February 22, 2012

ဒေါ်အောင်ဆန်းစုကြည် ကချင်ခေါင်းဆောင်များနှင့် တွေ့ဆုံ

Thithtoolwin: 23Feb2012:
ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ် [ဖေဖော်ဝါရီ ၂၃ သတင်းဓာတ်ပုံ]
ဒေါ်အောင်ဆန်းစုကြည်က သူမရှိတော့သည့် အချိန်တွင်လည်း သူ့အား တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန် ကျေပွန်ခဲ့သည့် နိုင်ငံသားကောင်း တစ်ယောက်အဖြစ်သာ တွေ့မြင်စေလိုကြောင်း၊ ယခုကဲ့သို့ လူထုဟောပြောပွဲများ ပြုလုပ်ခွင့်ရခြင်းသည် နိုင်ငံတော် သမ္မတကြီး၏ ဒီမိုကရေစီ ခရီးတွင် ပထမခြေလှမ်း ဖြစ်ပြီး ကြိုဆိုကြောင်း ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ မနောကွင်းတွင် လူထုပရိသတ်အား ဟောပြောရာ၌ ထည့်သွင်း ပြောဆိုခဲ့သည်။




ချင်းမိုင်(မဇ္စျိမ) ။ ။ ကြာသပတေးနေ့တွင် စတင်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်ခရီးစဉ်တွင် ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ WMR ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ကချင်ခေါင်းဆောင်များ ထံမှ သိရသည်။ မန္တလးတိုင်း NLD မှ ဒေါ်ဝင်းမြမြ အပါအဝင် အဖွဲ့ဝင် ၇ ဦးသည်လည်း ကချင်စစ်ပြေး ဒုက္ခသည်များအား ကူညီရန် အတွက် အဝတ်အထည်များနှင့် ကျပ်သိန်း ၁ဝဝ ယူဆောင်ပြီး မြစ်ကြီးနားမြို့သို့ မီးရထားဖြင့် ဗုဒ္ဓဟူးနေ့က ထွက်ခွာ သွားပြီဖြစ်ကြောင်း သိရသည်။

ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်သည့် မြစ်ကြီးနားမြို့နယ် ဆုတောင်းပွဲသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် သွားရောက်ကြမည်ဟု သိရသည်။

မြစ်ဆုံစီမံကိန်းရှိရာ တန်ဖရဲကျေးရွာတွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၌ ကျင်းပရန်ရှိသည့် အဆိုပါ ဆုတောင်းပွဲမှာ စီမံကိန်းကို ရပ်ဆိုင်းပေးလိုက်သည့်အတွက် အစိုးရကို ကျေးဇူးတင်ကြောင်းနှင့် နောက်တကြိမ် ရေကာတာ စီမံကိန်း များ မပြုလုပ်ရန်အတွက် ဒေသခံများက ဆုတောင်းပွဲကျင်းပရခြင်း ဖြစ်သည်ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။

No comments:

Post a Comment