July 24, 2013

ခြစားမှုတိုက်ဖျက်ရေး (သန့်ရှင်းသောအစိုးရ) - Education & Health government staff expense

  ခြစားမှုတိုက်ဖျက်ရေး (သန့်ရှင်းသောအစိုးရ)

သမ္မတအကြံပေး ဒေါက်တာဦးမြင့်၏  Corruption Paper  စာတမ်းတွင် ခေါင်မိုးမှစတင်တိုက်ဖျက်၊  Fry a big fish ဟု ရေးထားပါသည်။ ၂နှစ်ကြာခဲ့ပါပြီ။ ယခု၂၀၁၃ တွင် တော်တော်လေး အောင်မြင်လာတာ တွေ့ရပါသည်။ အခွန်ကောက်စနစ်မှာ ခြစားမှု၈၀% ပြည်ပအ၀င်အထွက်ဂိတ်များနဲ့ကုမ္ပဏီကြီး ၅၀၀ ခန့်ကို  ပရိုဖက်ရှင်နယ် Audit  များနှင့်ရအောင် အခွန်ကောက်ရန်၊ အခွန်ရှောင်ပါက ကြီးမားသော ဒဏ်ငွေဆောင်စေရန် ဖြစ်သည်။ အခွန်ကောက်မှုကို စနစ်တကျဆောင်ရွက်ခြင်း အရှိန်ရလာပါသည်။ လူကောင်းများကို ခန့်ပြီး၊ လေ့ကျင့်ထားနိုင်ဖို့ နှစ်နဲ့ချီပြီးလုပ်ရပါသည်။ မလွယ်ပါ။

အခွန်ပြီးရင် ဒုတိယအနေနဲ့ အခွန်ငွေသုံးစွဲမဲ့ဌာနကြီးတွေမှာ ခြစားမှုနည်းအောင်လုပ်ရပါမယ်။ အခွန်သုံးဌာနများက ၀န်ကြီးဌာနအားလုံးပါ။ သို့သော် ခြစားမှုစနစ်ကို တိုက်ဖြက်ဖို့ဆိုရင် လူများများ (၀န်ထမ်းများများ) ရှိတဲ့ ၀န်ကြီးဌာနတွေကို ဦးစားပေးရပါမယ်။ ကာကွယ်ရေးဝန်ကြီးဌာန (စစ်သည် ၄သိန်း)၊ ပညာရေးဝန်ကြီးဌာန (ဆရာ/မ) ၃သိန်း၂သောင်း၊ ကျန်းမာရေး ဆရာ/မ - ၅သောင်း (ပဂ္ဂလိကဆေးရုံ၊ သ/မ ဆေးခန်းများပေါင်းလျှင် တစ်သိန်းခွဲခန့် ရှိနိုင်မည်)။ ထိုလူများအတွက် အခြေခံစားဝတ်နေရေးအတွက် ဘတ်ဂျတ်မြှင့်တင်ပေးရပါမည်။

ငွေပေးနည်း (လစာတိုးပေးနည်း) မထိရောက်ပါ။

အစိုးရ၀န်ထမ်းများကို အခြေခံစားဝတ်နေရေး အဆင်ပြေအောင်လုပ်ပေးခြင်းသည်၊ ခြစားမှုတိုက်ဖြတ်ခြင်းဖြစ်သည်။ အစိုရအရာရှိကြီး အများစုသည် ခြအကြီးစားကြီးများဖြစ်သည်။ ထိုခြအကြီးစားကြီးများ၊ ရပ်တန်းက မရပ်ပဲ ဆက်လက်ကျူးလွန်နေသူများကို တာဝန်မှဖယ်ရှားရုံမက၊ အရေးယူပြီး၊ သူတို့ပိုင်ဆိုင်မှုများကို သိမ်းဆည်းနေပါသည်။ ဥပမာ..ဆက်သွယ်ရေးဝန်ကြီးဌာန၊ အကောက်ခွန်ဝန်ကြီးဌာန....။

