April 07, 2013

မြန်မာတံငါသည် ၈ ဦး သေဆုံးမှုနဲ့  စွပ်စွဲခံရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ တရားရင်ဆိုင်ရမည်


The Jakarta Post 
 Apr 6, 13 

 အင်ဒိုနီးရှား ထိန်းသိမ်းရေးစခန်း မြန်မာတံငါသည် ၈ ဦး သေ ပြီး နှစ်ဘက်ထိခိုက်ဒဏ်ရာရတဲ့ ကိစ္စ ဘာသာရေးနဲ့ မဆိုင်ဘဲ အဆိုပါ မြန်မာတံခါးသည်များက ရိုဟင်ဂျာ အမျိုးသမီးတဦးကို မဖွယ်မရာပြုမူ မှုကြောင့် အချင်းများရာမှ ရန်ပွဲစတင်ဖြစ်ပွားခဲ့ရကြောင်း ဂျာကာတာပိုစ့်ကပြောပါတယ်။

ကနေဦး သတင်းများအရ မြန်မာပြည်ရှိ မွတ်ဆလင် - ဗုဒ္ဓဘာသာ ပဋိပက္ခကြောင့် အချင်းများသည်ဆိုသည်မှာ မမှန်ကြောင်းလည်း သိရတယ်။

 အင်ဒိုနီးရှား နယ်ကမြေခံ ရဲပြောရေးဆိုခွင့်ရှိသူ ရဲမှုး ဟယ်ရူ ပါရာကိုဆို က " စွပ်စွဲခံ မူဆလင် ရိုဟင်ဂျာများတွေကို စုပေါင်း ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့် နှိပ်စက်ကလူပြုမှုတို့နဲ့ တရားစွဲထားကြောင်း၊ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် အများဆုံး ၁၂ နှစ်ကျနိုင်ကြောင်း" ဆိုပါတယ်။ မူဆလင် ရိုဟင်ဂျာ ဒုက္ခသည်တွေက အဖိနှိပ်ခံမြန်မာနိင်ငံကနေ ထွက်ပြေးတိမ်းရှောင် လာပြီး အင်ဒိုနီးရှားမှာ လာရောက် ခိုလှုံခွင့် တောင်းခံနေတဲ့သူတွေ ဖြစ်တယ်။ တံခါသည်များကတော့ တရားမဝင် ငါးခိုးဖမ်းမှုနဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့သူတွေ ဖြစ်တယ်လို ဆိုပါတယ်။

 (ဂျာကာတာပို့စ်ပါ သတင်းကို မူရင်းအတိုင်း အင်ဂွန်ဂျာဝါ ပြန်ဆိုသည်။)



No comments:

Post a Comment