စောထွန်းဇင်
မတ် ၂ဝ၁၃
မတ် ၂ဝ၁၃
ဗမာပြည်မှာ ပြည်တွင်းစစ်စဖြစ်တဲ့ ၁၉၄၈ ခုနှစ်မှာပဲ ပြည်တွင်းစစ်ရပ်စဲရေး၊
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးကို တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ဟာ
မရပ်မနားပဲ ကနေ့ အထိနှစ်ပေါင်း၆ဝကျော် (၆၄နှစ်ကျော်) ဖြစ်နေတယ်။ အုပ်စိုးသူ ဖဆပလ
အစိုးရက အတိုက်အခံအင်အားစုကို လက်ဦးမှုယူပြီး ချေမှုန်းဖို့ လုပ်ရာက ပြည်တွင်းစစ်
စတင်တာပဲ။
အမျိုးသားလူနည်းစုတွေရဲ့  တန်းတူရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးကို
ခွင့်မပြုဘဲ အတိုက်အခံအင်အားစုအဖြစ် အုပ်စိုးသူ ဖဆပလ အစိုးရက သဘောထားပြီး ချေမှုန်းဖို
့လုပ်တာကြောင့် ပြည်တွင်းစစ်ဟာ ပိုမိုကျယ်ပြန့်သွားပါတယ်။ ပြည်တွင်းစစ်ဟာ အတိုက်အခံအင်အားစုကို အသိမှတ်မပြုတာ၊
အတိုက်အခံတွေကို ဒီမိုကရေစီအခွင့်အရေးမပေးတာကနေ ပေါက်ကွဲလာတဲ့ ကိစ္စဖြစ်တယ်။ အမျိုးသားပြိုကွဲမှုရဲ့
အမြင့်ဆုံးအဆင့်လည်းဖြစ်တယ်။
အုပ်စိုးသူအဆက်ဆက်ဟာ အစိုးရနဲ့ အမြင်မတူတဲ့အင်အားစု တရားဝင်အတိုက်အခံပြုနိုင်တဲ့
ဒီမိုကရေစီအခွင့်အရေးကို ပိတ်ပင်တားမြစ်ဖိနှိပ်ချုပ်ချယ်မှုတွေလုပ်တယ်။ အဲဒီလို
ပိတ်ပင်တားမြစ် ဖိနှိပ်ချုပ်ချုယ်မှုတွေလုပ်တယ်။ အဲဒီလို ပိတ်ပင်တားမြစ်ဖိနှိပ်ချုပ်ချယ်ပြီး
ချေမှုန်းပစ်ဖို့ အတွက် မတရားအသင်းဥပဒေတွေထုတ်ပြန်တာပဲ။ အဲဒီ ဥပဒေအရပဲ အတိုက်အခံအင်အားစုတွေကို
သောင်းကျန်းသူဆိုတဲ့ တံဆိပ်ကပ်ပြီး စစ်ရေးအရ အပြုတ်တိုက်ဖို့ ကြိုးစားခဲ့ကြတယ်။
ဒီပေါ်လစီကို ဖဆပလ အစိုးရရော စစ်အစိုးရအဆက်ဆက်ပါ ကနေ့ စစ်အစိုးရတဖြစ်လဲ ကြံ့ဖွံ
့အစိုးရ (သမ္မတ ဦးသိန်းစိန်အစိုးရ) က စိုက်လိုက်မတ်တတ်ကျင့်သုံးနေတာဖြစ်တယ်။
သမ္မတ ဦးသိန်းစိန်အစိုးရက တိုင်းပြည်အတွက် တူတာတွဲလုပ်ကြရအောင်လို
့ပြောနေတာဟာ အတိုက်အခံအင်အားစုတွေကို တရားဝင်အသိအမှတ်ပြုတာမဟုတ်သလို ဒီမိုကရေစီအခွင့်အရေးတွေ
ပေးမှာမဟုတ်ပါ။ ၂ဝဝ၈ အခြေခံဥပဒေဘောင်ကို မလိမ့်တပတ်နဲ့  ဆွဲသွင်း၊ အတိုက်အခံအင်အားစုတွေကို အတွေးအခေါ်အရ၊
နိုင်ငံရေးအရ၊ စည်းရုံးရေးအရ ချုပ်ချယ်ချေမှုန်းပစ်ဖို့ ပဲဖြစ်ပါတယ်။