မြန်မာပြည်ရောက်သွားပြီး အခြေခံလူတန်းစားတွေကို လေ့လာရုံမက၊ စာလည်းရေးနိုင်သော အင်္ဂလန်မှ ဒေါ်ခင်မမမျိုး  မြန်မာပြည်၊ ကလေးသူငယ်များ၊ ကျောင်းမတတ်နိုင်၊ လဘက်ရည်ဆိုင်း တလ ကျပ်၂သောင်းဖြင့် အလုပ်လုပ်ရင်း ပညာသင်သော၊ ပြင်ပကျောင်းကို ရန်ကုန်တွင်လေ့လာပြီး၊ ရွံနွံထဲသွားရင်း လဲကျ၊ တကိုယ်လုံးနာ၊ ရင်နင့်ဘွယ်ရကိုမြင်ရပြီး၊ ရင်နာစွာ ရေးထားသော ဆောင်းပါးကို ဖတ်ရသည်။ လေးစားပါသည်။  ကျေးဇူးတင်ပါသည်။
 
ခရိုနီ၊မိုနိုပိုလီအစိုးရ
ကျန်ုပ်လည်းရင်နာပါသည်။  မျက်ရည်လည်းကျပါသည်။ ဘာကြောင့် ဒါလောက်တောင် စိတ်ပျော့ရသလဲ ..မိမိကိုယ် မကျေနပ်ပါ။ တောင်ကိုးရီးယားက Homeless Boy  youtube ဗွီဒီယိုကြည့်တော့လည်း မျက်ရည်ကျပါသည်။ မင်္ဂလာဒုံလေဆိပ် လဘက်ရည်ဆိုင်တွင် ၁၆နှစ်အရွယ် စားပွဲထိုးကို အင်တာဗျူးသောအခါ လစာ၂သောင်းနှင့်၊ နေစရိတ်၊စားစရိတ်ငြိမ်း၊ အဆင်ပြေသည်ဟု ပြောသည်။ ဒီဆိုင်မှာ အလုပ်လုပ်တာ ဘယ်လောက်ကြာပြီလဲ..ဟုမေးသောအခါ ၁၀နှစ်ရှိပြီ ..ဟူသော အဖြေစကားကြောင့် မျက်လုံးပြူးမိသည်။ သြော်ဒီကလေး ၆နှစ်သားကတည်းက စားပွဲထိုးလုပ်နေပါလား။ လဘက်ရည်ဆိုင်မှာ ကျောင်းစာသင်ပေးသောကြောင့် စာရေး၊စာဖတ် တတ်သည်ဟု ဆိုသည်။ ရန်ကုန်မြို့ပေါ်မှာပင် ဤမျှဖြစ်နေလျှင် တောင်သူလယ်သမား သားသမီးများအဖို့ မလွယ်လှပါ။ စင်ကာပူ Herris Pye ဆိုသော သင်္ဘောဘွိုင်လာလုပ်ငန်း အင်္ဂလိပ်ကုမ္မဏီတွင် မြန်မာအလုပ်သမား ၁၀၀ခန့်နှင့် အတူလိုပ်ကိုင်ဖူးသည်။ ၇၅ရာနှုန်းသည် လယ်သမား၊ သားသမီးများဖြစ်သည်။ မိဘက ပွဲစားခပေးပြီး နိုင်ငံခြားလွှတ်လိုက်သောကြောင့် စင်ကာပူရောက်လာကြသည်။ ပွဲစားခ မပေးနိုင်သော လယ်သူရင်းငှား သားသမီးများမှ မလေးရှား၊ ထိုင်း ရွှေ့ပြောင်းအလုပ်သမားအဖြစ် လုပ်ကိုင်နေရသည်။ တောင်သူလယ်သမားများအဖို့ ၀င်ငွေနည်းသည့်အပြင် လယ်မြေသိမ်းမှုများကြောင့် လူငယ်များ လယ်မလုပ်လိုတော့ဟု ဆိုသည်။ လူကြီးများသာ လယ်လုပ်နေကြသည်။ တောင်သူလယ်သမား သားသမီးများ ပညာမသင်နိုင်ပဲ လေလွင့်နေသည်မှာ ၀မ်းနည်းစရာဖြစ်သည်။ မိမိနိုင်ငံသား သားသမီးငယ်များ ဖြစ်ပျက်နေပုံမှာ ၀မ်းနည်းစရာဖြစ်သည်။

