါး ဝယ်ယူရေး မူဝါဒ တစ်ခုကို ကြပ်မတ်ကွပ်ကဲရန် တာဝန် ပျက်ကွက်မှုအတွက် တရားစွဲဆို ခံရပြီး ဩဂုတ် ၂၅ ရက်တွင် စီရင်ချက် ချမှတ်ရန် စီစဉ်ခဲ့သော်လည်း တရားရုံးချုပ်သို့ ရောက်မလာခဲ့ချေ။

သူမ၏ ရှေ့နေများက ယင်လပ်သည် နာမကျန်း ဖြစ်နေသောကြောင့် တရားခွင်သို့ ရောက်မလာနိုင်ကြောင်း ပြောကြားခဲ့သော်လည်း တရားရုံးချုပ်က လက်မခံဘဲ ဖမ်းဝရမ်းထုတ်ရန် စီစဉ်ခဲ့သည်။

ယင်လပ်၏ ပါတီက သူမသည် တရားရုံး၏ အပြီးသတ် စီရင်ချက် မချမှတ်မီ နာရီပိုင်း အလိုတွင် ထိုင်းမှ ထွက်ခွာမည့် ဆုံးဖြတ်ချက်ကို ကြိုတင် စီစဉ်မထားဘဲ ချမှတ်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။

ယင်လပ်က တရားစီရင် စစ်ဆေးမှု ကာလတလျှောက်လုံးတွင် သူမအနေဖြင့် စွဲချက်နှင့် ပတ်သက်၍ မည်သည့် အမှားမျှ မကျူးလွန်ခဲ့ဟု အခိုင်အမာ ငြင်းဆိုခဲ့သည်။ အတိုက်အခံ အင်အားစုများက ယင်လပ်သည် သူမကို ထောက်ခံသည့် လယ်သမား လူတန်းစားထံမှ ဆန်စပါးများကို ကာလပေါက်ဈေးထက် များစွာပိုပေး၍ ဝယ်ယူခဲ့ခြင်းဖြင့် နိုင်ငံဘဏ္ဍာကို ဒေါ်လာ ဘီလီယံနှင့်ချီ နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။

ယင်လပ်၏ ပြူထိုင်းပါတီက သူမသည် ထိုင်းနိုင်ငံထဲမှ ထွက်ခွာသွားပြီဟု အခိုင်အမာ ပြောကြားခဲ့သော်လည်း လက်ရှိ ဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာကမူ လမ်းကြောင်းအားလုံးကို အနီးကပ် စောင့်ကြည့်နေမည်ဟု ဆိုသည်။ “ယင်လပ်က တရားရုံးကို ရောက်မလာကြောင်း ကျွန်တော် ကြားမိတယ်။ နယ်ခြားက စစ်ဆေးရေးဂိတ် အားလုံးကို ဒီကိစ္စအတွက် တပ်လှန့်စောင့်ကြည့်ဖို့ ကျွန်တော် အမိန့်ပေးထားပါတယ်”ဟု ပယာရွတ်သ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒုတိယ ဝန်ကြီးချုပ် ပရာဝစ် ဝုန်ဆာဝမ်က ယင်လပ် မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးဟု မှတ်ချက်ပေးခဲ့သော်လည်း နောက်ပိုင်းတွင်မူ သူမသည် ထိုင်းမှ ထွက်ခွာသွားပြီး ဖြစ်နိုင်ကြောင်း ဝန်ခံခဲ့သည်။

ထိုင်းမှ ယင်လပ် ထွက်ခွာသွားခြင်းသည် ထိုင်းအာဏာသိမ်း စစ်အစိုးရ လိုလားသည့် ကိစ္စတစ်ခု ဆိုသည်မှာ ဖုံးကွယ်ထားစရာ မလိုသည့် လျှို့ဝှက်ချက်သဖွယ် ဖြစ်နေသည်။ ယင်လပ်ကို တရားစွဲဆိုမှုသည် နိုင်ငံရေးအရ တိုက်ခိုက်မှု တစ်ခုသာဖြစ်ကြောင်း သူမကို ထောက်ခံသူများက အခိုင်အမာ ယုံကြည်လျက် ရှိသည်။

ယင်လပ်သည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာ၏ ညီမဖြစ်ပြီး သူမ အာဏာရခဲ့ချိန်၌ အငြင်းပွားဖွယ်ရာ အခြေအနေများ၊ ပြင်းထန်သည့် အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှုများနှင့် ကြုံခဲ့ရသည်။ ထို့အပြင် အတိုက်အခံ အင်အားစုများက ယင်လပ်သည် သက်ဆင်၏ ရုပ်သေးမျှသာဖြစ်ကြောင်း စွပ်စွဲကြသည်။ သက်ဆင်နှင့် ယင်လပ်တို့ နှစ်ဦးလုံးသည် ထိုင်းနိုင်ငံတွင် လူများစုဖြစ်သည့် လယ်သမား လူတန်းစား၏ ချစ်ခင် ထောက်ခံမှုကို ခံရသော်လည်း အလယ်အလတ်တန်းစားနှင့် လူ့မလိုင် အသိုက်အဝန်း၏ တူးတူးခါးခါး မုန်းတီးမှုကို ခံကြရသည်။
.
.
.
Yingluck in Dubai, party sources say
26 Aug 2017 at 12:09 7,214 viewed10 comments
WRITER: REUTERS

A supporter holds images of former prime minister Yingluck Shinawatra and her brother Thaksin on Aug 1, the day when Ms Yingluck made the closing statement in her trial. (Bangkok Post file photo)
Former prime minister Yingluck Shinawatra has fled to Dubai, senior Pheu Thai Party members said on Saturday, a day after she failed to show up for a negligence ruling in which she faced up to 10 years in prison.

Sources in the party said Ms Yingluck left the country last week and flew via Singapore to Dubai where her brother, former prime minister Thaksin Shinawatra, who lives in self-imposed exile to avoid a 2008 jail sentence for corruption, has a home.

"We heard that she went to Cambodia and then Singapore from where she flew to Dubai. She has arrived safely and is there now," said a senior party member who declined to be named because he was not authorised to speak to the media.

Deputy national police chief General Srivara Rangsibrahmanakul said police had no record of Ms Yingluck leaving the country and were following developments closely.

However, other sources have told the Bangkok Post that senior officials were complicit in the escape, as they feared unrest had Ms Yingluck stayed and had the court delivered a guilty ruling and a jail term.

A Reuters reporter was stopped by security at the exclusive Emirates Hills community in Dubai, where Thaksin has a home.

A spokesperson for Thaksin in Dubai did not respond to attempts by Reuters to contact him.

After she failed to appear on Friday, the Supreme Court issued a warrant for Ms Yingluck's arrest and forfeited her 30-million-baht bail. Immigration police said on Friday that they would arrest Ms Yingluck on the spot if she is found.

Image: Bangkok Post

Ref
7Days News
On Sat, 2017-08-26 13:42Issue No.No.1546 Saturday, August 26,

No comments:

Post a Comment