အပစ်အခေတ်ရပ်စဲပြီး ဒေသဖွံ့ ဖြိုးရေးလုပ်၊ နိုင်ငံရေးကိစ္စကို နောက်တက်လာတဲ့
အစိုးရနဲ့ ဆွေးနွေးဆိုတဲ့ ပေါ်လစီကို နဝတ စစ်အစိုးရက ငြိမ်းချမ်းရေးလုပ်တယ်လို
့ပြောတယ်။ နဝတ စစ်အစိုးရက တိုးချဲ့ပြီး လက်နက်ကိုင်အင်အားစု အတော်များများနဲ့ အပစ်အခတ်ရပ်စဲရေးတွေ
လုပ်နိုင်တယ်။ စစ်အစိုးရတဖြစ်လဲ ကြံ့ဖွံ့  သမ္မတဦးသိန်းစွန်အစိုးရက ဒီပေါ်လစီကို
ဆက်လက်အကောင်အထည် ဖော်တယ်။
ထာဝရငြိမ်းချမ်းရေးလို့ တောင် ထပ်ဆောင်းပြောဆိုလိုက်တယ်။ အဓိပ္ဗါယ်ရှိတဲ့
နိုင်ငံရေး ဆွေးနွေးမှုတွေကို မလုပ်ဘဲ ဝေ့လည်ကြောင်ပတ်တွေလုပ်တယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေးလုပ်တာ
နှစ်ပေါး ၂ဝ ကျော်သွားပေမယ့် ငြိမ်းချမ်းရေးကတော့ ဝေးနေဆဲပဲ ဖြစ်နေပါတယ်။ လက်နက်ကိုင်တိုက်ပွဲ
မရှိတော့တဲ့ နေရာတွေမှာလည်း ငြိမ်းချမ်းရေးမရှိပါဘူး၊ ရခိုင်ဘက်မှာဆိုရင် လူမျိုးရေး၊
ဘာသာရေး ပကျပဋိပက္ခ ပိုပြင်းထန်လာပါတယ်။ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ KIO ကို လည်းသောင်းကျန်းသူလို
့ဆိုပြီး ပြန်လည်တိုက်ခိုက်တာလုပ်နေပါတယ်။ တဖက်က သမ္မတက အပစ်အခတ်ရပ်ဖို့ အမိန်
့ပေးပေမယ့် စစ်ဦးစီးချုပ်က မနာခံဘဲ ဆက်တိုက်တယ်ဆိုတဲ့ ထင်ယောင်ထင်မှားဖြစ်စေတာမျိုးတွေ
ဖန်တီးတယ်။ တဖက်က ငြိမ်းချမ်းရေး ဆွေးနွေးမယ့် ကိုယ်စားလှယ်ဖွဲ့ ပြီး KIO က ဆွေးနွေးဖို
့ကမ်းလှမ်းတာကို အကြောင်းမပြန်ဘူးဆိုတဲ့ စွပ်စွဲချက်တွေလုပ်နေပြန်တယ်။
တိုင်းရင်းသားအမျိုးသား လူနည်းစုတွေရဲ့ တန်းတူရေး၊ ကို်ယ့်ကြမ္မာကိုယ်ဖန်တီးရေး၊
ဖက်ဒရယ်ပုံစံနဲ့  အကောင်အထည်ဖော်ရေး တောင်းဆိုချက်ကို လက်ခံယောင်လေသံပစ်ပြီး တဖက်မှာတော့
တပြည်လုံး အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးအရ တန်းတူရည်တူဆွေးနွေးမယ်ဆိုတဲ့ ကိစ္စကိုတော့
ခါးခါးသီးသီးပဲ သမ္မတဦးသိန်းစိန်အစိုးရက ငြင်းပယ်ပါတယ်။
ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ တန်းတူရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးကိစ္စ အဝဝကို သမ္မတဦးသိန်းစိန်အစိုးရမှာ ဖြေရှင်းနိုင်စွမ်း
