November 28, 2011

ကချင်ပြည်နှင့်ဟီလာရီကလင်တန် နိုဝင်ဘာ၃၀ မြန်မာပြည်ခရီး - မျှော်လင့်ချက်

မြန်မာနိုင်ငံ ပြည်တွင်းမှ Weekly Eleven ဂျာနယ်မှ သတင်းဓါတ်ပုံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘာလီအာစီယံခေါင်းဆောင်များ တွေ့ဆုံပွဲမှ အမေရိကန်သမ္မတ အိုဘားမားနဲ့မြန်မာသမ္မတဦးသိန်းစိန် ၂ယောက်ရဲ့ ဓါတ်ပုံကို ဖေါ်ပြထားပါတယ်။ မြန်မာပြည်အစိုးရက တရုပ်အကြီးဆုံးရင်းနှီးမှု မြစ်ဆုံစီမံကိန်းကို ရွှေ့ဆိုင်း (ဖျက်သိမ်း)လိုက်ခြင်းဟာ နောက်ကထောက်ခံသူမရှိပဲ မလုပ်ရဲပါဘူး။ နောက်ခံကတော့ အာစီယံ၊ ရုရှား၊ ဂျပန်၊ အီးယူ လုံးဝမဖြစ်နိုင်ပါဘူ။ အရှေ့တောင်အာရှမှာ လေယာဉ်တင်သင်္ဘောကြီးနဲ့ ရှိနေတဲ့ အမေရိကန်ပဲ ဖြစ်နိုင်ခြေရှိပါတယ်။ အမေရိကန်သဌေးကြီးများလည်း ကလင်တွန်နဲ့အတူ မြန်မာပြည်ကိုပါလာတော့မယ်ဖြစ်ပါတယ်။ မြန်မာပြည်ပေါက် အမေရိကန်သဌေးကြီးများကတော့ ဒေါ်လာငွေသန်းပေါင်းများစွာ မြန်မာပြည်တွင်းမှာ စီးပွားရေးလုပ်ငန်းတွေမှာ (ဘလက်မားကက်) နည်းနဲ့ ရင်းနှီးမြုတ်နှံထားပြီးတဲ့ အခြေအနေမှာရှိပါတယ်။ ကလင်တွန်လာရောက်ခြင်းဟာ တရားဝင်ရင်းနှီးဖို့ ယုံကြည်မှုတည်ဆောက်ရန်ဖြစ်မှာပါ။

လောလောဆယ်တော့ ကုမ္ပဏီများဟာ မြန်မာအစိုးရအပေါ် လုံးဝမယုံကြည်နိုင်ပါဘူး။ အချိန်မရွေး ရင်းနှီးငွေတွေကို လပ်စားမှုမှာ အထိပ်ထွဋ်ဖြစ်တဲ့ မြန်မာဘိန်းဘုရင်၊ စစ်ဘုရင်များကို လုံးဝမယုံနိုင်ပါဘူး။ စစ်ရေးအရ အမေရိကန်က မြန်မာအစိုးရအပေါ် တစုံတခုချုပ်ကိုင်မှ အမေရိကန်ငွေများ ရင်းနှီးမှု အမေရိကန်ငွေကြေးရှင်များနဲ့ အာစီယံ၊ ဂျပန်၊ အီးယူကုမ္ပဏီများက ရမ်းကားခဲ့တဲ့ မြန်မာအစိုးရကို ယုံကြည်နိုင်မှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားဝန်ကြီး ကလင်တွန်ခရီးစဉ်က ကျွန်တော်တို့ကချင်ပြည်နယ်မှာ နေထိုင်သူများအတွက် ဒီ ဘိန်းဘုရင်ဟောင်း၊ စစ်ဘုရင်ဟောင်း (လက်နက်ကိုင်အားလုံး) ရဲ့ ကြီးစိုးမှုက လွတ်ရန် မျှော်လင့်ပါတယ်။

Mrs Clinton visit to Burma - we hope, our Kachin State public to escape from drug lord & military ex-leaders suppression.

အင်ဂွန်ဂျာဝါ(၂)

No comments:

Post a Comment