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုက ရုန့်ကြမ်းတဲ့ Homeless နံနံစော်စော်တွေ ရိက္ခာရဖို့ လုပြီးတန်းစီနေတာတွေ့ စဉ်က  မျက်ရည်မကျခဲ့ပါ။ သူတို့က အခမဲ့ပညာသင်ခွင့်၊ အခမဲ့စားသောက်ခွင့်တွေ ရပြီး ၀၀ဖြိုးဖြိုးတွေပါ။ ထိုသို့သော လူများအတွက် မျက်ရည်ကျစရာမရှိ၊ အာဖရိကမရောက်ဖူးပေသော်လည်း ဆရာမြတ်ဖေ၀င်း၏ အာဖရိကမစ်ရှင်ခရီး ကွန်ဂို (ယခင် ဇိုင်ယာ စစ်အာဏာရှင်စနစ်) အကြောင်း သူ့၏စာအုပ်တွင် ဖတ်ဖူးသည်။ တိုင်းပြည်သည် သယံဇာတအလွန်ကြွယ်ဝပြီး၊ ယခင်ပြင်သစ်ကိုလိုနီဘ၀က အာဖရိကတွင် တောင်အာဖရိကပြီး ဒုတိယအချမ်းသာဆုံး နိုင်ငံဖြစ်ခဲ့သည်။ ယခုအခါ သယံဇာတကြိမ်စာပြောရမည်လား...။ စစ်အာဏာရှင် မိုဘူတု အနှစ်၂၀ ကျော်အုပ်ချုပ်ပြီးနောက် စားစရာပင်မရှိသောကြောင့် သစ်ဥ၊သစ်ဖုများ တူးပြီးစားရသည့် အခြေအနေရောက်ခဲ့သည်။ စစ်အာဏာရှင်နိုင်ငံသားများ ဘ၀ဖြစ်သည်။အာဖရိကစစ်အာဏာရှင်ခမြာ တိုင်းရင်းသားတပ်များက ၀ိုင်ဝန်းတိုက်ခိုက်သောကြောင့် စစ်ရှုံး၊ အသက်ပျောက်ရသည်။ ကွန်ဂိုနိုင်ငံတွင် စစ်အာဏာရှင်ကို တော်လှန်ခဲ့သည်။ အသစ်တက်လာသော စစ်ဗိုလ်က ၁၀နှစ်အကြာ၊ သူ့၏သားက အာဏာရလာပြန်သည်။ စစ်အာဏာ ကြိမ်စာမလွတ်နိုင်ပါ။ တိုင်းပြည်၏ ၈၅%သည် ခရစ်ယာန်များဖြစ်သော်လည်း ခရိုနီအာဏာရှင်များကြီးစိုးသော ဇိုင်ယာနိုင်ငံဖြစ်သည်။ ယခု  မြန်မာပြည်သည် အာဖရိက ကွန်ဂိုနိုင်ငံနီးပါး စစ်အာဏာရှင်အောက်မှာ မွဲတေသွားခဲ့သည်။  မြန်မာနိုင်ငံလည်း ကွန်ဂိုနိုင်ငံအခြေအနေ ရောက်လုနီးနီးက အခုပြန်လည်ရုန်းထွက်နိုင်ပါသည်။ ဗုဒ္ဓဘာသာများဖြစ်ပြီး ခရိုနီအာဏာရှင်များ ကြီးစိုးသော မြန်မာနိုင်ငံအဖြစ်မခံလိုပါ။

စစ်အာဏာရှင်စနစ်မှာ ခရိုနီစနစ်သို့၊ ရောက်သွားသည်။ ခရိုနီစနစ်မှလွတ်ရန်မှာ သန့်ရှင်းအစိုးရဖြစ်ဖို့ ခေါင်းဆောင်များ သန့်ရှင်းရပါမည်။ ခေါင်းဆောင်ပိုင်း မိသားစုများအတွက် သင့်တင့်သော လစာ၊စရိတ်၊ဆေးကုသမှုများ ပံ့ပိုးရန်အတွက်၊ ကျန်ုပ်တာဝန်မဟုတ်ပါ။ အစိုးရတွင် တိကျသော ဥပဒေ၊ အာမခံများ ရှိရပါမည်။ ၀န်ကြီးလစာ ၆သိန်း (US$ 600) ဟု ၀န်ကြီးဦးစိုးသိန်းက ပြောပါသည်။ သိန်း၆၀ခန့် ထောက်ပံ့ကြေး ပေးရသင့်ပါသည်။
 

