April 04, 2013

သွေးခွဲအုပ်ချုပ်ရေးမူနှင့် ကချင်လူမျိုးစုများ - အားဖူ

ဖီမော်၊ ဂေါလန်နှင့် ကန်ဖန် ဒေသမြေပုံ

အားဖူ

~~ ဖီးမော်ဒေကမှာ လီဆူလူငယ် ၁၀၀ ၀န်းကျင်ကို စစ်ရေးလေ့ကျင့် စေပြီး မကြာမှီလက်နက်များ တပ်ဆင်ပေးရန် ကာချုပ်မင်းအောင်လှိုင် ခွင့်ပြုခဲ့သည်၊ ကေအိုင်အေကိုဖြိုခွင်းရာတွင် တနည်းတဖုံအထောက်အကူ ရစေရန် ဤသို့ စီစဉ်နေခြင်းဖြစ်ကြောင်း~~

ဒီသတင်းကို JingphawKasa မှာကြားပြီးကတည်းက ကျနုပ်၏နီးစပ်ရာ လီဆူမိတ်ဆွေများကို မေးမြန်း စုံစမ်းခဲ့ပါတယ်~~
ထူးခြားတာက ကျနုပ်မေးသမျှ ၁၀ ယောက်မှာ ၉ယောက်က ဒီသတင်းကို မသိပါဘူး ~~ စိတ်လည်းမ၀င်စားဘူးသာ တုံ့ပြန်ခဲ့ပါတယ်~~နောက်ဆုံးတော့ စိတ်ချရတဲ့ အလွတ်တမ်းသတင်းထောက် တစ်ဦးဆီမှ လက်တွေ့ အဖြစ်မှန်ကိုကြားသိခဲ့ရပါတယ်~~ကြုံကြိုက်မှ တင်ပြမယ် လို့ဥထားပါသော်လည်း ဒီသတင်း နောက်ထပ်မကြားရတော့လို့ သိထားသလောက်ကို ရှယ်လိုက်ပါရစေ~~


ဖီးမော်ဒေသမှာ လီဆူတောသူဌေး “လာအားဆာ” ဆိုတာရှိပါတယ်၊ သူ့ရဲ့  မြန်မာရွှေကျားဆိုတဲ့ ကုမ္မဏီ အဲဒီဒေသမှာလုပ်ငန်းလုပ်နေပါတယ်အဲဒီဒေသ မှာ နယ်ခြားစောင့်လုပ်ဖူးခဲ့တဲ့ (NDA(K)/တစက) “အားတန်“ ခေါင်းဆောင်တဲ့ လက်နက်ကိုင်အဖွဲ့က ကြီးစိုးနေတာပါ၊ အဆိုပါ လီဆူတောသူဌေးရဲ့ လုပ်ငန်းတွေကိုလည်း မကြာခဏ တိုက်ခိုက်ခံနေရတယ်လို့ ဆိုပါတယ်၊၊ အဲဒီတော့ သူ့လုပ်ငန်းတွေကို ကာကွယ်ဖို့ လီဆူလူငယ်တစ်သိုက်ကို လူမိုက်မွေးစည်းရုံးပြီး “အားတန်” ရန်မှကာကွယ်ရန် အကြံရှိခဲ့တယ်လို့ဆိုပါတယ်၊၊ အဲဒီမှာသွေး ခွဲချင်နေတဲ့ ဗမာစစ်တပ်က လီဆူးပြည်သူ့စစ်ဖွဲ့ရန် တိုက်တွန်းခဲ့တာပါ

“လာအားဆာ” ဟာဖြင့်ရင် တပ်တစ်တပ်ကို သူတစ်ယောက်တည်း ထောက်ဖို့ မလွယ်မှန်းသိလာတာနဲ့ အစိုးရရဲ့ အကူအညီယူဖို့ ဆုံးဖြတ်ပြီး မြစ်ကြီးနားက လီဆူစာပေနှင့်ယဉ်ကျေးမှု လူကြီးတစ်ချို့ ကို စည်းရုံးသိမ်းသွင်းခဲ့တယ်လို့ ဆိုပါတယ်၊၊ ဒီနေရာမှာ လီဆူစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဆိုတာ ယဉ်ကျေးမှု အဖွဲ့ငယ်သာဖြစ်ပြီး ဒီလိုမျိုးအန္တရာယ်များတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပိုင်ခွင့်
မ၇ှိသူဖြစ်ပါတယ်၊ သူတို့တာဝန်လည်းမဟုတ်ပါဘူး၊၊ သူတို့နုတ်ဆိတ်နေခဲ့ခြင်း က “လာအားဆာ”အတွက် ခေါင်းညိတ်ခြင်းဖြစ်သွားခဲ့ပါတယ်၊၊ လီဆူလူမျိုးသဘောထား မပါပဲနှင့် အများပိုင်း သိတောင်မသိရပဲနှင့်---