လုံးဝမရှိပါ။ လိမ်လည်လှည့်ဖြား မလိမ့်တပတ်လုပ်ခြင်း အမြစ်ပြတ်ချေမှုန်းရေးကိုပဲ လုပ်နေမှာဖြစ်ပါတယ်။
အဲဒီလို လုပ်နိုင်အောင် သမ္မတဦးသိန်းစိန်အစိုးရဟာ ၂ဝဝဂ အခြေခံဥပဒေကို
အားပြုနေပါတယ်။ ဒါကြောင့် ၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ သဘောထား သမ္မတဦးသိန်းစိန်မှာ
မရှိပါ။ ၂ဝဝ၈ အခြေခံဥပဒေကို ဥပဒေဘောင်ထဲက ပြင်ဆင်ဖို့  မဖြစ်နိုင်အောင်၊ ဝန်ကြီးချုပ်
ဗိုလ်ချုပ်ကြီးသိန်းစိန်ကိုယ်တိုင်ဦးစီးတဲ့ အမျိုးသားညီလာခံက မူတွေ၊ ဘောင်တွေ၊
စည်းကမ်းတွေ တင်းကျပ်စွာ ချုမှတ်ထားတာပဲ။ မဖြစ်နိုင်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးနည်းနာတွေလည်း
ချခဲ့တာပဲ။
၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် အခြေခံမူ ၆ ချက်ကအစ ပြင်ရမျာဖြစ်ပါတယ်။
ဘာမှအရေးမကြီးတဲ့ အမြီးနုတ်၊ ခေါင်းနုတ် ပြင်ဆင်မှုမျိုးနဲ့ ကတော့ ပြင်လေ ပဋိပက္ခပိုကြီးလာလေ၊
ပြဿနာပိုထွားလာလေပဲ ဖြစ်ပါတယ်။ ၂ဝဝဂ အခြေခံဥပဒေဟာ စစ်အုပ်စုအတွက်သက်သက်သာ အာမခံချက်ရှိအောင်
ရေးဆွဲထာားတဲ့ ဥပဒေဖြစ်ပါတယ်။ ပြည်သူလူထု အခွင့်အရေးအတွက် အာမခံချက် တချက်ကလေးမှ ပါတာမတွေ
့ရပါ။ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို
့ကို အစဉ်တစိုက်ဦးတည်သည်လို့  ရေးထားတာကိုက အင်မတန်ရှင်းပါတယ်။ စစ်အုပ်စုက နိုင်ငံရေးအာဏာကို
ထာဝရကိုင်ထားမယ်ဆိုတာပဲ။ စစ်အာဏာရှင်စနစ်ကို ထာဝရ ထွန်းကားစေရမယ်ဆိုတာပဲ ဖြစ်ပါတယ်။
ဒီမိုကရေစီဆိုတာ အဝေးကြီးပါ။ ဒါကြောင့် စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီဆိုပြီး
နာမည်ပေးထာတာပဲ။ နည်းလှည့် ပါးရိုက်တာပဲ။
တိုင်းပြည်ဖွဲ့ စည်းပုံမှာ ပြည်ထောင်စုလို့ ပြောပေမယ့် တပြည်ထောင်စနစ်ပဲ
ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေကိုလည်း အဆင့်တူထားပါတယ်။ ပြည်နယ်တွေကိုလည်း ဘာလုပ်ကိုင်ခွင့်မှ
မပေးထားပါဘူး။ ဒါကြောင့် တန်းတူရေးလည်း မရှိ။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်လည်း မရှိ။
ဒီမိုကရေစီဆိုတာက အဝေးကြီးပဲ ဖြစ်နေတယ်။ တိုင်းနဲ့ပြည်နယ်တွေမှာ ဝန်ကြီးချုပ်တွေ၊