 
ဝန်ထမ်းများ သန့်ရှင်းအစိုးရ
သမ္မတဦးသိန်းစိန်က သန့်ရှင်းအစိုးရဖြစ်အောင် ခြစားမှုတွေတိုက်ဖျက်နေပါ
သည်။  စစ်အာဏာရှင်များကြောင့် ခြစားစနစ်ကြီး အကောင်ထည်ပေါ်လာပြီး၊ ကမ္ဘာ့ ခြအစားဆုံးအဖြစ် ဆင်းရဲမွဲတေသွားရခြင်းဖြစ်ပါသည်။ 

ကျနော်ရဲ့ ခံယူချက်ကတော့ ခြစားမှုတိုက်ဖျက်ဖို့
၁။ အခွန်အပြည့်ဝရရေး  (4% မှ 15% အထိ tax to GDP ကို ၂နှစ်အတွင်းလုပ်ရပါမည်။)
  လေဆိပ်နဲ့သင်္ဘောဆိပ်တွေမှာတော့ အောင်မြင်ခဲ့ပါပြီ။ နောက်တဆင့် ကုမဏီအကြီးစားများကို Auditor ကောင်းကောင်းနဲ့ အခွန်ကောက်ဖို့ လုပ်ရပါမယ်။ လူ ၅၀၀၀ အထက်ခန့်ထားတဲ့ ကုမဏီပေါင်း ၅၀၀လောက်ပဲ ရှိပါ
သည်။  အဲဒီကုမဏီတွေကို အခွန်ကောက်ပြီးတာ Jurun 80:20 rules အရ အခွန်အားလုံးရဲ့ ၈၀% ကို ရမယ်ဖြစ်ပါသည်။ 
၂။ နောက်တဆင့်က သိပ်ခက်ပါ
သည်။  အခွန်ငွေကို ခွဲဝေသုံးစွဲဖို့ဖြစ်ပါသည်။  ကာကွယ်ရေးက ၃၀% အထက် သုံးနေပါသည်။ သုံးနေဆဲပါ။ ရုရှား၊ယူကရိန်းကို စစ်ပညာတော်သင်တွေ အများကြီးလွှတ်ပြီး၊ သူတို့ဆီက လက်နက်ကြီး၊ငယ်အားလုံး ၀ယ်နေရပါသည်။  အခု သမ္မတဦးသိန်းစိန် ပြင်သစ်ကိုရောက်တော့ ပြင်သစ်အစိုးရက လက်နက်၊ မီးရက်ဂ်ျလေယဉ်အပြင် အနုမြူဓါတ်ပေါင်းဖိုပါ အကြွေးရောင်းဖို့ လုပ်ပါမည်။ ကာ/ချုပ်ကတော့ ၀ယ်ချင်မှာပါ။ သမ္မတဦးသိန်းစိန်က ၀ယ်လိုမည်မဟုတ်ပါ။ ဒုတိယ ငွေအသုံးများဆုံးဝန်ကြီးဌာန ပညာရေးဖြစ်ပါသည်။  လွှတ်တော်အမျိုးသားစီမံကိန်း အစီရင်ခံစာမှ ၀န်ထမ်းအရေတွက်ကို ကြည့်လျှင်

စစ်သည်တော် ၄သိန်း (မိသားစု ၁၂သိန်း)
ကျောင်းဆရာ/မပေါင်း
   မူလတန်း - ၁၈၄၄၆၅ (တသိန်း၈သောင်း)
   အလယ်တန်း - ၆၈၁၀၈
   အထက်တန်း - ၂၇၃၁၁
   စက်မှုအထက်တန်း - ၁၀၁၃
   စိုက်ပျိုးသိပံ္ပ - ၂၄၀
   GIT - ၂၃၈၈
   သူနာပြုအတတ်သင် - ၂၂၇
   တက္ကသိုလ်များ - ၂၆၂၄၂  (၁၅၉ခု)

