March 03, 2013

Kachin Alliance ကုလသမဂ္ဂ လူ့ အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးသို့စာပေးပို့ 


အင်ဂွန်ဂျာဝါ

အမေရိကန်ရှိ ကချင်ဘာသားရေး၊ လူမှုရေးအဖွဲ့ များနှင့် ဖွဲ့ စည့်ထားသည့် Kachin Alliance မှ ကုလသမဂ္ဂ လူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navanethem Pillay သို့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ က စာပေးပို့ ခဲ့ပါသည်။ Kachin Alliance က လက်ရှိ ဖားတပိုင်းငါးတပိုင်း ဗိုလ်ဦးသိန်းစိန် အစိုးရလက်ထက် ပဋိပက္ခစတင်ဖြစ်ခဲ့သော ၂ဝ လကာလအတွင်း ကျုးလွန်ခဲ့သော စစ်ရာဇဝတ်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုသည် ယခင်အစိုးရလက်ထက် ပို၍များပြားပြီး ပြင်းထန် ရက်စက်ရုပ်မာကြောင်း ပြောသည်။

ယနေ့ ငြိမ်းချမ်းရေး ဆွေးနွေမှုကာလတွင်လည်း ကုလသမဂ္ဂ အနေနဲ့ ကြားဝင်ဖြန်ဖြေပေးပြီး မျက်မြင်သက်သေအနေနဲ့ ဦးစီးလုပ်ဆောင်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ Kachin Alliance အနေနဲ့ မြန်မာနိုင်ငံတွင် ခိုင်မာတဲ့ ငြိမ်ချမ်းရေး ရရှိဖို့ ကုလသမဂ္ဂ၏ အခန်းကဏ္ဍအလွန်အရေးကြီးသည်ဟု ယုံကြည်ပါသည်လို့ ပြောသည်။

မြန်မာစစ်တပ်ကျုးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့မှု (crimes against humanity) များကို လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားနိုင်ဖို့ နိုင်ငံတကာ စုံစမ်းလေ့လာရေးအဖွဲ့  (international commision of inquiry) စနစ်တကျ ဖွဲ့ စည်းပြီးလေ့လာဖို့ တာင်းဆိုလိုက်ပါသည်။

Kachin Alliance မှ တာဝန်ရှိ ပုဂ္ဂိုလ်များ အရှေ့ တောင်အာရှဆိုင်ရာ UN လူ့ အခွင့်အရေးတာဝန်ခံ Ann Syauta နှင့်လည်း နယူးယောက်တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့ ကတွေ့ ဆို ဆွေးနွေးခဲ့သည်။



မှတ်ချက်။ ။ ပေးစာမူရင်းကို အောက်မှာ ရှုပါ >>>> https://www.facebook.com/media/set/?set=a.618976641461147.1073741825.481817461843733&type=1

No comments:

Post a Comment