November 20, 2011

စကားလုံးလှလှများဖြင့် ဒီမိုကရေစီနိုင်ငံတော်သို့

အင်ဂွန်ဂျာဝါ(၃)
နာဂစ်ဖွဲ့စည်းပုံအရတက်လာတဲ့ သိန်းစိန်အစိုးရကတော့ဖြင့် ယုံကြည်ချက်ကြောင့် ဆိုတာတောင် ကျွန်တော်တို့ကလက်မခံဘူး တဲ့။ သမ္မတရဲ့ပြောပြချက်ကြောင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားသူတွေဟာ ကိုယ်ချင်းမစာ သူတွေဖြစ်သွားပါလား။ အခြေအနေ အချိန်အခါ ကြည့်ပြီးမှ လုပ်သွားမယ်တဲ့ ဘယ်လိုအခြေအနေတွေလဲ ကိုယ့်နိုင်ငံသားတွေကို ဓားစာခံလို သဘောထားပြီး ပြည်ပနိုင်ငံတွေရဲ့အာရုံစိုက်ဖို့ ဖိအားတွေလျော့ဖို့လား။

တဖွဲ့ချင်းခွဲထုတ်ဖို့ဆွေးနွေးမယ်ပြောတဲ့ သမ္မတရဲ့ဖြေရှင်းချက်က ရှေ့နောက်မညီနေပါဘူး။ သူ့ရဲ့လူကြိုက်များတဲ့ မိန့်ခွန်းလဲဖြစ် သူအင်မတန်ကြိုက်တဲ့ စကားလုံးလဲဖြစ်တဲ့ မတူတာတွေဘေးဖယ်ပြီး တိုင်းပြည်အကျိုးစည်းပွားအတွက်ဘုံတူညီတာတွေနဲ့လုပ်ချင်တယ် တဖွဖွပြောနေပေမယ့် ဓလေ့ထုံးစံတွေ၊လိုအင်ဆန္ဒတွေမတူလို့ မလုပ်ဘူးဆိုတာတော့ စဉ်းစားစရာပါပဲ။ အရင်တုန်းကတောင်လုပ်နိုင်ခဲ့ရင် ဘာလို့အခုကောမလုပ်နိုင်ရမှာလဲ။ တိုင်းရင်း အားလုံးရဲ့ဆန္ဒဖြစ်တဲ့ နိုင်ငံတော် လုံခြုံပြီး တည်ငြိမ်အေးချမ်းဖို့ တိုင်းရင်းသားတွေကို တဖွဲ့ကိုအပစ်ရပ်ပြီး တဖွဲကို ဇွတ်တိုက်နေရင်တော့ ဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်ပါဘူး။
ဒီမိုကရေစီ ဖော်ဆောင်ဖို့ ကိုပြောနေတဲ့ သမ္မတက ဒီမိုကရေစီရဲ့အခြေခံ တခုဖြစ်တဲ့ Civil participation ကို မျက်ကွယ်ပြုခဲ့တယ်။ KSPP ကို မှတ်ပုံတင်မပေးခဲ့ဘူး။ သမ္မဖြစ်လာပြီး မတူကွဲပြားမှုကိုတွေဖယ်ပြီး တူတာတွေနဲ့ လုပ်ဆောင် သွားမယ်လို့ ပြောတုန်းက အားတက်ခဲ့ပေမယ့် လက်တွေ့မှာ အဲဒီ လုပ်ဆောင်ချက်တွေဟာ အစိုးရသစ်ရဲ့တရားဝင်ရေးကိုသာ အသားပေးခဲ့တယ် ဆိုတာသိတာ လွန်းလှပါတယ်။ အစိုးရနဲ့ မတူကွဲပြား တာဟာ NLD တခုတည်းမဟုတ်ပါဘူး။ တိုင်းရင်းသား အဖွဲ့တွေအများကြီး ကျန်ပါသေးတယ်။

ပြီးတော့ နိုင်ငံရေး တည်ငြိမ်မှုသက်သက် အတွက် အပစ်ရပ်ထားရုံမရပါဘူး။ အနှစ်၂၀နီးပါး အပစ်ရပ်ထားရုံး သက်သက်ဖြင့် စစ်မှန်သော နိုင်ငံရေးဆွေးနွေးမှုများ မပြုလုပ်ခဲ့သောကြောင့် ယခုကဲသို့ ၉၀မတိုင်မှီ အခြေအနေပြန်ရောက်ရခြင်းကို သတိပြုရပါမယ်။

ဦးနု လက်ထက်မှသည် သမိုင်းတလျှောက် လှပတဲ့စကားလုံးတွေနဲ့ နှစ်သိမ့်ခဲ့တာတွေ ရပ်တန့်ပြီး အမှန်တကယ် ဖော်ဆောင်သင့်ပါပြီ။ ၉၄ အပစ်ရပ်ပြီး ကချင်ပြည်မှ ထွက်သော ကျောက်စိမ်းများမှ ဒေါ်လာသန်းပေါင်း များစွာ ရရှိခဲ့သော်လည်း ဖားကန့်လမ်းမှာ နိုင်ငံတော်နဲ့ အကျိုးတူ ဆိုတဲ့ ကုမ္မဏီကြီးတွေကြောင့် ပိုလို့တောင် ဆိုးတာလာကို ဒေသခံတိုင်း ညည်းညူနေကြတယ်။
အစိုးရသစ်မှ မတူကွဲပြား သူများနဲ့ နိုင်ငံတော်အကျိုး အတွက် ပူးပေါင်းဆောင်ရွှက်သွားမယ်ဆိုတာ အစိုးရ တရားဝင်ရုံအတွက် ဒေါ်စု တဦးတည်းနဲ့သာတွေ့ပြီး နိုင်ငံအတွင်းရှိတိုင်းရင်းသားအဖွဲ့တွေကို ချန်ထားရင်တော့ ရွှေပြည်တော်မျှော်တိုင်းဝေးရတော့မှာပေါ့...... The End..

No comments:

Post a Comment