ကျန်းမာရေး
   ဆရာဝန်ပေါင်း (အစိုးရ) - ၁၁၉၇၃
   သွားဆရာဝန် - ၈၈၀
   ကျန်းမာရေးမှုး - ၁၉၅၂
   ကျန်းမာရေးဆရာမ၊ သွားဘက်သူနာပြု၊ ၄၀၀၀ခန့်
   သူနာပြုဆရာမပေါင်း - ၁၈၀၅၀

အထက်ပါ အရောအတွက်ဟာ နိုင်ငံဝန်ထမ်းချည်းဖြစ်ပါတယ်။ ပုဂ္ဂလိကနဲ့သမ၀ါယမ ၀န်ထမ်းတွေပေါင်းရင် ၂ဆ အရေတွက်များပါ
သည်။ 

သူတို့အတွက် လစာ ဘယ်လောက်ပေးတယ်ထင်ပါသလဲ။ ဆရာဝန်မှ ကျပ်တစ်သိန်းတောင် လစာမရပါ။

ထို ကျောင်းနှင့်ဆေး ဆရာ/ဆရာမ များမှာ လူများပေးကမ်းတဲ့ငွေကို ရပါ
သည်။  သွယ်ဝိုက်တဲ့နည်း၊ သမာဇီဝ လပ်စားမှုလို့ ခေါ်ရမည်။

ပညာရေးနဲ့ကျန်းမာရေးကို ဘတ်ဂျတ်တိုးမြင့်မည်ဆိုပါက အကောင်းဆုံးနည်းမှာ လစာရင်း မတိုးရင်နေပါ။ ထောက်ပုံကြေး (အိမ်၊၀တ်စုံ စရိတ်ဆိုပြီး တစ်လ ၅သောင်းကနေ တစ်သိန်းအထိ) ရာထူးအလိုက် လုပ်ဆောင်ပေးဖို့ဖြစ်ပါတယ်။

မြန်မာပြည်ဟာ ပညာရေး၊ ကျန်းမာရေး သုံးငွေ ရာနှုန်း ကမ္ဘာ့အနိုမ့်ဆုံးမှာ ပါဝင်ပါ
သည်။  

အခြားဝန်ကြီးဌာနများ အသုံးစရိတ်ကို ဘယ်လိုရှာမည်နည်း? သူတို့တွင် ကိုယ်ပိုင်ဝင်ငွေ၊ အခွန်ကောက်ငွေများရှိပါသည်။ ဥပမာ စက်မှုဝန်ကြီးဌာနတွင် စက်ရုံများကို စစ်ဆေးရေး၊ မှတ်ပုံတင်ရေးအတွက် ၀န်ထမ်းများသည် လပ်စားနေကြသည်ဖြစ်သည်။ သိပ်များများစားစား မဟုတ်ပါ။ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ အားလုံးတွင် ၀န်ထမ်းများသည် တရားမ၀င် အခွန်များကောက်ပြီး ဂိတ်ကြေးကောက်သည့်နည်း ရှိပါသည်။ အဆိုးဆုံးမှ ပြည်သူ့ရဲ ဆိုသည်မှာ အလွန်ဆိုးပါသည်။ ပြည်သူ့ရဲများ စားဝတ်နေရေး လုံလောက်ရန်လည်း အရေးကြီးလှပါသည်။

