April 03, 2012

ရွေးကောက်ပွဲ ၄၃နေရာ၊ အနိုင်ရရှိပြီး ဒေါ်အောင်ဆန်းစုကြည်၏ကြေညာချက်



5 minutes Video after Daw Aung San Suu Kyi's Election win
တကယ်တော့ ဒါဟာ ပြည်သူတွေရဲ့အောင်နိုင်မှုပါ။ ပြည်သူတွေအနေနဲ့ပါဝင်၊ ထောက်ခံခဲ့လို့ လုပ်နိုင်ခဲ့တာပါ။ ဒါကြောင့် ထိမ်းထိမ်းသိမ်းသိမ်းရှိရမယ်။ ဒိမိုကရေစီဆိုတာ လူများစုက လူနည်းစုကို အသိအမှတ်ပြုခြင်းပါ။ ဒါကြောင့် အခြားပုဂ္ဂိုလ်၊အဖွဲ့အစည်းတွေကို စိတ်အနှောက်အရှက်ဖြစ်အောင် မလုပ်ကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျမတို့ပြည်သူတွေက နားလည်ပြီးသားပါနော် .. ဒီတော့ သဘောထားကြီးကြီးနဲ့၊ စိတ်ထားမြင့်မြင့်နဲ့ လုပ်စရာတွေက အများကြီးရှိပါတယ်။ ဒါကြောင့် အခုကနေစပြီးတော့ ငါနိုင်ပြီဟေ့ ဆိုတဲ့ စိတ်ဓါတ်နဲ့ မဟုတ်ပဲ... ငါတို့ စလုပ်ဖို့ အခွင့်အရေးတခုတော့ ရပြီး ..ဆိုတဲ့ စိတ်ဓါတ်နဲ့ ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဒီမှာ ကြာကြာမပြောပါဘူး။ နောက်နေ့တွေမှာလည်း တွေ့ဆုံရဦးမှာပါ .။ အခု ပြည်သူတွေကို ကျေးဇူးတင်တဲ့စကားကတော့ ဒီမှာပဲ ရပ်ပါရစေ..။
နိုင်ငံခြားသတင်းထောက်များအတွက် အင်္ဂလိပ်ဘာသာဖြင့် အတိုချုံးပြောသွားပါသည်။ nldburma.org

Election Results
http://www.murann.com/documents/byelection.htm

No comments:

Post a Comment