NLD ဗဟိုအလုပ်မှုဆောင် ကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာမှာ တိုင်းရင်းသာအရေး၊ စစ်မှန်တဲ့ ပြည်ထောင်စုစနစ် ပေါ်ထွန်းလားရေး တို့ အတွက် မပါဝင်တာကို ဝမ်းနည်းစွာ တွေ့ ရပါတယ်။ တိုင်းရင်းသာအရေးနဲ့ ပတ်သက်ပြီး "ကချင်နှင့် ရခို်င်ပြည်နယ်များတွင် ဖြစ်ပွားနေသော ပဋိပက္ခ များကိစ္စ" ဟုသာ စာကြောင်းတကြောင်းထဲ ရည်ညွှန်းထားတာ တွေ့ရပါတယ်။ နှစ်ပေါင်း ၆ဝ ကျော်ဖြစ်ပွားခဲ့ရသည့် ပြည်တွင်းစစ်အကြောင်း တကြောင်းတမြှီမျှ ဖော်ပြထားတာလည်း မရှိပါ။ ဒီလောက်ဆိုရင် NLD ရဲ့နိုင်ငံရေး မူဝါဒကို အကြမ်းဖျင်း ခန့် မှန်းလို့ ရနိုင်လောက်ပါပြီ။
တိုင်းရင်းသား ညီနောင် အပေါင်းတို့ .. ငါတို့ တိုက်ပွဲဟာ အရှေ့ မှာ အများကြီး ကြမ်တမ်း အုံးမယ် ဆိုတယ့် အသိနဲ့ ဆက်လက် တိုက်ပွဲဝင် ကြပါစို့ ဟုတိုက်တွန်းရင်း NLD အစီရင်ခံစာကို ဝမ်းနည်းခြင်းများစွာဖြင့် မျှဝေလိုက်ပါတယ်။
No comments:
Post a Comment