အသုံးစရိတ်၊ ဘတ်ဂျတ်လေ့လာခြင်း
သုံချပ်တွက်နည်း၊ သင်္ချာနည်းကို သုံးကြည့်လျှင် ၀န်ထမ်းအများဆုံးရှိသော စစ်တပ်၊ ကျောင်းဆရာ/မ၊ ဆေးဆရာ/မ၊ ရဲဝန်ထမ်း စုစုပေါင်းလူဦးရေမှာ ၈သိန်းခန့်ရှိမည်။ ထိုသူများ၏ မိသားစု စားဝတ်နေရေးအတွက် တစ်ယောက်လျှင် ကျပ်၃သိန်း (ကန်ဒေါ်လာ ၅၀၀ခန့်) အသုံးပြုပါက လောက်ငှသည်ဟု ယူဆပါသည်။ တစ်နှစ်လျှပ် ကန်ဒေါ်လာ ခြောက်ထောင် နိုင်ငံတော်မှအကုန်ကျခံရပါမည်။ ခြစားမှုကာကွယ်ရေးအတွက် ပွင့်လင်းစွာ အကုန်ကျခံပေးရပါမယ်။ သို့မဟုတ်ပါက ခြစားမှုအတွက် ၀န်ထမ်းများကို အရေးယူရခက်နေဦးမည်ဖြစ်သည်။ ထို အရေးကြီးသောဝန်ထမ်းများကို လစာတိုးမပေးပဲ၊ အခွင့်ရေး Benefits များ ဖန်တီးပေးခြင်းဖြင့် ၀န်ထမ်း၈သိန်းအတွက် တစ်နှစ်လျှင့် 800000 x US$500 = US$ 4.8 billion ကုန်ကျမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိ GDP သည် US$ 60 billion ဆိုပါက အိမ်နီးချင်းနိုင်ငံများကဲ့သို့  tax 15% ကောက်နိုင်လျှင် ၀န်ထမ်း ၈သိန်းအတွက် လစာ၊စရိတ် US$ 4.8 billion ကို သုံးနိုင်ပါသည်။ စစ်သား ၄သိန်းကို နှုတ်လိုက်ပါက ပညာရေး၊ကျန်းမာရေး ၀န်ထမ်း  ၄သိန်းစရိတ်မှာ US$ 2.4 billion မျှသာ ကျသင့်မည်ဖြစ်သည်။
ဝန်ထမ်းတစ်ဦးလစာ

သို့သော် လက်ရှိအခြေအနေမှာ ကာကွယ်ရေး၊ ပညာရေး၊ ကျန်မာရေး ၀န်ထမ်း ၈သိန်းအတွက် US$ 4.8 billion per year (Theory Value) သုံးရန်မှာ ခက်ခဲ့နေပါသည်။ ဌေးဝင်းနိုင် (ဤကမ္ဘာကိုတရုပ်တို့ကြီးစိုးသောအခါဝယ်) စာအုပ်ဘာသာပြန်သူ ရေးသားချက်အရ၊ မြန်မာနိုင်ငံသည် ကာကွယ်ရေးအသုံးစရိတ် US$ 1.1 billion per year ဟုဆိုသည်။ စစ်သားများ လစာနှင့်စရိတ်မဟုတ်နိုင်ပါ။ စစ်သားမိသားစုများ အလွန်ဆင်းရဲသည်ဟု သိရပါသည်။ ပုသိမ်မှ မူလတန်းကျောင်းဆရာမတစ်ဦး သူမယောင်္ကျား စစ်မှုထမ်းရာ မြန်မာနယ်စပ်မြို့သို့ ကျောင်းပိတ်သောအခါ ၂လ လိုက်သွားခဲ့သည်။ သူမပြောကြားချက်အရာ စစ်သားမိသားစု အိမ်ထောင်ရှင်မများသည် သူမထံသို့ တပ်ရိက္ခာထုတ်မပေးခင် ဆီတစ်ဇွန်း၊ ဆန်၂ဗူး၊ စသဖြင့် လာရောက်ချေးငှားသုံးစွဲကြသည်ဟု ဆိုသည်။ သို့ဆိုလျှင် စစ်အသုံးစရိတ် US$5 billion per year မှာ ဘယ်နေရာမှာသုံးကြသနည်း။ Good Question ဖြစ်သည်။ ကချင်ပြည်နယ်စစ်ပွဲတွင် မော်တာကျည်ဆံ တစ်လုံးသည် ဒေါ်လာ ၅၀၀ခန့် တန်သည်ဟု ဆိုသည်။ ကျည်တစ်တောင့်သည် တစ်ဒေါ်လာကျော် တန်သည်ဟု ဆိုသည်။ ဗုံးများ၊ ကျည်ဆံများ ဒလဟောသုံးခဲ့ကြသည်။ ၂၀၁၃ စာရင်းဇယားများအရ မြန်မာပြည်တွင် အခွန်ကောက်ငွေ tax income US$ 5 billion ရခဲ့သည်။ စစ်အသုံးစရိတ် US$ 1.1 blllion (22% of tax income) နှင့် ပညာရေးအသုံးစရိတ် US$ 0.25 billion (5% of tax income) သုံးသည်ဟု ဆိုသည်။
 
