April 01, 2012

နေပြည်တော် (၄)နေရာမှာပင် NLD အနိုင်ရရှိသွားပြီဖြစ်သည်။

နေ့စွဲ ဧပြီလ (၁)ရက် ၂၀၁၂

ယနေ့ကြားဖြတ်ရွေးကောက်ပွဲရလဒ်အရ ပြည်သူလူတု၏ ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ အောင်နိုင်မှုရကြောင်း သတင်းများတက်နေပါသည်။ ယခုလိုအချိန်မှာ ထောက်ခံသောပြည်သူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ ပျော်ရွှင်ကြမည်မှာ သဘာဝကျပါသည်။ သို့သော်လည်း တဖက်အဖွဲ့အစည်း နှင့် ပုဂ္ဂိုလ်များအား စိတ်ထိခိုက်၊ စိတ်မကောင်းဖြစ်စေနိုင်မည့် အပြောအဆို၊ အမူအရာ၊ အလုပ်အကိုင်များ လုံးဝရှောင်ရှားကြရမည် ဖြစ်ပါသည်။ ပြည်သူ၏ အောင်နိုင်မှုသည် သိကာရှိသော အောင်နိုင်မှု ဖြစ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် အားလုံး အထူးသတိပြုစေလိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်
ဥက္ကဌ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
http://murann.com/documents/byelection.htm

No comments:

Post a Comment