ဝန်ကြီးတွေဆိုတာလည်း စစ်အုပ်စုက ကြိုတင်ပြင်ဆင်နေရာချထားသူတွေသာ နေရာရနေတာပါ။ စစ်တိုင်းမှူးတွေကလည်း
ဒေသန္တရစစ်ဘုရင်တွေပါ။ ဒါကြောင့် ဖက်ဒရယ်မူဆိုတာ အဝေးကြီးမှာပါ။
နိုင်ငံရေးအင်အားစုအားလုံး လွတ်လပ်စွာ စည်းရုံးခွင့် လွတ်လပ်စွား ဆန္ဒဖော်ထုတ်ခွင့်၊
လွတ်လပ်စွာ တန်းတူရည်တူ ဆက်ဆံခွင့်၊ မတူတဲ့အမြင်သဘောထားတွေကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်
စတဲ့ အခြေခံဒီမိုကရေစီ အခွင့်အရေးတွေရှိမှသာ အမျိုးသာစည်းလုံးညီညွတ်ရေး ရရှိနိုင်မှာဖြစ်တယ်။
အဲဒီအခွင့်အရေးတွေရရှိဖို့ ဆိုရင် ၂ဝဝဂ အခြေခံဥပဒေကို ပြင်ရမယ်။
တပြည်လုံး အပစ်အခတ်ရပ်စဲပြီး တန်းတူရည်တူရှိတဲ့ ရိုးသားပွင့်လင်းတဲ့
နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ဖို့ ဆိုရင် ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ရမယ်။ အပစ်အခတ်ရပ်စဲထားတဲ့
အဖွဲ့ တွေတရားဝင်နိုင်ငံရေး အဆင့်နေရာရရှိအောင် သူတို့ လက်နက်ကိုင် တပ်တွေ တရားဝင်နေရာရရှိအောင်
၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရပါမယ်။
တိုင်းရင်းသား အမျိုးသားလူနည်းစုတွေအတွက် တန်းတူရည်တူရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊
အခွင့်အရေးတွေ ရရှိဖို့ ဘဝအာမခံချက်ရှိဖို့  ၂ဝဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်။
ဖက်ဒရယ်ပြည်ထောင်စု ပုံစံ ထူထောင်ဖို့  ၂ဝဝဂ အခြေခံဥပဒေကို ပြင်ရမယ်။
အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသား ပြည်သူတွေ ဘဝအာမခံချက်ရှိဖို့  ၂ဝဝ၈ အခြေခံဥပဒေကို
ပြင်ရမယ်။
၂ဝဝ၈ အခြေခံဥပဒေကို လွှတ်တော်တွင်းနည်းနဲ့သာ ပြင်ဆင်ဖို့ ခက်ခဲနေရာင်
လွှတ်တော်ပြင်ပ အင်အားစုတွေရဲ့အားပါ ယူပြီး ဥပဒေဘောင်တွင်းမှာ ပြင်ဆင်နိုင်အောင် လုံးပန်းရပါမယ်။
အဲဒီလိုမှ ပြင်ဆင်လို့ မရရင်တော့ ၂ဝဝ၈ အခြေခံဥပဒေကိုတိုက်ဖျက်ရေးသာ
တခုတည်းသောနည်းလမ်း ဖြစ်ပါလိမ့်မယ်။
( ဇန်နဝါရီ ၁ရ၊ ၂ဝဝ၃ ပြည်သူ့ အရေးတော်ပုံဂျာနယ် တွဲ ၁၊ မှတ် ၁၁)
No comments:
Post a Comment