July 23, 2013

ကချင်ပြည်နယ် ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် နည်းလမ်းသစ်

ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းရန်အစပြုနေပြီဖြစ်သည်။ လူနည်းစု တိုင်းရင်းသားလက်နက်ကိုင်များ ဘာကြောင့် လက်နက်ကိုင်တော်လှန်နေကြပါသနည်း..မေးခွန်း၏အဖြေမှာ - လူကိုလူလို တန်ဘိုးထားသည့် ဆက်ဆံမှု ဖြစ်ပါသည်။ ကချင်ပြည်နယ် KIA ကို လူလူချင်းတန်းတူဆက်ဆံရန်၊ နိုင်ငံရေး၊စီးပွားရေး စသည်တို့တွင် အခွင့်ရေးအနည်းဆုံး ကချင်ပြည်နယ်အတွက်၂၀%မျှခွဲဝေသုံးစွဲရန် မြန်မာအစိုးရတွင် အစီအစဉ်မရှိနိုင်သေးပါ။ ဆက်လက်ဆွေးနွေး ညှိနှိုင်းရပါမည်။ ကချင်ပြည်နယ်အတွက် လမ်းတံတား၊လျှပ်စစ်၊မီးရထားလမ်း တကယ်လုပ်မဲ့ ပရိုဂျက် ပြပါ။ ကချင်ပြည်နယ်မှာ စီးပွားရေးကို KIA အတွက် တန်းတူနီးပါးအခွင့်ရေးပေးမှဲိ့အစီအစဉ်များရှိပါသလား။ မြစ်ကြီးနားမြို့ လျှပ်စစ်ကို KIA ဘူးဂါးစီးပွားရေးအဖွဲ့က ဓါတ်အားပေးထားခြင်း၊ မြစ်ကြီးနားမြို့ လမ်းမကြီးများကို KIA လမ်းအဖွဲ့များက လပ်စားမှုနည်းပါးစွာဖြင့် အမျိုးသားစိတ်ဓါတ်ဖြင့် ဆောက်လုပ်ပေးခြင်းများကို မမေ့သင့်ပါ။

 အပြောကောင်းပြီး၊ လက်တွေ့မရှိသည့် လက်နက်စွန့်ခိုင်းရန်မရပါ။ M16, AK47 သေနပ်တစ်လက်နှင့်ကျည်ဆံများကို ကျပ်၁၀သိန်းပေးပြီး၊ ၀ယ်လို့ရပါသည်။ ထို့ကြောင့် လက်နက်စွန့်ပြီး သူပုန်များ ယခုလက်နက်ပြန်ကိုင်သွားကြခြင်းဖြစ်သည်။ လက်နက်အားကိုးနည်းမှာ ယခုခေတ်စနစ်တွင်အသုံးမ၀င်တော့ပါ။ ကာကွယ်ရေးအသုံးစရိတ် ရှိနေဦးမည်ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်များအတွက် လက်နက်များကို ၀ယ်ယူပံ့ပိုးပေးလိုက်သည်က နှစ်ဦးနှစ်ဖက် ပိုမိုယုံကြည်မှုရှိလာမည်လောဟု စဉ်းစားနေမိပါသည်။

 Eleven Media မှသတင်းဖြစ်ပါသည်။ ကြိုဆိုပါ၏။
 လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့တို့ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ Myanmar Peace Center တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။
 လွှတ်တော်အဖွဲ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့်တည် ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အေင်ဆန်းစုကြည်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို စသည်တို့ ပါဝင်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် သမ္မတရုံးဘပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အပါအ၀င် တာဝန်ရှိသူများ ပါဝင်ခဲ့ကြသည်။

သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်သည့် လွှတ်တော်အဖွဲ့နှင့် ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့တို့ ရန်ကုန်မြို့၌ တွေ့ဆုံ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအတွက် နိုင်ငံတကာ အကူအညီများ မရရှိသေးကြောင်း ရှင်းပြခဲ့သည်။
Ngunjawa (2)

No comments:

Post a Comment