နိဂုံး (သန့်ရှင်းအစိုရ)
မည်သို့ပင်ဖြစ်စေ ယခုအခါ အခွန်ခြစားမှုများကို တိုက်ဖျက်နိုင်လာသောကြောင့် 2013 တွင် tax income ၂ဆ US$ 10 billion ရလာမည်ဖြစ်သည်။ ပညာရေးစရိတ်ကို ပိုမိုသုံးမည်ဖြစ်သည်။ စစ်အသုံးစရိတ်ကို လျှော့ချရန် စစ်သားများအတွက် ဦးပိုင် စက်ရုံ၊ အလုပ်ရုံ ၀န်ထမ်းများအဖြစ် ပြောင်းလဲမည်ဟု မျှော်လင့်သည်။ ထိုလုပ်ဆောင်ချက်များသည် သမ္မတဦးသိန်းစိန်အစိုးရ လုပ်နေသော ပြုပြင်ပြောင်းလဲမှုမှာ ခြစားမှုတိုက်ဖြတ်ရေး (သန့်ရှင်းအစိုးရဖြစ်ရေး) ဖြစ်ပါ
သည်။  မိုးမခစာမျက်နှာမှ သန်းဝင်းလှိုင် ဆောင်းပါးအရ၊ လွှတ်တော် ကာ/လုံ ၁၁ဦးတွင် ၉ဦးမှာ စစ်ဗိုလ်ချုပ်များ (သို့မဟုတ်) စစ်ဗိုလ်ချုပ်ဟောင်းများ ဖြစ်နေသည်။ အရေးကြီးသော တိုင်းရင်းသားငြိမ်းချမ်းရေးကော်မရှင် ၁၁ဦးတွင် ၉ဦးမှာ စစ်ဗိုလ်အမျိုးနွယ်များပင်ဖြစ်နေသည်။ အာဏာကို စစ်ဗိုလ်အမျိုးနွယ်များသာ ချုပ်ကိုင်ထားသော်လည်း တိုင်းပြည်အကျိုးသည်ပိုးသော အမေရိကန်စစ်ဗိုလ်ချုပ် ဂျော့ဝါရှင်တန်၊ အိုက်ဆင်ဟောင်ဝါ တို့ကဲ့သို့ မြင့်မြတ်သော စိတ်ရှိသူများဖြစ်စေလိုပါသည်။ သမ္မတဦးသိန်းစိန် အင်္ဂလန်တွင် ၁၇-ဇူလိုင်-၂၀၁၃ ပြောစကားအတိုင်း နောက်ကြောင်းပြန်သွားလိုသူများကို အမှန်တကယ်ဖယ်ရှားရမည်ဖြစ်သည်။

ခေါင်မိုးမှစတင်တိုက်ဖျက်၊  Fry a big fish ဆိုသည့်အတိုင်း၊ ရေတိုအတွက် ထပ်ပိုင်းအရာရှိကြီးများ အရေးကြီးပါသည်။ ယခုဖတ်နေသူသည် ထိပ်ပိုင်းအရာရှိကြီး၏ ဇနီး၊သားသမီးများဖြစ်ပါက ဘခင်ဖြစ်သူကို လောဘမကြီးရန် ပြောရပါမည်။ ရေရှည်အတွက် ပညာရေးနှင့်ကျန်မာရေးမှာ ခြစားမှုများကို ကွင်းဆင်းလေ့လာလျှင် ရင်နာရုံမက နှလုံးသားပါ နာကျင်သွားပြီး၊ ကျွန်တော် နှလုံးရောဂါရသွားမှာတောင် စိုးပါသည်။  အမိုးအရင်ဖြိုသောနည်းကို ဦးသိန်းစိန်အစိုးရ လုပ်နေပါသည်။  ဦးရွှေမန်း နှင့် သူ့မိသားစု၊  စီးပွားရေးလောကမှ တဖြေးဖြေး ထွက်ခွာသွားခြင်းကို  ကျေးဇူးတင်၊ ကြိုဆိုရမည် ဖြစ်ပါသည်။

ဝတ်မှုန် (၀န်ထမ်းဟောင်းတစ်ဦး)

No comments:

Post a Comment