“လီဆူပြည်သူ့စစ်” ဖွဲ့စည်းလိုက်ပါတယ် ဒီဖြစ်စဉ်ကိုတော့ jingphawkasa မှာ ဖတ်ရှုနိုင်ပါတယ် ၂ဝ၁ဝ တုန်းက ပူတာအိုကိုသွားပြီး ဦးသိန်းစိန်ကိုယ်တိုင် သွေးခွဲသွေးထိုးခဲ့တဲ့ ဇာတ်လမ်းနောက်ခံတွေ ရှိခဲ့ပါသေးတယ် ဒီမှာဖတ်လို့ ရပါတယ် http://burmese.kachinnews.com/news/179----.html

ကျနုပ်က စာရင်းအင်းပညာတတ်လည်းမဟုတ်ပါဘူး အတိအကျပြောလို့မရပေမယ့် ကျုပ်မေးတဲ့ လီဆူ အများစုကတော့ ဒီသတင်းကို မသိကြတာ အမှန်ပါပဲ၊၊ ဒီအကြောင်းကို ပြောပြသွားတဲ့ သတင်းထောက်ကတော့ သူ့ရဲ့  သုံးသပ်ချက်ကို အခုလိုပဲ ပြောသွားခဲ့ပါတယ်၊၊

”ဒီကိစ္စဟာ သိပ်ပြီး အန္တရာယ်များတဲ့ ကိစ္စဖြစ်ပါတယ်၊ ဒီလူ ၁ဝဝ ဦးရဲ့ ပေါက်တတ်ကရလုပ်ရပ်ကြောင့် ငါတို့ ကချင်တွေကြား သွေးကွဲဖို့ ဖြစ်လာနိုင်ပါတယ်၊ ကချင်ဆိုတာ တစ်ခုတည်းရှိတာပါ၊ ဒီမျိုးစိတ် ၇ မျိုးဟာလည်း ဘာပြဿနာမှမရှိဘဲ ညီအစ်ကိုလို နေလာခဲ့တာ၊ ဗမာနဲ့တူတာ တစ်ခုမှမရှိသလို အားလုံးဟာလည်း တစ်နယ်ထဲက ဆင်းလာတဲ့ သူတွေပါ~~ ဗမာမြှောက်ပေးတိုင်းလုပ်ရအောင် ဗမာနဲ့ အဝေးကြီးပါ~~ သူဟာအမြတ်ထုတ်ဖို့ ကြံစည်နေတာ~~“

ကျန်ုပ်၏သုံးသပ်ချက်ကတော့

“ဗမာသွေးခွဲတာကို နားမယောင်သင့်ကြောင်း၊ နယ်ခြားစောင့်ဆိုတာဗမာစစ်ခွေး ထမင်းကို စောင့်ပေးရတဲ့ ခွေးသာသာဖြစ်ကြောင်း၊ကိုယ့်စီးပွားရေးကို ခုတုံးလုပ်ပြီး လူမျိုးတစ်မျိုးကို ဒုက္ခေ၇ာက်စေသော “လာအားဆာ“ ၏လုပ်ရပ်ကို လီဆူများ ထိထိရောက်ရောက်ရှုံ့ချသင့်ကြောင်း၊ အကယ်၍ သူ့စီးပွားအကျိုးကာကွယ်ဖို့ မဖြစ်မနေလုပ်သည်ဆိုလျှင်ပင် “လီဆူ” ဟူသော နာမည်ကို အလွဲသုံးစားမလုပ်ပဲ ”ဖီးမော်ဒေသပြည်သူ့စစ်သော်လည်းကောင်း၊ မြန်မာရွှေကျား စစ်တပ်သော် လည်းကောင်း ဖြစ်သင့်ကြောင်းကို“ ရင်ဘတ်နှင့် မှတ်ချက်ရေးလိုက်ရပါသည်၊


(စာရေးသူ - အားဖူခွင့်ပြုချက်ဖြင့် ပြန်လည်မျှဝေပါသည်။)

No comments:

Post a Comment