August 29, 2017

မောင် တောဒေသ၌ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားများက တိုက်ခိုက်မှုများ သြဂုတ်.၂၀၁၇



မောင်တောဒေသရှိ လုံ ခြုံရေးရဲကင်းနှင့် ရဲစခန်း စုစုပေါင်း၃၀ ကို အစွန်းရောက် ဘင်္ဂါလီ အ ကြမ်းဖက်သမားများက တစ်ပြိုင် တည်းတိုက်ခိုက်မှုကြောင့် လုံခြုံ ရေးတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ဝန်ထမ်း တစ်ဦး ကျဆုံးပြီး ကျန်းမာရေး ဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ် ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီက ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန် သည်။

မောင်တောမြို့ပေါ်အပါအဝင် မောင် တောဒေသ၌ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားများက တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ရာ အရပ်သားငါးဦး သေဆုံးကြောင်း နိုင်ငံတော်အတိုင် ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန်သည်။
သြဂုတ် ၂၅ ရက်တွင် အကြမ်း ဖက်သမားမျာ၏ တိုက်ခိုက်မှု ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာထမ်းတစ်ဦး အသက်ဆုံး ရှုံးခဲ့သည်။ အကြမ်းဖက်မှုတွင် ပါဝင်သည့် အကြမ်းဖက်သမား ၇၇ ဦးကို အသေဖမ်းဆီးရ မိခဲ့ပြီး နှစ်ဦးကို အရှင်ဖမ်းမိခဲ့ ကြောင်း ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ထပ် မံ၍ အရပ်သားငါးဦး သေဆုံးခဲ့ ပြီး အကြမ်းဖက်သမားသုံးဦး အ သေရရှိခဲ့ကြောင်း ဩဂုတ် ၂၆ ရက် ည ၉ နာရီထိ ထုတ်ပြန်ချက် များတွင် ဖော်ပြသည်။
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်အပါအဝင် ပါတီခေါင်းဆောင်များသည် ဩဂုတ် ၉ ရက်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် နေ ပြည်တော်၌ တွေ့ဆုံစဉ် ရခိုင် ဒေသလုံခြုံရေးကို တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ရာ ဩဂုတ် ၉ ရက် တွင် တပ်မတော်သားအများအ ပြားကို ရခိုင်ဒေသသို့ စေလွှတ်ခဲ့ သည်။
ရခိုင်အမျိုးသားပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့သည် အစိုးရ ဖွဲ့စည်းပေးထားသည့် ကိုဖီအာ နန် ခေါင်းဆောင်သော ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကိုလည်း ကန့်ကွက်ထားသည့် ပါတီများဖြစ်သည်။
မောင်တောမြို့နယ် ကျေးလက်ဒေသများတွင် ပိတ်မိ နေသူများနှင့် ဌာနဆိုင်ရာဝန်ထမ်း များအတွက် လိုအပ်သော စားနပ် ရိက္ခာများကို ရဟတ်ယာဉ်များ ဖြင့် သယ်ယူပို့ဆောင်ပေးနေပြီး စားနပ်ရိက္ခာပြတ်လပ်မှု မရှိစေ ရေး တာဝန်ရှိသူများက စီစဉ်ပေး မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီး ချုပ် ဦးညီပုကပြောသည်။
မောင်တောဒေသတွင် လူဦး ရေ ရှစ်သိန်းသုံးသောင်းကျော်ရှိ ရာ ဘင်္ဂါလီလူဦးရေ ခုနစ်သိန်းခွဲ ကျော်ရှိပြီး စုစုပေါင်း လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသည်။


အကြမ်းဖက်ခေါင်းဆောင် ဘင်္ဂလားဒေ့ခ်ျ ဆေးရုံတွင် သေဆုံးသတင်း



ငြိမ်းချမ်းရေးသတင်း

မြန်မာအစိုးရ၏ ဖိတ်ကြားမှုဖြင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ မြန်မာနိုင်ငံသို့ လေးရက်ကြာ လြာရောက်မည်ဟု ပုပ်ရ ဟန်းမင်းကြီး၏ ဗာတီကန်နန်းတော်နှင့် တစ်ကမ္ဘာလုံးရှိ ကက်သလစ်ဆရာတော် ကြီးများအဖွဲ့ချုပ်များက ဩဂုတ် ၂၈ ရက်တွင် တရားဝင်ကြေညာသည်။ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် မြန်မာနိုင်ငံမှတစ်ဆင့် နိုဝင် ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက် အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဆက် လက်သွားရောက်မည်ဟု ဗာတီ ကန်နန်းတော်က ကြေညာထား သည်။.
.
ပြည်သူ့လွှတ်တော်တွင် ရခိုင်ပြည်နယ်အရေးအခင်းကို တပ်မတော်မှ ထိမ်းသိမ်းပေးရန် အဆိုရှုံးနိုမ်သွားသည်။ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း များတွင်လည်း တပ်မတော် ၀င်ရောက်ထိမ်းသိမ်းမှုကို လွှတ်တော်မှ မထောက်ခံခဲ့သော်လည်း၊ စစ်ရေးသည် တပ်မတော် လက်ထဲတွင်သာ ရှိနေဆဲ ဖြစ်သည်။ ရခိုင်ဒေသခံများက အတူယှဉ်တွဲ မနေထိုင်လိုပဲ ဘင်္ဂါလီများကို ရခိုင်ပြည်နယ်မှာ အပြီးထွက်ခွာရန်သာ လိုလားကြသည်။ ကမ္ဘာ့ အရေးအခင်း ဖြစ်လာပါသည်။
End...



No comments:

Post a Comment